(၂ဝ၁၉) မှာ ပိုမိုကျန်းမာဖို့ ဘာတွေလုပ်ကြမလဲ။

blank

စာချစ်သူတို့ရေ…။

နိုဝင်ဘာ၊ ဒီဇင်ဘာလကိုတောင် ရောက်လာပြီနော်။ ၂ဝ၁၉ အတွက် အစီအစဉ်တွေကို ချမှတ်နေပြီလား။ လူအများစုဟာ နှစ်သစ်ကူးအစီအစဉ်ထဲမှာ ဘဝအောင်မြင်ရေးအတွက် အစီအစဉ်တွေချမှတ်တတ်ကြပေမယ့်  ကျန်းမာရေးအတွက်တော့ ပိုကောင်းတဲ့အစီအစဉ်တွေ ချမှတ်ဖို့ မေ့နေတတ်ကြပါတယ်။ တကယ်တော့ ခန္ဓာကိုယ်ကျန်းမာခြင်းမှသာ စိတ်သွားတိုင်းကိုယ်ပါပြီး အောင်မြင်ပျော်ရွှင်တဲ့ ဘဝကို အရောက်လှမ်းနိုင်မှာဖြစ်ပါတယ်။

ဒါ့ကြောင့် ၂ဝ၁၉ မှာ ပိုမိုကျန်းမာဖို့ လုပ်ဆောင်သင့်တဲ့အရာလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

အိမ်မှာပဲ ချက်ပြုတ်စားသောက်ပါ။

အစားကို သင့်တင်ရုံသာ စားသောက်ပါ။

လတ်ဆတ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပါ။

ရေများများသောက်ပါ။

တစ်ရက်ကို အနည်းဆုံး (၁ဝ) မိနစ်လောက် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။

အရက်သေစာသောက်သုံးခြင်း လျှော့ချပါ။

ဆေးလိပ်ဖြတ်ပါ။

ဖုန်းလျှော့သုံးပါ။ စာဖတ်ပါ။

သူငယ်ချင်းတွေနဲ့ ပေါ့ပါးတဲ့အချိန်တချို့ ဖန်တီးပါ။

ဖျားနာမှုတွေကို ကင်းဝေးစေတဲ့ ဗီတာမင်စီကို ဖြည့်တင်းပေးပါ။

သင်ကော ပိုမိုကျန်းမာတဲ့ ၂ဝ၁၉ ဖြစ်စေဖို့ ဘယ်လိုအစီအစဉ်တွေ ချမှတ်ထားလဲ။ ဝေမျှပေးခဲ့ပါဦး။

စာချစ်သူတို့အတွက် ကျန်းမာရေးဗဟုသုတစာစောင်လေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Vicee တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။