အိပ်ရာမဝင်ခင် ဗီတာမင် E လိမ်းပြီး စိုပြေလှပဆုံး အသားအရေဝင်းဝင်းလေးကို ပိုင်ဆိုင်ကြမယ်။

blank

ဂန္ထဝင်ပျိုမေတို့ရေ…

ဒီနေ့ခေတ်ဆိုတာ လှပတဲ့မိတ်ကပ်မျက်နှာလေးတွေထက်  သဘာဝအတိုင်းဝင်းဝါစိုပြေနေတဲ့ အသားအရေလှလှလေးကို အားကျငေးမောကြတဲ့ခေတ်ဖြစ်နေပါပြီနော်။ အသားဖြူတာ၊ ညိုတာထက် ကြည်လင်စိုပြေနေရင် မိတ်ကပ်ပါးပါးလေးနဲ့တောင် မျက်နှာလေးက ဆွဲဆောင်မှုရှိနေတာမို့ ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှုရှိစေတာလည်း အမှန်ပါပဲ။ အဲ့ဒီလို ဝင်းဝါစိုပြေနေတဲ့အသားအရေ လှလှလေး ကို ဘယ်လိုရယူကြမလဲ။

မပူပါနဲ့။ ပျိုမေတို့ရဲ့အလှတရားကို အပြည့်ဝဆုံးကူညီပေးမယ့် ဗီတာမင် E  ရှိနေပါတယ်။ ဗီတာမင် E ဟာ ရေဓာတ်ဖြည့်ပေးတဲ့ အလှကုန်တွေထက် အသားအရေကို ပိုအာဟာရဖြည့်ပေး ပါတယ်။ ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကို ပြန်လည်ဖြည့်ဆည်းပေးတာကြောင့် ခြောက်သွေ့ပျက်စီးနေ တဲ့ အသားအရေတွေကိုတောင် ဖြူဖွေးစိုပြေပြီး လှပလာစေပါတယ်။ ဒါ့အပြင် ဗီတာမင် E ကို ည ဘက်လိမ်းအိပ်မယ်ဆိုရင်…

၁။ အနာရွတ်တွေကို မှေးမှိန်သွားစေတယ်။

၂။ နုပျိုစေတယ်။

၃။ အသားအရေကို အစိုဓာတ်ထိန်းပေးတယ်။

၎။ မျက်ကွင်းညိုတာကို သက်သာစေတယ်။

၅။ နေလောင်ကွက်တွေကို ပျောက်ကင်းစေတယ်။

၆။ အသားအရေပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးတယ်။

၇။ နှုတ်ခမ်းသားကို နူးညံ့စိုပြေစေတယ်။

အကျိုးကျေးဇူးကောင်းတွေအများကြီးနဲ့ ဗီတာမင် E ကို ရရှိဖို့ဆိုရင်လည်း မခက်ခဲလှပါဘူး။ နီးစပ်ရာအလှကုန်ဆိုင်နဲ့ ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ NNO ဟာ ဗီတာမင် E အပြင် အသားအရေကို အစိုဓာတ်ဖြည့်ပေးပြီး ကျန်းမာလှပစေတဲ့၊ အရေးအကြောင်းတွေကို လျော့ပါး စေတဲ့ jojoba oil လည်း ပါဝင်တဲ့အတွက် ညဘက်လိမ်းအိပ်ရုံနဲ့ ပျိုမေတို့အသားအရေကို ကျန်းမာ လှပလာစေမှာ အမှန်ပါပဲ။

ကဲ… NNO အစွမ်းနဲ့ ကျန်းမာလှပစိုပြေတဲ့ အသားအရေလေးကို အတူတူပိုင်ဆိုင်ကြပါစို့နော်။

စာချစ်သူပျိုမေများ အလှအပရေးရာ ဗဟုသုတလေးတွေ ရရှိစေဖို့ ဂန္ထဝင်မဂ္ဂဇင်းနဲ့ NNO တို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။