ဘွဲ့လွန်သင်တန်းတွေကို နိုင်ငံခြားမှာ သွားတက်တော့မယ်ဆိုရင် ဘာတွေသိထားရမလဲ။

blank

စာချစ်သူတို့ရေ…။

ယနေ့ခေတ်ကြီးမှာ ပညာရေးကို အရင်ကထက်ပိုပြီး အလေးထားလာကြသလို နိုင်ငံရပ်ခြားကိုသွားပြီး ပညာသင်ကြားသူတွေ များလာပါတယ်။ အထူးသဖြင့် management နဲ့ပတ်သက်တဲ့ သင်တန်းတွေ၊ MBA သင်တန်းတွေကို မြန်မာပြည်မှာ တစ်ဝက်၊ နိုင်ငံခြားမှာ ကျန်တစ်ဝက်ကို တက်လာကြတယ်။ နိုင်ငံခြားကိုသွားပြီး ပညာသင်ယူတော့မယ်ဆိုရင် သိသင့်တဲ့အချက်လေးတွေကို စာချစ်သူတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။

နိုင်ငံခြားကိုသွားပြီး ဘွဲ့လွန်သင်တန်းတွေတက်တော့မယ်ဆိုရင်…။

၁။ သင်တန်းရဲ့ပုံစံနဲ့ ကာလအပိုင်းအခြားတွေကို လေ့လာပါ။

မြန်မာပြီးမှာ ပြီးခဲ့တဲ့ semester တွေနဲ့ မိမိသွားရောက်မယ့် နိုင်ငံရဲ့ semester တွေ၊ module တူမတူကို သေချာလေ့လာသွားပါ။ အဲ့ဒီလိုမတူတဲ့အခါမှာ သင့်အတွက် နိုင်ငံခြားရောက်သွားမှ ဆက်တက်ရမယ့် သင်တန်းအတွက် ကသီကလင်ဖြစ်တာ၊ အနှောက်အယှက်ဖြစ်တာမျိုးတွေ ကြုံရတတ်ပါတယ်။

၂။ သင်တန်းကြေးတွေ၊ ငွေကြေးလဲလှယ်ပုံတွေကို ကောင်းကောင်းသိအောင်လုပ်ထားပါ။

သင်ချိတ်ဆက်ထားတဲ့ တက္ကသိုလ်က ရနိုင်တဲ့ စကောလားရှစ်တွေအကြောင်း သိအောင်လုပ်ပါ။ သင်တန်းလျှောက်ရမယ့် နောက်ဆုံးရက်တွေ၊ ပိတ်ရက်တွေအကြောင်း၊ လူဦးရေကန့်သတ်ချက်တွေအကြောင်း သိထားမှ ဒီကနေထွက်ခွာပါ။ သင်တန်းကြေး လျှော့ဈေးပေးတဲ့အချိန်တွေရှိမရှိဆိုတာလည်း စုံစမ်းထားတာက သင့်အတွက် ပိုမိုလွယ်ကူစေပါတယ်။

၃။ သင်သွားရောက်မယ့်နိုင်ငံရဲ့ ဓလေ့ထုံးတမ်းတွေ၊ ယဉ်ကျေးမှုတွေအကြောင်း သိအောင်လုပ်ပါ။

သင်သွားရောက်မယ့် နိုင်ငံရဲ့ ရာသီဥတုတွေ၊ ပို့ဆောင်ဆက်သွယ်ရေးတွေကို သိထားရုံနဲ့တင် အဲ့ဒီနိုင်ငံမှာ အဆင်မပြေသေးပါဘူး။ အဲ့ဒီနိုင်ငံရဲ့ ဓလေ့ထုံးတမ်းတွေ၊ ယဉ်ကျေးမှုတွေအကြောင်းကို သေချာသိအောင် လုပ်ပါ။ ဒါမှသာ တစ်ယောက်တည်းသွားရောက်နေထိုင်တဲ့အခါ ဘာတွေဆောင်၊ ဘာတွေရှောင်ရမလဲဆိုတာတွေကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေကို လုပ်ထားနိုင်မှာပါ။

၎။ သင်နေထိုင်ရာဒေသနဲ့ ကွာခြားတဲ့ နေထိုင်ပုံတွေအတွက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပါ။

လမ်းကူးတာ၊ ဘတ်စ်ကားစီးတာက အစကွာခြားသွားမယ့် လူနေမှုပုံစံတွေအကြောင်းကို လေ့လာပြီးမှ သွားပါ။

၅။ ပြောဆိုဆက်ဆံမယ့် ဘာသာစကားကို ကျွမ်းကျင်အောင်လုပ်သွားပါ။

အင်္ဂလိပ်စကားဟာ နိုင်ငံတကာနဲ့ လွယ်ကူစွာ ဆက်ဆံလို့ရစေတဲ့ ဘာသာစကားတစ်ခုဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ နိုင်ငံခြားကိုသွားပြီး ပညာသင်တော့မယ်ဆိုရင် အင်္ဂလိပ်စကားကို ကျွမ်းကျင်ပိုင်နိုင်အောင် လေ့ကျင့်သင်ယူသွားပါ။

သင့်ပညာရေးအတွက် ကျောင်းကို လိုက်ရှာနေတယ်ဆိုရင် International Universities တွေနဲ့ academic တူ၊ intake တူတဲ့အတွက် transfer လုပ်ရတာ လွယ်ကူတဲ့၊ နိုင်ငံခြားက ဆရာတွေက Top up အနေနဲ့ သုံးဘာသာလောက်ပဲ နိုင်ငံခြားသားဆရာ ၁ဝဝ% နဲ့ သင်ကြားပေးနေတဲ့အတွက် နိုင်ငံခြားကို ပညာသွားရောက်သင်ယူတဲ့အခါ culture တွေကို လေ့လာပြီးဖြစ်နေစေတဲ့၊ ဈေးနှုန်းသင့်တင့်တဲ့ Kaplan Myanmar University College ရှိပါတယ်နော်။

စာချစ်သူတို့ရဲ့ ဗဟုသုတအတွက် ဂန္ထဝင်မဂ္ဂဇင်းနဲ့ Kaplan Myanmar University College တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။