၂ဝ၁၉ မှာ ပိုချစ်စေချင်ရင် စိန်တစ်ပွင့်တော့ ဆင်ပေးပါ ကိုကို

blank

ကိုကိုရေ…

ရစ်တတ်တဲ့သဲကြောင့် စိတ်ညစ်နေပြီလား။ ခဏခဏဖျားတတ်တဲ့ သဲကြောင့် ကိုကိုတစ်ယောက် အမြဲပူပင်နေရလား။ အလုပ်မှာအဆင်မပြေ မိသားစုတွေနဲ့ ကတောက်ကဆတွေဖြစ်တိုင်း ကိုကို့ကိုရှာကြံရစ်နေတာတွေကြောင့် သဲကိုစိတ်ကုန်နေပြီလား။ အရစ်သန်တဲ့ သဲအကျင့် မကောင်းမှန်းသိသိနဲ့ မပြင်နိုင်ဖြစ်နေတဲ့အတွက် ကိုကို့ကိုသိပ်ကိုအားနာရပါတယ်။ သဲကိုချစ်ခဲ့မိလို့ ကိုကိုနောင်တရနေပြီလား။

၂ဝ၁၉ မှာ ကိုကို့ကို မရစ်တော့ဘဲ ပိုချစ်စေမယ့် ဆေးတစ်ခုကို သဲတွေ့ထားတယ်။ ဟိုတစ်နေ့က google ဝင်မွှေရင်း စိန်ရဲ့ အကျိုးကျေးဇူးလေးတွေတွေ့တယ်။ စိန်ပွင့်လေးတွေဟာ မိန်းကလေးတွေအတွက် အကောင်းဆုံးအဖော်တဲ့။ မိန်းကလေးတစ်ယောက် ဘဝနေ့ရက်တွေကို ယုံကြည်မှုရှိရှိနဲ့ ဖြတ်သန်းနိုင်ဖို့နဲ့ ကျန်းမာရေးကောင်းမွန်စေဖို့ အများကြီးအထောက်အကူပြုနိုင်ပါတယ်။ တကယ်တော့ မိန်းကလေးတွေမှ မဟုတ်ပါဘူး။

စိန်ပွင့်လေးတွေမှာ ကျန်းမာရေးကောင်းကျိုးလေးတွေ အများကြီးရှိနေပါတယ်။ စိန်ထည်လေးတွေ ဝတ်ဆင်ခြင်းအားဖြင့်…။
• စီးပွားလာဘ်လာဘတွေကောင်းမွန်စေတယ်။
• စိတ်ကိုကြည်လင်စေပြီး စိတ်ဓာတ်ကိုသန်မာစေတယ်။
• အချစ်ခရီးအတွက် ချိုမြိန်တဲ့ အမှတ်တရတွေကို ဖန်တီးနိုင်စေတယ်။
• ကင်ဆာဆဲလ်တွေကို တိုက်ဖြတ်ပေးနိုင်တဲ့ T-cells တွေကို တိုးမြှင့်ပေးနိုင်တယ်။
• စိတ်ဖိစီးမှုတွေ၊ စိတ်မတည်ငြိမ်မှုတွေကို လျော့ကျစေတယ်။
• အဲလ်ဇိုင်းမားနဲ့ ဒိုင်မန်းရှားရောဂါတွေကို ကုသနိုင်စွမ်းရှိတယ်။
• ဆီးလမ်းကြောင်းဆိုင်ရာရောဂါတွေ၊ မျိုးပွားအင်္ဂါနဲ့ဆိုင်တဲ့ရောဂါတွေကို ကုသနိုင်စွမ်းရှိတယ်။
• သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတယ်တဲ့ ကိုကိုရေ။

