အမျိုးသမီးတိုင်းဖတ်သင့်တဲ့ စာလေးတစ်စောင်

blank

ပင်ပင်ပန်းပန်းအလုပ်မလုပ်လုပ်ရဘဲ အမြဲတမ်းပင်ပန်းနွမ်းနယ်နေလား။ လှေကားလေးအနည်းငယ်တက်ရုံနဲ့ မောဟိုက်နွမ်းလျနေလား။ ကိုယ့်ကိုယ်ကိုယ် သန်စွမ်းကျန်းမာတယ်လို့ ယူဆမိပေမယ့် အလုပ်တွေကို တက်တက်ကြွကြွမလုပ်နိုင်ဖြစ်နေပါသလား။  အဲ့ဒါဆိုရင်တော့ သင်ဟာ သံဓာတ်လျော့နည်းနေပြီဆိုတာကို ပြသနေတဲ့ လက္ခဏာတစ်ခုပါ။ အမေရိကန်နိုင်ငံရဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးဋ္ဌာနရဲ့ လေ့လာမှုတစ်ခုအရ အမျိုးသမီး ၁ဝ ရာခိုင်နှုန်းဟာ သံဓာတ်လျော့နည်းတဲ့ရောဂါကို ခံစားနေရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် သံဓာတ်ဟာ အမျိုးသမီးတွေအတွက် ဘယ်လောက်ထိအရေးကြီးလဲဆိုတာကို လေ့လာကြည့်လိုက်ကြရအောင်။

  • သံဓာတ်ဟာ ခန္ဓာကိုယ်တစ်ခုလုံးက သွေးတွေဆီကို အောက်ဆီဂျင်ပျံ့နှံ့စေဖို့ ကူညီပေးတယ်။
  • အဆုတ်ထဲကို အောက်ဆီဂျင်ကောင်းစွာပို့ဆောင်ပေးတဲ့ ဟေမိုဂလိုဘင်ထုတ်လုပ်မှုကို ကူညီပေးတယ်။
  • ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ သွေးနီဥထုတ်လုပ်မှုကို ကူညီပေးတယ်။

သံဓာတ်လုံလောက်မှု မရှိတဲ့အခါ….။

ပင်ပန်းနွမ်းနယ်လွယ်ပြီး ကိုယ်ခံအားစနစ်ကျလွယ်လာမယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်လျော့နည်းရင် လမစေ့၊ ပေါင်မပြည့်တဲ့ကလေးလေးတွေ မွေးဖွားလာမယ်။

  • ပုံမှန်အားဖြင့် လူတိုင်းဟာ သံဓာတ်လိုအပ်ပေမယ့်
  • ရာသီသွေးဆင်းတဲ့အမျိုးသမီးတွေ
  • ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ
  • မိခင်နို့ချိုတိုက်ကျွေးနေတဲ့အမျိုးသမီးတွေ
  • ကျောက်ကပ်သန့်စင်နေတဲ့ သူတွေ
  • သွေးထွက်နေတဲ့ အနာရှိ သူတွေ
  • သံဓာတ်စုပ်ယူဖို့ အဟန့်အတားဖြစ်စေတဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါရှိသူတွေ
  • ခန္ဓာကိုယ်လှုပ်ရှားမှုများတဲ့သူတွေ
  • သတ်သတ်လွတ်သမားတွေ အနေနဲ့ သံဓာတ်ပိုမိုဖြည့်တင်းဖို့ လိုအပ်ပါတယ်။

ဒါ့ကြောင့် အထက်ပါအခြေအနေတွေနဲ့ ကိုက်ညီနေတာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် သံဓာတ်လျော့နည်းနေပြီလို့ ခံစားနရတာပဲဖြစ်ဖြစ် သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသောက်ပါ။ သံဓာတ်ဖြည့်ပေးနိုင်တဲ့ ဖြည့်စွက်အားဆေးတွေကို သောက်သုံးပေးပါ။ အမျိုးသမီးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ သံဓာတ်ကိုဖြည့်တင်းပြီး ကျန်းမာကြံ့ခိုင်တဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်စေဖို့ ဂန္ထဝင်မဂ္ဂဇင်းနဲ့ Ferropac တို့မှ ပူးပေါင်းတင်ဆက်ပေးလိုက်ပါတယ်ရှင်။