ရိုးရိုးအအေးမိနေတာလား၊ တုပ်ကွေးလား။

blank

စာချစ်သူတို့ရေ…

မိုးလေးတစွတ်စွတ်နဲ့ ဖျားကြနာကြတဲ့သူတွေများတဲ့ ရာသီတော့ ရောက်လာပါပြီနော်။ တချို့ကလည်း အအေးမိတာနဲ့ တုပ်ကွေးကို အတူတူလို့ထင်ကြပါတယ်။ တကယ်တော့ ရိုးရိုးအအေးမိတာနဲ့ တုပ်ကွေးဟာ ကူး စက်တဲ့ ဗိုင်းရပ်စ်ချင်းမတူညီတာကြောင့် ဖျားနာပုံချင်းလည်း မတူညီကြပါဘူး။

ဒါကို ဘယ်လိုခွဲခြားကြမလဲ။

အအေးမိတယ်ဆိုတာကတော့ အဖြစ်များတဲ့အရာပါ။ ပုံမှန်အားဖြင့် ကလေးတွေဆိုရင် တစ်နှစ်မှာ ၅ ကြိမ်ကနေ ၁ဝ ကြိမ်အထိ ဖြစ်လေ့ရှိပြီး အရွယ်ရောက်သူတွေကတော့ နှစ်စဉ် ၂ ကြိမ်ကနေ ၄ ကြိမ်အထိ ဖြစ် လေ့ရှိပါတယ်။

ကွဲပြားချက်အနေနဲ့ ရိုးရိုးအအေးမိခြင်းက ချောင်းဆိုးတာ၊ ဖျားတာ၊ လည်ချောင်းနာတာ၊ နှာချေတာ၊ နှာခေါင်းပိတ်တာ၊ နှာရည်ယိုတာတွေဖြစ်ပါတယ်။ ဒါဟာ မတူညီတဲ့ ဗိုင်းရပ်စ်ပေါင်း ၂ဝဝ ခန့်ကြောင့်ဖြစ်ပြီး ကာကွယ်ဆေးလည်း မရှိပါဘူး။

တုပ်ကွေးကတော့ နှာခေါင်း၊ လည်ချောင်းနဲ့ တစ်ခါတရံ အဆုတ်ကိုပါ ထိခိုက်စေတဲ့ ဗိုင်းရပ်စ်ဆိုင်ရာ ကူးစက်ရောဂါဖြစ်ပါတယ်။ ယေဘုယျလက္ခဏာတွေအနေနဲ့ ဖျားနာခြင်း၊ လည်ချောင်းနာခြင်း၊ မောပန်းခြင်းနဲ့ ကြွက်သားတွေကိုက်ခဲခြင်းတို့ ပါဝင်ပါတယ်။ အကယ်၍ မိမိမှာဖြစ်ပေါ်နေတဲ့ လက္ခဏာရပ်တွေအပေါ် မသဲကွဲ ဘူးဆိုရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။ ရောဂါနှစ်ခုလုံးကတော့ ပြင်းထန်လာရင် တစ်ခါတရံ သေဆုံးတဲ့အထိပါ ဖြစ်ပွားနိုင်တဲ့ pneumonia ခေါ် အဆုတ်ရောင်နာကဲ့သို့ ဆိုးကျိုးတွေအထိပါ ဦးတည်သွားစေနိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် မဖြစ်ခင်မှာ ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါပဲ။

လူတိုင်းလိုက်နာဖို့ အလွယ်ကူဆုံးနဲ့ အရေးကြီးဆုံးနည်းလမ်းတစ်ခုကတော့ တစ်ကိုယ်ရည်သန့်ရှင်းမှု ကို အပြည့်အဝဂရုစိုက်ပြီး ဗိုင်းရပ်စ်နဲ့မထိတွေ့အောင် ရှောင်ကြဉ်နည်းပါပဲ။ အထူးသဖြင့် တုပ်ကွေးဟာ ဖြစ်ပြီး ရင် အမြန်မပျောက်ကင်းလွယ်ဘဲ ခံစားရတဲ့ကိုက်ခဲနာကျင်မှုကလည်း ဆိုးလှတာကြောင့် သတိပြုကာကွယ်သင့် ပါတယ်။

စာချစ်သူများကျန်းမာရေးဆိုင်ရာဗဟုသုတလေးတွေ ရရှိစေဖို့ ယခုစာစောင်လေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ အ အေးမိ၊ တုပ်ကွေး၊ ဖျားနာ၊ ကိုက်ခဲမှုဝေဒနာတွေကို အမြန်ဆုံးသက်သာ ပျောက်ကင်းစေတဲ့ Fluza တို့မှပူးပေါင်း တင်ဆက်ထားပါတယ်။