မောင်ခေါင်းကိုက်တာ ကျွန်မကြောင့် မဟုတ်ပါ။

blank

မောင်ရေ…

အရင်တုန်းကတော့ “ ဆိုးတာလေးကို ချစ်တာ” ဆိုပြီး အခုကျမှ “ ချစ် ခဏခဏဆိုးနေလို့ မောင်ခေါင်းကိုက်တယ်” တဲ့လား။ တကယ်တမ်းက မောင့်ကိုယ်မောင် သတိမထားမိလို့ပါနော်။ ကျွန်မ က လိမ္မာပါတယ်။ မောင့်စကားလည်း နားထောင်ပါတယ်။ မိန်းမသားဖြစ်တော့ ကိုယ်ချစ်တဲ့သူကို စိတ် လေးနည်းနည်းကောက်မိတာ အပြစ်လားဟင်။

အမှန်က မောင့်ကို ခေါင်းကိုက်စေတဲ့တရားခံက ကျွန်မမဟုတ်ပါဘူး။

မောင်က တစ်နေကုန်လည်း ရုံးမှာ ကွန်ပျူတာတစ်လုံးနဲ့ အလုပ်ရှုပ်တယ်။ အလုပ်မှာ လူပေါင်း စုံနဲ့ ပြောဆိုဆက်ဆံရတဲ့အတွက် စိတ်ဖိစီးမှုတွေရှိတယ်။ အိမ်ကို ပြန်လာတော့လည်း အလုပ်ကြိုးစား လွန်းတဲ့မောင်က အနား မယူဘဲ ဖုန်းတစ်လုံးနဲ့ အီးမေးလ်အဝင်အထွက်တွေစစ်ရင်း အာရုံစူးစိုက်တဲ့ အလုပ်တွေ ဆက်လုပ်ပြန်တယ်လေ။ တစ်ခါတလေများဆို ထမင်းမေ့၊ ဟင်းမေ့က နေတတ်သေးတာ။ ညနေခင်းမှအတူရှိခွင့်ရတာမို့ လမ်းအတူလျှောက်ရအောင်လို့ ခေါ်တော့လည်း မောင်က အလုပ်တွေ ကို နောက်ဆံတင်းပြီး ခေါ်မရဘူး။ “ အိမ်မှာပဲ နားနားနေနေ တီဗွီလေးကြည့်ပါလား ချစ်ရယ်” တဲ့။ ဒီ တော့ ကျွန်မစိတ်ကောက်ပြီပေါ့။ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်တဲ့ မောင်လည်း ခေါင်းကိုက်ပြီလေ။  ည လည်း ခေါင်းကိုက်၊ မနက်လင်းလာရင်လည်း ခေါင်းကိုက်၊ အလုပ်ထဲမှာလည်း ခေါင်းကိုက်နေရပြီ။

တကယ်တော့ ခေါင်းကိုက်စေတဲ့အကြောင်းရင်းတွေထဲမှာ…

  • စိတ်ဖိစီးမှုများတာ
  • အချိန်ပြည့်အာရုံစူးစိုက်မှုများနေတာ
  • အချိန်မှန်မစားတာ
  • အရက်သောက်တာ
  • နိုက်ထရိတ်ပါဝင်တဲ့ ရယ်ဒီမိတ်အစားအစာတွေစားတာ
  • အိပ်စက်ချိန်နည်းတာ
  • ဖြောင့်ဖြောင့်မတ်မတ်မထိုင်တာ

တွေလည်းပါတယ်ဆိုတာ မောင်သိရဲ့လား။ ဒါကြောင့် မိသားစုအတွက် အလုပ်ကြိုးစားတာ လည်း ကြိုးစားပါ မောင်ရေ။ အနားယူချိန်လည်း အနားယူပါ။ အိပ်ရေးဝဝအိပ်စက်ပါ။ အားကစား လုပ်ပါ။ ပြီးတော့ ခေါင်းကိုက်တဲ့အခါ ကျွန်မတိုက်တဲ့ အကိုက်အခဲပျောက်ဆေး Biogesic လေး ကိုလည်း သောက်ပါလို့။ အဲ့ဒါဆိုရင် ကျွန်မကြောင့် မောင် ခေါင်းကိုက်စရာမလိုတော့သလို ကျွန်မ ကလည်း မောင့်အတွက် စိတ်မပူရတော့ဘူးပေါ့။

ကဲ… နောက်တစ်ခါဆို မောင်ခေါင်းကိုက်တာ ကျွန်မကြောင့်လို့ မပြောနဲ့တော့နော်။

စာချစ်သူများကျန်းမာရေးဗဟုသုတရစေဖို့ ဂန္ထဝင်မဂ္ဂဇင်းနဲ့ Biogesic တို့မှ ပူးပေါင်းတင်ဆက် ထားပါတယ်။