လေဆာနည်းပညာနဲ့ အမွေးအမျှင်တွေကို ဖယ်ရှားဖို့ စဉ်းစားနေတဲ့ ညီမလေးဖတ်ဖို့ စာတစ်စောင်


blank

လေဆာနည်းပညာနဲ့ အမွေးအမျှင်တွေကို ဖယ်ရှားတော့မယ်ဆိုရင်
ညီမလေးရေ….

နူးညံ့ချောမွေ့ပြီး အမွှေးအမျှင်တွေကင်းစင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်တာက မိန်းကလေးတိုင်းရဲ့ အိပ်မက်ပါ။ လက်ပြတ်အင်္ကျီလေးတွေ ဝတ်တဲ့အခါ၊ စကပ်တိုတိုလေးတွေ ဝတ်တဲ့အခါမှာ အမွှေးအမျှင်တွေနဲ့ ကြည့်လို့ သိပ်အဆင်မပြေဘူးမလား။ ညီမလေးတစ်ယောက် waxing လုပ်လိုက်၊ ရိတ်လိုက်နဲ့ အလုပ်ရှုပ်နေတာတွေ ရပ်လိုက်ပြီး လေဆာနဲ့ အမွှေးအမျှင်တွေဖယ်ရှားတော့မယ်လို့ ပြောနေပြန်တော့ ညီမလေးကို ပြောပြချင်တာလေးတွေရှိလာတယ်။

လေဆာနဲ့ အမွေးအမျှင်ဖယ်ရှားခြင်း (Laser Hair Removal) ဆိုတာက အမွေးအမျှင် အရင်းမှာရှိတဲ့ ဆံခြည်အိတ်တွေ (Hair Follicles) က တစ်ဆင့် လေဆာရောင်ခြည်ကို စုပ်ယူပြီး Photothermolysis နည်းပညာနဲ့  အမွေးအမျှင်များထပ်မပေါက်လာအောင် ဖယ်ရှားလိုက်တာပဲဖြစ်ပါတယ်။

Waxing, Plucking, Threading, Chemical Cream, Electrolysis နည်းပညာတွေနဲ့ လည်း အမွှေးအမျှင်တွေဖယ်ရှားလို့ ရနိုင်ပေမယ့် လေဆာနည်းပညာသုံးခြင်းဟာ မြန်ဆန်ပြီး တစ်ခြားနည်းလမ်းတွေနဲ့ ယှဉ်တဲ့အခါမှာ လုံးဝ မနာမကျင်ဘုးပေါ့ ညီမလေး။ အချိန်တိုအတွင်းမှာ ထိထိရောက်ရောက်နဲ့ အမွေးအမျှင်တွေ ထပ်မထွက်လာတော့အောင် ကုသနိုင်တာဟာလည်း လေဆာနည်းပညာရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

ညီမလေးအနေနဲ့ လေဆာနဲ့ ကုသမှု ၅ကြိမ်ကနေ ၇ ကြိမ်လောက် ခံယူပြီးရင်  အမွေးအမျှင် ၅၀ ရာခိုင်နှုန်းကျော်လောက် လျော့နည်းသွားလိမ့်မယ်။ လူတစ်ယောက်နဲ့ တစ်ယောက်တော့ အနည်းငယ်စီ ကွဲပြားတာပေါ့ ညီမလေး။  လေဆာနဲ့ ကုသနေတုန်းမှာ ဆတ်ခနဲဖြစ်တဲ့  ခံစားမှုကလွဲလို့ နာကျင်မှုတွေနဲ့ အခြားသောဘေးထွက်ဆိုးကျိုးတွေလည်း မရှိပါဘူးညီမလေး။ ကုသချိန်မှာဖြစ်တဲ့ အရေပြား နီရဲယောင်ယမ်းတာတွေကလည်း  နာရီပိုင်းအတွင်းမှာ ပြန်လည်ပျောက်ကင်းပါတယ်ညီမလေး။ အနည်းစုသော လူတွေအနေနဲ့တော့ အရေပြား အရောင် ဖျော့သွားတာ၊ ရင့်သွားတာ နဲ့ အလွန် အဖြစ်နည်းသော အပူဖု၊ အမာရွတ် ကျန်တာမျိုးတွေ ရှားရှားပါးပါးဖြစ်တတ်ပါတယ်။

ညီမလေးအနေနဲ့ Laser Hair Removal လုပ်တော့မယ်ဆိုရင် ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့ချိုတိုက်ကျွေးချိန်တွေမှာ လုံးဝမလုပ်မိဖို့ လိုပါတယ်။ ပြီးတော့ Laser Hair removal လုပ်တော့မယ်ဆိုရင် လိုက်နာရမယ့် ဆောင်ရန်၊ ရှောင်ရန်တွေ၊ သတိထားရမယ့် အချက်တွေ တွေကိုလည်း ကြိုတင်ပြီးသိအောင် အလှအပနှင့် အရေပြားဆိုင်ရာ ကျွမ်းကျင်ဆရာဝန်များနဲ့ ဆွေးနွေးတိုင်ပင်ပါ။ ညီမလေးအနေနဲ့ Laser နည်းပညာကို အသုံးပြုပြီး အမွှေးအမျှင်တွေကို ဖယ်ရှားတော့မယ်ဆိုရင် အလှအပနှင့် အရေပြားဆိုင်ရာ ကုသမှုပိုင်းမှာ အတွေ့အကြုံများစွာရှိတဲ့ ဆရာဝန်တွေနဲ့ စိတ်ချယုံကြည်ရပြီး အကောင်းမွန်ဆုံးသော ၀န်ဆောင်မှုတွေကို ပေးနိုင်တဲ့ အလှအပနှင့် အရေပြားဆိုင်ရာ ဆေးခန်းကို ရွေးချယ်ဖို့က ပိုမို အရေးကြီးပါတယ်။

မြန်မာနိုင်ငံတွင် တစ်ခုတည်းသော နိုင်ငံတကာ အသိအမှတ်ပြု JCIA လက်မှတ်ရ ပန်းလှိုင်စီလုံဆေးရုံအခွဲ ပန်းလှိုင်ဆေးခန်း (ဗိုလ်ချုပ်အောင်ဆန်းလမ်း) တွင် စိတ်ချယုံကြည်ရတဲ့ ကျွမ်းကျင်ဆရာဝန်များမှ အလှအပနှင့် အရေပြားဆိုင်ရာ ကုသခြင်းများကို ကမ္ဘာ့အဆင့်မှီ နည်းပညာများ အသုံးပြုပြီး သင့်တင့်သောဈေးနှုန်းဖြင့် အလှအပဆိုင်ရာ ၀န်ဆောင်မှုများပေးနေပါတယ်။
စာချစ်သူတို့ရဲ့ ဗဟုသုတအတွက် ဂန္ထဝင်မဂ္ဂဇင်းနဲ့ ပန်းလှိုင်စီဆေးရုံတို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။

စာချစ်သူတို့ရဲ့ ဗဟုသုတအတွက် ဂန္ထဝင်မဂ္ဂဇင်းနဲ့ ပန်းလှိုင်စီလုံဆေးရုံတို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။