ခန္ဓာကိုယ်အပေါ် သက်ရောက်နေတဲ့ ဗီတာမင်စီရဲ့ အံ့မခန်း ကောင်းကျိုးများ

blank

ဗီတာမင်စီ ဟာ ခန္ဓာကိုယ်အတွက် သိပ်ကိုအရေးကြီးတဲ့ သက်စောင့်ဓာတ်တစ်မျိုးဖြစ်တယ်ဆိုတာ ကျွန်မတို့အားလုံးသိကြပါတယ်။ ရေမှာပျော်ဝင်နိုင်ပြီး လိမ္မော်သီး၊ စတော်ဘယ်ရီသီး၊ ကီဝီသီး၊ ကိုက်လန်ရွက်လို သစ်သီးနဲ့ အရွက်တွေမှာ ကြွယ်ဝစွာပါဝင်တဲ့ ဗီတာမင်စီကနေ ရရှိနိုင်တဲ့ အံ့မခန်းကောင်းကျိုးလေးတွေကို စာချစ်သူတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင်။

  • ဗီတာမင်စီမှာ ပါဝင်တဲ့ Antioxidant တွေက နာတာရှည်ရောဂါဖြစ်ပွားမှုကို သက်သာစေပါတယ်။
  • သွေးဖိအားကို လျော့စေတယ်။
  • နှလုံးရောဂါဖြစ်ပွားမှုနှုန်းကို လျော့စေတယ်။
  • သွေးတွင်းမှာရှိတဲ့ uric acid ပမာဏကို ထိန်းပေးတာကြောင့် လေးဖက်နာနဲ့ ဂေါက်ရောဂါတွေကို ကာကွယ်ပေးတယ်။
  • ခန္ဓာကိုယ်အတွက် သံဓာတ်စုပ်ယူမှုကို ကူညီပေးပြီး သံဓာတ်အားနည်းခြင်းတွေကို ကာကွယ်ပေးတယ်။
  • သွေးဖြူဥထုတ်လုပ်ခြင်းတွေကို ကူညီပေးတဲ့အတွက် ခုခံအားစနစ်ကို ကောင်းမွန်စေတယ်။
  • အသက်အရွယ်ရလာတဲ့အခါ ဖြစ်တတ်တဲ့ မှတ်ဉာဏ်ချို့ယွင်းမှုတွေကို လျော့နည်းစေတယ်။

စာချစ်သူတို့ရေ…

ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရှိနေတဲ့ ဗီတာမင်စီကို ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်တဲ့ သစ်သီးသစ်ရွက်တွေမှာ ရရှိနိုင်သလို ဗီတာမင်စီ ဖြည့်စွက်အားဆေးတွေ သောက်သုံးပြီးတော့လည်း ရရှိနိုင်ပါတယ်။ ဗီတာမင်စီဟာ လူတိုင်းလူတိုင်းမရှိမဖြစ် ဖြည့်တင်းသင့်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပေမယ့် ဘဝတိုးတက်ရေးအတွက် အားသွန်ခွန်စိုက်ကျိုးပမ်းနေရတဲ့ လူငယ်ဘဝမှာ ပိုပြီးအရေးကြီးပါတယ်။ အာရုံစူးစိုက်ရတဲ့ လူငယ်တွေ၊ ပညာဆည်းပူးနေရတဲ့ ဆယ်ကျော်သက်အရွယ်တွေအနေနဲ့ ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအစာတွေကို တကူးတကဖြည့်တင်းပေးဖို့ မအားမလပ်ဖြစ်နေတတ်တဲ့အတွက် ဗီတာမင်စီ ဖြည့်စွက်အားဆေးတွေကို နေ့စဉ်သောက်သုံးသင့်ပါတယ်။

စာချစ်သူတို့ရဲ့ ဗဟုသုတအတွက် ဂန္ထဝင်မဂ္ဂဇင်းနဲ့ ViCee တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။