အမြန်ဆုံးတုပ်ကွေးမိအောင် ဘယ်လိုလုပ်ရမလဲ။

blank

တုပ်ကွေးရာသီရောက်လာတဲ့အခါမှာ လူတွေအားလုံးနီးပါး တုပ်ကွေးမိနေကြတဲ့အချိန်မှာ သင့်အနေနဲ့ တုပ်ကွေးမိစေနိုင်တဲ့နည်းလမ်းလေးတွေကို သိလိုပါသလား။ အမြန်ဆုံးတုပ်ကွေးမိနိုင်မယ့် နည်းလမ်းလေးတွေကတော့….

  • တုပ်ကွေးရာသီမှာ ပါးစပ်နဲ့ နှာခေါင်းကို မဖုံးအုပ်ဘဲ လူထူထပ်တဲ့နေရာတွေကို များများသွားပါ။
  • အပြင်ကပြန်လာပြီးတိုင်း၊ ဖုန်းတွေ၊ လက်ပ်တော့ပ်တွေ၊ ATM စက်တွေကိုင်ပြီးတိုင်း လက်မဆေးဘဲနေပါ။
  • နှာချေ၊ချောင်းဆိုးတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကို မဖုံးအုပ်ပါနဲ့။
  • အေးစက်နေတဲ့ ကြမ်းပြင်ပေါ်ကို ဖိနပ်မပါဘဲ လျှောက်သွားပါ။
  • ဆေးရုံ၊ ဆေးခန်းတွေနဲ့ လူနာတွေဆီက ပြန်လာတဲ့အခါ အဝတ်အစားမလဲဘဲ အိပ်ယာဝင်ပါ။
  • ဂိမ်းတွေ ဖေ့စ်ဘွတ်ခ် တွေ များများသုံးပြီး အိပ်ရေးပျက်ခံပါ။ စိတ်ဖိစီးစေမယ့်အရာတွေကို များများတွေးပါ။
  • သန့်ရှင်းလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေ မစားပါနဲ့။ အသင့်စားအစာတွေ၊ ယင်နားစာတွေ များများစားပါ။

စာချစ်သူတို့ရေ….။

အထက်ပါအချက်လေးတွေကို ဖတ်ပြီး တုပ်ကွေးမိစေတဲ့ နည်းလမ်းကို ဘယ်သူကများသိချင်မှာလဲလို့ တွေးနေတယ်ဟုတ်။ တကယ်တော့ လူတိုင်းလူတိုင်းက အနာရောဂါကင်းပြီး သာယာပျော်ရွှင်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်ချင်ကြတာချည်းပါပဲ။

ဒါ့ကြောင့် တုပ်ကွေးအလွယ်တကူမိစေတဲ့ အပေါ်က အချက်တွေကို လုံးဝလုံးဝမလုပ်ပါနဲ့။ တုပ်ကွေးဝင်လာခဲ့ရင်လည်း ပိန်းကြာရွက်ပေါ် ရေမတင်သလို ပျောက်ကင်းသက်သာစေတဲ့ Decolgen (အအေးမိဝေဒနာအကြွင်းမဲ့ပျောက်ဆေး) ကို ဆောင်ထားဖို့လည်း မမေ့ပါနဲ့။