နှာခေါင်းပိတ်လို့ အိပ်မရဖြစ်နေရင် ဒီနည်းလမ်းလေးတွေ အသုံးပြုကြည့်ပါ။

blank

စာချစ်သူတို့ရေ….

တစ်ခါတလေမှာ ညဘက်အိပ်မရတာဟာ အတွေးနဲ့မိတ်ဖွဲ့နေလို့ မဟုတ်ပါဘူး။ အိပ်ချင်လွန်းလှပါ လျက်နဲ့ နှာခေါင်းက နှာရည်တွေယို၊ နှာခေါင်းပိတ်ပြီး ဘယ်ဘက်စောင်းအိပ်ရင် ဘယ်ဘက်နှာခေါင်းပိတ်၊ ညာ ဘက်စောင်းအိပ်ပြန်တော့လည်း ညာဘက်နှာခေါင်းပိတ်နဲ့ စိတ်ညစ်စရာပါ။ ဒါနဲ့ပဲ အိပ်ရေးပျက်ပြီး ခေါင်းတွေပါ ကိုက်လာရော။ အခုအချိန်ဟာ အအေးမိပြီးနှာစေးချောင်းဆိုးအဖြစ်များတဲ့ ရာသီအကူးအပြောင်းကာလလည်း ဖြစ်တာကြောင့် ဂန္ထဝင်အနေနဲ့ စာချစ်သူတို့အတွက် နှာစေးသက်သာစေမယ့် နည်းလမ်းလေးတချို့ မျှဝေပေး ချင်ပါတယ်။

၁။ နှာခေါင်းတွင်းပိတ်ဆို့နေတာတွေ လျော့ပါးသက်သာစေဖို့ ရေနွေးနဲ့ ရေချိုးပါ။

၂။ Saline spray(ဆားရည်စပရေး) ကို အသုံးပြုပါ။

၃။ ရေနွေးအိတ်ကပ်ပါ။

၎။ ယူကလစ်ဆီ လိမ်းပေးပါ။

၅။ ရှူဆေးအသုံးပြုပါ။

၆။ ရေနွေးငွေ့ရှူပါ။

၇။ ဆေးသောက်ပါ။

တင်ဆက်ပေးလိုက်တဲ့နည်းလမ်းလေးတွေက စာချစ်သူတို့အတွက် ပြုလုပ်ရလွယ်ကူပြီး အသုံးတည့် စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ဒါဟာ နှာစေးလို့ သက်သာရုံနည်းလမ်းတွေသာဖြစ်ပါတယ်။ တကယ် တော့ နှာစေးတယ်ဆိုတာ အအေးမိခြင်း၊ တုပ်ကွေးဖြစ်ခြင်း၊ ဓာတ်မတည့်ခြင်းနဲ့ ကူးစက်ပိုးမွှားတွေကြောင့် ဖြစ် တာမို့  လုံးဝသက်သာပျောက်ကင်းဖို့ဆိုရင်တော့ နှာစေးဖျားနာပျောက်ဆေးသောက်ဖို့ မမေ့ပါနဲ့လို့ အကြံပြု လိုက်ပါတယ်နော်။

စာချစ်သူများကျန်းမာရေးဗဟုသုတရစေဖို့ ယခုစာစောင်လေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ အအေးမိဖျားနာခြင်းကို အကြွင်းမဲ့ပျောက်ကင်းစေတဲ့ Decolgen တို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်ရှင်။