ရာသီကာလကို ခါးကိုက်ခြင်းကင်းဝေးပြီး အပြုံးနဲ့ဖြတ်ကျော်နိုင်စေဖို့…

blank

မိန်းမသားတို့ရေ…

ရာသီစက်ဝန်းအချိန်ရောက်ခါနီးပြီဆိုရင် ကိုယ်က မေ့နေပေမဲ့ ကြုံနေကျဝေဒနာလေးတွေက ကိုယ့်ကိုမမေ့ဘဲ သတိလာပေးကြတာကို ပျိုမေအတော်များများကြုံဖူးကြမှာပါနော်။ အထူးသဖြင့် ခါး အောက်ပိုင်းတဝိုက် နာကျင်ကိုက်ခဲလာတာက အဆိုးဆုံးပါပဲ။ ထိုင်မရထမရနဲ့ နာကျင်ကိုက်ခဲနေတာ ကြောင့် ဝေဒနာတစ်ဖက်နဲ့ အလုပ်လုပ်ရတာလည်း စိတ်ညစ်စရာပါ။

         ရာသီလာချိန်မှာ ခါးနားတဝိုက်အဲ့ဒီလို နာကျင်ကိုက်ခဲတာဟာ ဘာကြောင့်ပါလဲ။

တကယ်တော့ ရာသီလာခါနီးနဲ့ ရာသီလာနေစဉ်အချိန်အတွင်း ခါးတွေ ကိုက်တာဟာ ဟော် မုန်းပြောင်းလဲမှုတွေကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် သားအိမ်နံရံမှာရှိတဲ့ ကြွက်သားတွေ ကျုံ့သွားတဲ့အ တွက်လည်း နောက်ကျောနာတာ၊ ဗိုက်နာတာ၊ ခါးကိုက်တာတွေကို ခံစားကြရပါတယ်။ ဓမ္မတာဆိုတာ တစ်လတစ်ခါကိစ္စမို့ အမြဲကြုံနေကြရတဲ့ မိန်းမသားတွေအဖို့ ကျော်ဖြတ်ဖို့မလွယ်ကူလှပါဘူး။ ဒါ ကြောင့် ရာသီလာချိန်မှာ ခါးကိုက်ဝေဒနာသက်သာစေဖို့ နည်းလမ်းလေးတချို့ကို ဝေမျှပေးချင်ပါ တယ်။

  • လေ့ကျင့်ခန်းလုပ်ပါ။
  • ကိုက်ခဲနေတဲ့ ခါးနားတဝိုက်ကို ရေနွေးအိတ်ကပ်ပေးပါ။
  • Chamomile tea သောက်ပါ။
  • ဗီတာမင် D ဓာတ်ဖြည့်တင်းပါ။
  • အကိုက်အခဲပျောက်ဆေးသောက်ပါ။

နည်းလမ်းလေးတွေက အိမ်မှာအလွယ်တကူပြုလုပ်နိုင်တာကြောင့် ပျိုမေတို့အတွက်တော့ အ သုံးတည့်စေမှာပါ။ ဝေဒနာကင်းစင်တဲ့ ရာသီကာလလေးတွေကို ကြုံရပြီဆိုရင် ဂန္ထဝင်ပျိုမေတို့လည်း ပြုံးပျော်နိုင်ပြီပေါ့။

စာချစ်သူမိန်းမသားတို့ကျန်းမာရေးဗဟုသုတရစေဖို့ ဂန္ထဝင်နဲ့ Dolfenal အကိုက်အခဲပျောက်ဆေးတို့မှ ပူးပေါင်းတင်ဆက်ထားတာဖြစ်ပါတယ်။