အကိုက်အခဲပျောက်ဆေးသောက်တဲ့အခါ လူအများစု ပြုလုပ်မိလေ့ရှိတဲ့ အမှားများ

blank

           အကိုက်အခဲပျောက်ဆေးဆိုတာ လူအတော်များများအတွက် တခြားဆေးတွေထက် ပိုရင်းနှီး တဲ့ ဆေးဝါးတစ်မျိုးလို့တောင် ဆိုနိုင်ပါတယ်။ လူတိုင်းရဲ့ဘဝမှာ အနည်းဆုံးတော့ ခေါင်းကိုက်ဖူးကြပါ တယ်။ ကိုက်ခဲပြီဆိုကတည်းက ပုံမှန်သွားလာလှုပ်ရှားဖို့ရာ အဆင်မပြေတော့တဲ့အတွက် အကိုက်အခဲ ပျောက်ဆေးကို ရှာဖွေမှီဝဲကြရပါတယ်။ အဲ့ဒီအခါ အောက်ပါအမှားတွေကို ပြုလုပ်မိကြပါတော့တယ်။

၁။ “တစ်လုံးတည်းတောင် သက်သာတာ၊ နှစ်လုံးသောက်ရင် ပိုသက်သာမှာပဲ” လို့တွေးတာ။      

ဆေးတွေမှာ သူ့အရွယ်အစား၊ ပမာဏကိုယ်စီရှိတာကြောင့် ဆရာဝန်ညွှန်ကြားချက်နဲ့မဟုတ် ဘဲ လိုတာထက်ပိုသောက်ရင် ကျန်းမာရေးထိခိုက်စေပါတယ်။

၂။ တွဲသောက်လို့ရမရ မစစ်ဆေးဘဲ တခြားဆေးနဲ့တွဲသောက်တာ။

အကိုက်အခဲပျောက်ဆေးနဲ့တွဲသောက်ရင် ဆိုးကျိုးဖြစ်စေတဲ့ ဆေးဝါးတွေ ရှိပါတယ်။ ဒါကြောင့် တွဲသောက်မယ်ဆိုရင် ဆရာဝန်ကို အရင်မေးသင့်ပါတယ်။

၃။ ဆေးကို ကိုယ့်သဘောနဲ့ကိုယ် တစ်ဝက်ခြမ်းပြီး သောက်တာ။

ပုံမှန်ဆေးတောင့်တွေဆိုရင် အညီအမျှခွဲတာသိပ်မဆိုးပေမဲ့ အထဲကအမှုန့်ပါတဲ့ ဆေးတောင့် ကို ကိုယ့်သဘောနဲ့ကိုယ်ခွဲသောက်ရင်တော့ ဆေးအာနိသင်ကိုလည်း ရရှိမှာမဟုတ်ပါဘူး။

၎။ ဆေးသောက်ပြီး ကားမောင်းတာ။

ဆေးသောက်ပြီးကားမောင်းရင် ငိုက်မြည်းစေတာကြောင့် အန္တရာယ်ရှိပါတယ်။

၅။ သိမ်းဆည်းထားတာကြာတဲ့ ဆေးအဟောင်းတွေကို သောက်တာ။

ဆေးတိုင်းမှာ ကုန်ဆုံးရက်သတ်မှတ်ချက်တွေရှိပါတယ်။ ရက်လွန်ဆေးဝါးတွေကို နှမြောမ နေဘဲ လွှင့်ပစ်သင့်ပါတယ်။

၆။ သူများသောက်တဲ့ပမာဏအတိုင်း လိုက်သောက်တာ။  

တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက် ဝေဒနာမတူသလို၊ လိုအပ်တဲ့ ဆေးဝါးပမာဏ လည်း မတူပါဘူး။ သူများတွေသောက်တဲ့ပမာဏအတိုင်း လိုက်မသောက်သင့်ပါဘူး။

၇။ အစားမစားခင် သောက်ရမလား၊ စားပြီးသောက်ရမလားဆိုတာ မလေ့လာဘဲသောက်တာ။

တကယ်တော့ အကိုက်အခဲပျောက်ဆေးကို အစာစားပြီးမှ သောက်သင့်ပါတယ်။

၈။ ဆေးကို သူ့အချိန်နဲ့သူမခြားဘဲ ကိုယ့်စိတ်ကူးနဲ့ကိုယ် သောက်တာ။   

တစ်နေ့တာလိုအပ်တဲ့ပမာဏကို သူ့အညွှန်းအတိုင်း အချိန်မှန်သောက်ပေးတာက အထိ ရောက်ဆုံးပါပဲ။

ကဲ… သင်ကော အကိုက်အခဲပျောက်ဆေးသောက်ရင် ဘယ်လိုသောက်ဖြစ်လဲ။

စာချစ်သူများကျန်းမာရေးဗဟုသုတရစေဖို့ ဂန္ထဝင်မဂ္ဂဇင်းနဲ့ အကိုက်အခဲပျောက်ဆေး Dolfenal တို့မှ ပူးပေါင်းတင်ဆက်ပေးထားပါတယ်။