ဒါ့ကြောင့်လေ ၂ဝ၁၉ မှာ ပိုလိမ်မာတော့မယ်လို့ ဆုံးဖြတ်ထားတဲ့ သဲအတွက် စိန်လေးတစ်ပွင့်လောက် ဝယ်ပေးပါလား။ အဲ့ဒီလိုပူဆာတာကလည်း သဲတစ်ယောက်တည်းအတွက် မဟုတ်ဘူးနော်။ ကိုကိုစိတ်ချမ်းသာဖို့လည်း ပါတယ်။ ကျန်းမာပြီးစိတ်ချမ်းသာနေတဲ့ သဲဟာကိုကို့ကိုလည်းစိတ်ချမ်းသာစေမယ်မဟုတ်လား။ လိုရာဆွဲတွေးတဲ့ လိပ်မလေးလို့တော့ မဆူလိုက်ပါနဲ့။ သဲက ကိုကိုမတတ်နိုင်တဲ့ ပမာဏတွေကို မတောင်းဆိုပါဘူးနော်။ ကိုကိုတတ်နိုင်တဲ့ ပမာဏနဲ့ ကိုကို့စေတနာအတိုင်းအတာပေါ်မူတည်ပြီး ကိုကိုကြိုက်တာဝယ်ပေးပါ။

ကိုကို့က သဲပူဆာရင်တစ်ခါတည်းနဲ့ ဝယ်ပေးတတ်မှန်းသိလို့ ဆိုင်တောင်စုံစမ်းထားပြီးပြီ။ Online ပေါ်မှာ research တွေလုပ်၊ စိန်ဝတ်နေတဲ့ သူငယ်ချင်းမိတ်ဆွေတွေကို တီးခေါက်ကြည့်တော့ စိန်နဲ့ပတ်သက်လာရင် တစ်သံတည်းထွက်လာတယ်။ နှစ်ပေါင်း (၃ဝ) ကျော်တဲ့အထိ နာမည်ဂုဏ်သတင်းမွှေးတဲ့ တော်ဝင်စိန်တိုက်မှာ ဝယ်ဖို့ သူတို့အားလုံးအကြံပေးကြတယ်ကိုကို။ ကိုကို့ချွေးနှဲစာလေးဖြစ်တာကြောင့် အရည်အသွေးကောင်းတဲ့ စိန်တိုက်ကို သေသေချာချာ ရွေးထားတာကိုကို။ ဇန်နဝါရီလ (၁၅) ရက်နေ့ကနေ (၁၉) ရက်နေ့အထိ ကျင်းပမယ့် Mandalay International Gems and Jewellery Fair Special Sale လေးမှာ တော်ဝင်စိန်တိုက်ရဲ့ လှပဆန်းသစ်တဲ့ ဒီဇိုင်းလေးတွေကို စိတ်ကြိုက်ရွေးဝယ်ယူနိုင်တော့မယ် ကိုကို။

စိန်ထည်လက်ဝတ်ရတနာတွေကို အထူးဈေးနှုန်းနဲ့ ရောင်းချပေးမယ့်အပြင်
ဗလာမပါကံစမ်းမဲလက်ဆောင်များစွာနှင့်အတူ ပထမဆုံးဝယ်ယူသူ အယောက်(၂ဝဝ) ကို ရွှေသားဘောပင်တွေ လက်ဆောင်ပေးဦးမှာမို့လို့ အချိန်မှီသွားနိုင်အောင် သဲကပြောနေတာပါ။
(၂ဝ၁၉) တစ်နှစ်လုံးလိမ်မာမယ့် သဲကိုဆုချဖို့ အခုပဲတော်ဝင်စိန်တိုက်ကို သွားကြစို့နော်ကိုကို။ စိန်ချစ်တဲ့ကောင်မလေးတစ်ယောက်အတွက် ၂ဝ၁၉ မှာ ရစ်တာတွေ လျှော့ပြီး ပိုချစ်စေမယ့် ဆေးဟာ တော်ဝင်စိန်တိုက်မှာရှိပါတယ်ကိုကို။

စာချစ်သူတို့လည်း ဝယ်ပေးစေချင်တဲ့ ကိုကိုရှိရင် mention ခေါ်လိုက်ပါဦး။

စာချစ်သူတို့အတွက် ခံစားမှုရသလေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ တော်ဝင်စိန်တိုက်တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။