ကိုယ်ပူပြီးဖျားနေတဲ့အခါ ဘာကြောင့် ချမ်းတာလဲ။

blank

သင်ဖျားဖူးပါသလား။

ရာသီဥတုအပြောင်းအလဲကြောင့်ဖြစ်ဖြစ်၊ တခြားအကြောင်းကြောင့်ဖြစ်ဖြစ် စာချစ်သူတွေ အ နည်းနဲ့ အများတော့ ဖျားနာဖူးကြမှာပါ။ တစ်ကိုယ်လုံးကိုက်ခဲပြီး ကျစ်ကျစ်တောက်ပူနေတာက ဖျားနာ မှုရဲ့ယေဘုယျလက္ခဏာတွေ ဖြစ်ပါတယ်။ နေရတာလည်း သက်တောင့်သက်သာမရှိလှပါဘူး။ အထူး သဖြင့် ခန္ဓာကိုယ်တစ်ခုလုံးပူနေပေမဲ့ လူက  ကြက်သီးထပြီး တစိမ့်စိမ့်ချမ်းနေတာက အံ့သြစရာပါ။

အများအားဖြင့်တော့ အဖျားရောဂါဆိုတာ ကူးစက်ရောဂါနဲ့ ဆက်စက်နေပါတယ်။ ဒါပေမဲ့ တစ် ခါတရံမှာ ကင်ဆာ၊ ဆေးဝါးတုံ့ပြန်မှုနဲ့ သွေးခဲခြင်းတို့လို အကြောင်းတရားတွေကြောင့် ခုခံအားစနစ် ကျဆင်းပြီးတော့လည်း ဖျားနာနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရောင်ရမ်းမှုရဲ့ အကျိုးဆက်အနေနဲ့ လည်း ဖျားနာနိုင်ပါတယ်။ ဒီလိုရောင်ရမ်းမှုအဆင့်ဆင့်ရဲ့ သော့ချက်တစ်ခုကတော့ pyrogens လို့ခေါ် တဲ့ မော်လီကျူးအုပ်စုတစ်စုကြောင့် ဖြစ်ပါတယ်။ Pyrogens က ဦးနှောက်ထဲမှာ ဖျားနာမှုတွေ ထုတ် လွှတ်ဖို့အတွက် hypothalamus နဲ့ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ပါတယ်။ Hypothalamus ဆိုတာ ခန္ဓာကိုယ်ရဲ့ အပူထိန်းကိရိယာဖြစ်ပါတယ်။ Pyrogens ဖြစ်ပေါ်တဲ့အခါ  Hypotha lamus ဟာ  ခန္ဓာကိုယ်ကို ချမ်းတုန်လာအောင်၊ ကြက်သီးမွေးညင်းထအောင်၊ အရေပြားမျက်နှာပြင်အနီး သွေးလွှတ်ကြောတွေ ကျုံ့အောင် တိုက်တွန်းခြင်းဖြင့် အပူတွေထုတ်လွှတ်ဖို့ ညွှန်ကြားပါတယ်။ ဒါ ကြောင့် ခန္ဓာကိုယ်မှာ အအေးဓာတ်ကို ခံစားရလာစေတာဖြစ်ပါတယ်။

တစ်ခုရှိတာက   တစ်ခါတရံကျတော့လည်း ချမ်းတာဟာ ပတ်ဝန်းကျင်က သာမန်အပူချိန် အောက်ကျဆင်းနေတာ၊ ရာသီဥတုအခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သဘာဝမဟုတ် ဘဲ ချမ်းတာကတော့ ဖျာနာခြင်းရဲ့ လက္ခဏာရပ်ဖြစ်ပါတယ်။

စာချစ်သူတို့ရေ… ဒီအချိန်ဟာ ရာသီဥတုအကူးအပြောင်းကာလဖြစ်တာကြောင့် အအေးမိဖျားနာခြင်းကင်းဝေးအောင် သေချာဂရုစိုက်ဖို့ အရေးကြီးပါတယ်။

  • အအေးမိဖျားနာနေသူတွေနဲ့ ဝေးဝေးနေခြင်း
  • အနေအထိုင်အစားအသောက်ဆင်ခြင်ခြင်း
  • ဒီကိုလ်ဂျင်လို အအေးမိဖျားနာအကြွင်းမဲ့ပျောက်ဆေးကို မှီဝဲခြင်းတွေနဲ့

ကိုယ်တိုင်အတွက်ကော တစ်မိသားစုလုံးရဲ့ ကျန်းမာရေးကိုပါ ဂရုစိုက်ဖို့ အကြံပြုလိုက်ပါတယ်နော်။

စာချစ်သူများ ကျန်းမာရေးဗဟုသုတရရှိစေဖို့ ဂန္ထဝင်မဂ္ဂဇင်းနဲ့  အအေးမိဖျားနာခြင်းဝေဒနာကို အကြွင်းမဲ့ပျောက်ကင်းစေတဲ့ Decolgen တို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်ရှင်။