ရာသီလာချိန်မှာ ဘာကြောင့် နာကျင်ကိုက်ခဲရတာလဲ။

blank

အမျိုးသမီးတစ်ယောက်အတွက် စိတ်ညစ်ညူးစရာကောင်းတဲ့ကာလကို ပြောပါလို့ ဆိုရင် ရာသီစက်ဝန်းကာလတွေလို့ တညီတညွတ်တည်းဖြေကြလိမ့်မယ် ထင်ပါတယ်။ တစ်ချို့အမျိုးသမီးတွေဆိုရင် အခြားအမျိုးသမီးတွေထက် ပြင်းထန်တဲ့ နာကျင်ကိုက်ခဲမှုတွေကို ခံစားရတတ်ပါတယ်။ သက်ကြီးပိုင်းအမျိုးသမီးတွေဟာ အသက်(၂ဝ) ဝန်းကျင် အမျိုးသမီးတွေထက် ရာသီစက်ဝန်းကာလ နာကျင်ကိုက်ခဲမှုတွေကို ပိုမိုခံစားရတတ်ပါတယ်။

ရာသီစက်ဝန်းကာလတွေမှာ သားအိမ်နံရံမှာရှိတဲ့  ကြွက်သားတွေ ကျုံ့သွားတဲ့ အတွက် ခါးကိုက်တာ၊ နောက်ကျောနာကျင်တာနဲ့ ဝမ်းဗိုက်နာကျင်တာတွေ ဖြစ်တတ်ပါတယ်။ တချို့အမျိုးသမီးတွေဆိုရင် အော်ဂလီဆန်တာ၊ အော့အန်တာနဲ့ မောပန်းနွမ်းနယ်တာတွေတောင် ဖြစ်တတ်ကြပါတယ်။ အခြားအမျိုးသမီးတွေထက် ပိုပြီးနာကျင်ကိုက်ခဲတတ်တဲ့အမျိုးသမီးတွေဟာ ခန္ဓာကိုယ်က ထုတ်တဲ့ ဓာတုတစ်မျိုးဖြစ်တဲ့ prostaglandins ဓာတ်တွေ ပိုများပြီး သားအိမ်နံရံမှာရှိတဲ့ သွေးကြောတွေ ပိုပြီး ကျုံ့တာကြောင့်ဖြစ်ပါတယ်။

ရာသီလာတဲ့ ပထမရက်နဲ့ ဒုတိယရက်တွေမှာ နာကျင်ကိုက်ခဲတာ၊ အကိုက်အခဲပျောက်ဆေးတစ်ခုခုသောက်လိုက်လို့ သက်သာသွားတာ၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အနည်းငယ် နှောင့်နှေးစေတာက လွဲရင် ပုံမှန်ပြုလုပ်ဆောင်ရွက်နိုင်တယ်ဆိုရင်တော့ သင့်ရဲ့ ရာသီစက်ဝန်းနာကျင်ကိုက်ခဲမှုတွေက သာမန်ပဲဖြစ်ပါတယ်။ အဲ့ဒီလိုမဟုတ်ဘဲ နှစ်ရက်ထက်ပိုပြီး အပြင်းအထန်နာကျင်ကိုက်ခဲနေတယ်၊ ဆေးဝါးတွေ သောက်သုံးတာတောင် သက်သာခြင်းမရှိဘဲ ဆက်တိုက်နာကျင်ကိုက်ခဲနေတယ်ဆိုရင်တော့ သားဖွားမီးယပ်ပညာရှင်တွေနဲ့ စနစ်တကျ ပြသပြီးကုသမှုခံယူသင့်ပါတယ်။

  • ရာသီစက်ဝန်းကာလ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေဖို့အတွက်…
  • ရေများများသောက်ပါ။
  • သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားသောက်ပါ။
  • ပြည့်ပြည့်ဝဝအနားယူပါ။
  • ရေနွေးအိတ်ကပ်ပေးပါ။
  • သက်သာချောင်ချိတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ။
  • နာကျင်ကိုက်ခဲမှုကို သက်သာစေတဲ့ ထိရောက်တဲ့ ဆေးဝါးတွေကို မှီဝဲပါ။

စာချစ်သူတို့အတွက် ကျန်းမာရေးဆိုင်ရာ ဗဟုသုတလေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Dofenal တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။