ချစ်သူကောင်မလေးကို ချစ်တယ်ဆိုရင် ဒါလေးတွေ လုပ်ပေးပါ။

blank

သူမဟာ ကမ္ဘာပေါ်မှာ အလှပဆုံးမိန်းကလေးတစ်ယောက်ဆိုတာကို အမြဲတမ်းခံစားနေရအောင် ပြုမူပါ။

သူမကို အနောက်ကနေ သိုင်းဖက်ပေးပါ။

သင့်ရဲ့မိန်းကလေးသူငယ်ချင်းတွေရှေ့မှာ သူမလက်ကိုအမြဲတမ်းကိုင်ထားပေးပါ။

သူမရှေ့မှာရည်းစားဟောင်းအကြောင်းပြောတတ်တဲ့အကျင့်ကိုဖျောက်ပါ။

သူမရဲ့အိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့ ကူညီပေးပါ။

မနက်ခင်းနဲ့ ညအိပ်ယာဝင်ချိန်တိုင်းမှာ “Goodmorning” “Goodnight” စတဲ့ နှုတ်ဆက်စာလေးတွေ ပို့ထားပေးပါ။

သူမရဲ့မွေးနေ့မှာ အံ့သြဝမ်းသာစေမယ့် လက်ဆောင်လေးတွေပေးပါ။

သူမရဲ့ဆံနွယ်လေးတွေကို နမ်းရှိုက်ပါ။

အခြားကောင်မလေးတွေအကြောင်းပြောပြီးတဲ့အခါ သူမရဲ့လက်ကိုကိုင်ထားပေးတာ၊ နဖူးကိုနမ်းတာစတာတွေ လုပ်ပေးပါ။

သူမနဲ့ အကြည့်ချင်းဆုံပြီး ပြုံးပါ။

သူမကို ဖုန်းဆက်မယ်လို့ ကတိပေးထားတယ်ဆိုရင် ဆက်ဖြစ်အောင်ဆက်ပါ။

သူမနဲ့ပတ်သက်တဲ့အသေးအဖွဲ ကိစ္စလေးတွေကအစ မှတ်ထားပေးပါ။

အားလပ်ရက်တွေမှာ သူမအတွက် အချိန်ပေးပါ။

သူမရဲ့မိသားစု၊ သူငယ်ချင်းတွေနဲ့ ရင်းရင်းနှီးနှီးနေပါ။

သူမဆံပင်ပုံစံအသစ်ညှပ်ထားတဲ့အခါ၊ အင်္ကျီအသစ်ဝတ်ထားတဲ့အခါတွေမှာ သတိထားမိကြောင်း ပြသပါ။

သူမစိတ်မကြည်လင်ဖြစ်နေတဲ့အချိန်တွေမှာ သူမနဲ့ အပြိုင်မငြင်းခုံဘဲ သူမပြောတာတွေကို နားထောင်ပေးပါ။

သူမရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးသလို သင့်ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ။ ကောင်မလေးတွေက ချစ်သူနေမကောင်းဖြစ်တဲ့အခါမျိုးတွေမှာ သိပ်ကိုစိတ်ပူတတ်တယ်လေ။

စာချစ်သူတို့အတွက်အချစ်ရေးအကြံပေးစာစောင်လေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Revicon တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။

သက်ဆိုင်သူသိစေဖို့ mention ခေါ်ပြီး ဝေမျှပေးလိုက်ပါဦး။