မေမေ့အတွက် အကောင်းဆုံး သီတင်းကျွတ်လက်ဆောင်

blank

မေမေရေ…။

ဖေဖေနဲ့အိမ်ထောင်ကျပြီးတဲ့နောက်မှာ ဖေဖေ့အတွက် ဇနီးကောင်းတစ်ယောက်၊ သမီးတို့မောင်နှမတွေအတွက် မိခင်ကောင်းတစ်ယောက်ဖြစ်ခဲ့တယ်။ တစ်ခါတလေမှာ..

စိတ်ပင်ပန်းပြီး မွန်းကြပ်လွန်းလို့ ချောင်ထဲမှာ တစ်ယောက်တည်း ငိုနေခဲ့ရပေမယ့်

အနားယူပြီး လှဲလျောင်းချိန်မရှိလောက်အောင်ကို အလုပ်တွေများလွန်းလို့ ညည်းညူနေမိပေမယ့်

ပြောမရဆိုမရ ဆော့လွန်းတဲ့ သမီးတို့ကို အော်ဟစ်ငေါက်ငမ်းပြီးတော့မှ ကိုယ့်ကိုယ်ကို အပြစ်ရှိသူတစ်ယောက်လို ခံစားနေမိခဲပေမယ့်…

အိမ်ကို နောက်ဆံတင်းနေလို့ သွားချင်တဲ့နေရာမသွားရတာကြောင့် စိတ်ညစ်ခဲ့ဖူးပေမယ့်

မေမေဟာ သမီးတို့မိသားစုအတွက် အရေးကြီးဆုံးသူတစ်ယောက်ပါ။ မေမေဟာ သမီးတို့အတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးပါ။

မိသားစုပျော်နေရင် စိတ်ချမ်းသာနေတတ်တဲ့ မေမေဟာ အခုတလောမှာ အရာရာကို အလိုမကျဖြစ်နေတယ်။ အရင်က ပြုံးပြုံးလေးနေတဲ့ မေမေဟာ စိတ်တွေ မကြည်မလင်နဲ့ မှုန်ကုတ်ကုတ်ဖြစ်လာတယ်။ အရင်ကလောက် မလှုပ်ရှားတာတောင် ပင်ပန်းနွမ်းနယ်နေတယ်။ စိတ်အတက်အကျတွေမြန်ပြီး စိတ်ဓာတ်တွေကျနေတယ်။ ဒါတွေကြောင့် စိတ်ညစ်နေလားမေမေ။ ဒါဟာ သွေးဆုံးခါနီး အမျိုးသမီးတိုင်းခံစားရတဲ့ ဝေဒနာတွေပါ။ ဒီလို အချိန်တွေဆိုတာ အမျိုးသမီးတိုင်းကျော်ဖြတ်ရမယ့် အချိုးအကွေ့တစ်ခုပါ။ ဒီလို ခံစားနေရတာက မေမေတစ်ယောက်တည်းမဟုတ်ဘူးဆိုတာ မေမေသိလား။

မေမေဗျစ်တောက်ဗျစ်တောက်ဖြစ်လာပေမယ့် မေမေဟာ မိခင်တာဝန်ကျေတဲ့၊ မိခင်တစ်ယောက်ပါ။ နာကျင်ပင်ပန်းမှုတွေကို အံတု၊ သေမင်းကိုစိန်ခေါ်ပြီး လူသားတစ်ယောက်ကို မွေးထုတ်ပေးနိုင်တယ်ဆိုကတည်းက မေမေဟာ သတ္တိခဲတစ်ယောက်ပါ။

ဒါ့ကြောင့် ဒီသွေးဆုံးကိုင်ဝေဒနာတွေကိုလည်း မေမေ မကြာခင်မှာ ကျော်လွှားနိုင်မယ်ဆိုတာ သမီးယုံကြည်တယ်။ မေမေ့အနေနဲ့ ဒီကာလတွေကို ကောင်းကောင်းကျော်ဖြတ်နိုင်ဖို့ နားနားနေနေနေပါ။ စိတ်ချမ်းသာစရာတွေကိုပဲတွေးပါ။ အာဟာရပြည့်ဝအောင်စားသုံးပါ။ တရားထိုင်ပါ။ မေမေ့ရဲ့ခံစားချက်တွေကို သမီးကို ထုတ်ဖော်ပြောပြပါ။ သမီးမေမေ့ကို နားလည်ပေးနိုင်တယ်ဆိုတာ သိထားပါ။ ပြီးတော့ Evening Primrose ပါဝင်တဲ့ ဆေးတွေကို မှီဝဲစားသုံးပါ။

Evening Primrose ဆိုတာက မြောက်အမေရိကမှာရှိတဲ့ တောင်တန်းတွေမှာပေါက်တတ်တဲ့ အဝါရောင်ပန်းလေးတွေပေါ့။ ညနေခင်းမှာပွင့်လေ့ရှိတဲ့ ပန်းလေးတွေဟာ ချစ်စရာကောင်းတဲ့အပြင် သူ့ရဲ့အစေ့လေးတွေက ဆေးဖက်ဝင်ပြီး အဆီအက်စစ်လေးတွေပါဝင်တယ်။  အဲ့ဒီအက်စစ်က ခန္ဓာကိုယ်ကြီးထွားမှုကို ကူညီပေးတဲ့အပြင် အမျိုးသမီးတွေ ရာသီစက်ဝန်းကာလနဲ့ သွေးဆုံးခါနီးမှာဖြစ်တတ်တဲ့ စိတ်အတက်အကျမြန်တာ၊ ရင်သားနာကျင်တာ၊ နာကျင်ကိုက်ခဲတာ၊ အိပ်မပျော်တာအပြင် အခြားရောဂါတွေကို သက်သာစေတယ်။ အိုမီဂါ-3 ကြွယ်ဝပြီး အရိုးနဲ့ ဦးနှောက်ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့အပြင် ယောင်ယမ်းနာကျင်တာတွေ၊ ဓာတ်မတည့်မှုတွေကိုလည်း သက်သာစေတယ်။

ဒါ့ကြောင့် ဒီနှစ် သီတင်းကျွတ်မှာ Evening Primrose အပြင် ဗီတာမင်အီး , GLA တို့ ပါဝင်တဲ့ Prim E နဲ့ ကန်တော့လိုက်ပါတယ်မေမေ။ သဘာဝဖြည့်စွက်သောက်ဆေးဖြစ်တာကြောင့် ပိုစတာဂလာဒင်ဟော်မုန်းနဲ့ အဆီအက်စစ်ကို ထိန်းညှိပေးတယ်။  ဗီတာမင်အီးက နာကျင်ကိုက်ခဲမှုတွေကို သက်သာစေပြီး GLA က စိတ်ဖိစီးမှုတွေကို လျော့ကျစေတယ်ဆိုတော့ မေမေစိတ်မကြည်မလင်ဖြစ်နေတာတွေ ပျောက်သွားပါလိမ့်မယ်။

မေမေ့ရဲ့ သွေးစက်တွေနဲ့ လူဖြစ်လာခဲ့တဲ့ သမီးပေးတဲ့ ဒီလက်ဆောင်လေးဟာ မေမေ့သွေးဆုံးကိုင်ဝေဒနာတွေအတွက် အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ရင်း…

မေမေရဲ့သမီး…

စာချစ်သူတို့ရဲ့ ခံစားမှုရသအတွက် ဂန္ထဝင်မဂ္ဂဇင်းနဲ့ Prim E တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်တဲ့ ဒီစာစောင်လေးကို နှစ်သက်တယ်ဆိုရင် ဝေမျှထားလိုက်ပါဦး။