အပတ်စဉ် ဂန္ထဝင်ဗေဒင် ( ဖေဖော်ဝါရီ ၁၁ ရက်မှ ဖေဖော်ဝါရီ ၁၇ ရက်နေ့အထိ )

blank

တနင်္လာသားသမီး

ဒီတစ်ပတ်အစမှာ ငွေဝင်ဖို့ ကြန့်ကြာတဲ့ ပြဿနာတွေနဲ့ ကြုံရတတ်ပြီး ဒီတစ်ပတ်အတွင်းမှာပဲ ပြန်အဆင်ပြေသွားပါလိမ့်မယ်။ ကိစ္စတိုင်းမှာ သင့်အတွေ့အကြုံကို အသုံးချဖြေရှင်းခြင်းဖြင့် ပြေလည်ပါလိမ့်မယ်။ မိသားစုဝင်ထဲမှ အကြီးအကဲတစ်ယောက်ရဲ့ကျန်းမာရေးအတွက် ပြုစုပေးရလို့ အရင်ကထက် ပိုပင်ပန်းရတတ်ပါတယ်။ အချစ်ရေးမှာ သင့်သဘောကျဖြစ်နေပါလိမ့်မယ်။

ယတြာ- မွေးနေ့နံနက်မှာ ခိုစာကျွေးပါ။ 

အင်္ဂါသားသမီး

ဒီတစ်ပတ်မှာ အတိတ်က လုပ်ခဲ့မိတဲ့အမှားတစ်ခုကြောင့် စိတ်ရှုပ်ရတတ်ပါတယ်။ ဘယ်ပြဿနာကိုမဆို ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ စိတ်အေးအေးထားပါ။ အချစ်ရေးမှာ သင့်ချစ်သူရဲ့စကားတွေ၊ အပြုအမူတွေကို လျစ်လျူရှုမိတာကြောင့် သေသေချာချာစေ့စပ်ညှိနှိုင်းမှ အဆင်ပြေပါလိမ့်မယ်။

ယတြာ- ဘိုးဘွားရိပ်သာတစ်ခုမှာ ဆန်ပြုတ်ဒါနပြုပါ။

ဗုဒ္ဓဟူးသားသမီး

ဒီတစ်ပတ်အတွင်းမှာ အမှန်နဲ့အမှားကြား ဝေခွဲရခက်နေတတ်ပါတယ်။ ဖြေရှင်းရခက်တဲ့ ပြဿနာတွေအတွက် စည်းကမ်းတွေ သတ်မှတ်ဖြေရှင်းခြင်းဖြင့် ပြေလည်သွားတတ်ပါတယ်။ သင်လေးစားတန်ဖိုးထားရသူတွေကို လျစ်လျူမရှုဘဲ ဂရုစိုက်ပေးရပါလိမ့်မယ်။ အချစ်ရေးကံကောင်းနေပါတယ်။

ယတြာ- အလှူအိမ်မှာ လုပ်အားပေးပါ။

ကြာသပတေးသားသမီး

သင့်ရဲ့ပျင်းရိတတ်တဲ့အကျင့်ကြောင့် အလုပ်ကိစ္စအချို့ နောက်ကျနေတတ်ပါတယ်။ ဒါကြောင့် အာရုံစူးစိုက်ပြီး ကြိုးစားမှ အဆင်ပြေပါလိမ့်မယ်။ အလုပ်မှာ အသစ်အဆန်းတွေကို သင်ကိုယ်တိုင်ရှာဖွေပြောင်းလဲခြင်းဖြင့် အောင်မြင်ပါလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ သင့်ရဲ့အကောင်းဆုံးကြိုးစားမှုကြောင့် အဆင်ပြေချောမွေ့နေပါလိမ့်မယ်။

ယတြာ- တောင်ပေါ်ဘုရားတစ်ဆူမှာ ရေမွေးပန်းကပ်လှူပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သောကြာသားသမီး

ဒီတစ်ပတ်မှာ သင့်လျှို့ဝှက်ချက်တွေကို တတ်နိုင်သမျှ ဘယ်သူမှမပြောဘဲ ထိန်းထားမှ စိတ်သက်သာရာရပါလိမ့်မယ်။ သင့်ရဲ့စိတ်ဆတ်တဲ့အပြုအမူကြောင့် အခြားသူတွေနဲ့ အချိန်တိုင်း ငြင်းခုန်နေရတတ်ပါတယ်။ သင့်ဘဝအတွက် အရေးကြီးတာတွေ အောင်မြင်ဖို့ ပြောင်းလဲမှုတွေကနေ စရပါလိမ့်မယ်။ အချစ်ရေးမှာ ဒေါသကို ရှေ့တန်းမတင်သင့်ပါဘူး။

ယတြာ- ဘုရား၊ တန်ဆောင်းတွေမှာ သန့်ရှင်းရေးလုပ်ပါ။

စနေသားသမီး

ဒီတစ်ပတ်မှာ အပျက်အစီးကြီးကြီးမားမားကြုံရနိုင်ခြေ ရှိတာကြောင့် သင့်အစွမ်းအစအားလုံး စိုက်ထုတ်ဖြေရှင်းရပါလိမ့်မယ်။ သင့်ရဲ့အတွေးလွန်အကျင့်ကို ဖျောက်မှ စိတ်အေးရပါလိမ့်မယ်။ အရင်ကချထားတဲ့ ရည်မှန်းချက်တွေအတိုင်း လုပ်ဆောင်ပြီး အောင်မြင်မှုရတတ်ပါတယ်။ အချစ်ရေးပြဿနာတွေကို မျက်နှာချင်းဆိုင်ပွင့်ပွင့်လင်းလင်း ဖွင့်ဟဖြေရှင်းမှ ရှေ့ဆက်ဖို့ အဆင်ပြေပါလိမ့်မယ်။

ယတြာ- ဘုရားကျောင်းကန်တွေမှာ သောက်ရေဖြည့်ပေးပါ။

တနင်္ဂနွေသားသမီး

ဒီတစ်ပတ်မှာ မလိုအပ်ဘဲ တာဝန်ယူမိတာကြောင့် ငွေရေးကြေးရေးပြဿနာအချို့ ကြုံရပါလိမ့်မယ်။ ဒါပေမဲ့ သင့်ရဲ့ရိုးသားမှုကြောင့် ပြန်အဆင်ပြေသွားတတ်ပါတယ်။ ပြဿနာတွေ ဖြေရှင်းတဲ့အခါ အတွေ့အကြုံရှိသူတစ်ယောက်ရဲ့ အကူအညီပါမှ လွယ်ကူပါလိမ့်မယ်။ သင့်ရဲ့မပြောရဲမဆိုရဲအကျင့်ကြောင့် အချို့ကိစ္စတွေမှာ အဖြေရှာဖို့ ရှည်ကြာနေတတ်ပါတယ်။

ယတြာ- မွေးနေ့မှာ ပဌာန်းရွတ်ပါ။