ချောင်းဆိုးခြင်းမှာ အကျိုးကျေးဇူးတွေ ရှိနေမယ်လို့ ထင်လား။

blank

စာချစ်သူတို့ရေ…။

ညဖက်တွေမှာ အိပ်မရအောင် ဆိုးတဲ့ချောင်း၊ နေ့ဖက်တွေမှာ နေလို့မရအောင် ဆိုးတဲ့ချောင်းတွေကြောင့် စိတ်ညစ်နေလား။ ချောင်းဆိုခြင်းဟာ စိတ်ညစ်လောက်အောင် အနှောင့်အယှက်တွေ ပေးနိုင်ပေမယ့် ချောင်းဆိုးနေတဲ့အခါ…

“ သင့်ကိုလူတွေ သတိထားမိစေနိုင်တယ်။

ချောင်းတဟွတ်ဟွတ်ကြောင့် ခိုးကြောင်ခိုးဝှက်အလုပ်တွေကို ရှောင်ကြဉ်စေတယ်။

ညဖက်သင့်ရဲ့ ချောင်းဆိုးသံကြောင့် အိမ်ကိုလုံခြုံစေတယ်။

ကုလားသေကုလားမော မအိပ်စေဘဲ နှိုးနှိုးကြားကြားရှိနေစေမယ်။

သင်ကြိတ်ကြွေနေတဲ့သူရဲ့ အာရုံကို ဖမ်းစားနိုင်စေမယ်” လို့ ပေါက်ပေါက်ရှာရှာ တွေးမိကောင်းတွေးမိဖူးပါသလား။

တကယ်တော့ ချောင်းဆိုးခြင်းဆိုတာ ကြီးမားလွန်းတဲ့ ရောဂါဝေဒနာတွေမဟုတ်ပေမယ့် ချောင်းဆိုးခြင်းဟာ ပြင်းထန်တဲ့ရောဂါတွေကို အစပျိုးနေနိုင်တဲ့ ဘယ်လိုအကျိုးကျေးဇူးမှ မရှိစေတဲ့ ဝေဒနာတစ်ခုဖြစ်ပါတယ်။

ချောင်းရက်ဆက်ဆိုးတဲ့အခါ…

အအိပ်ပျက်အစားပျက်နဲ့ အားအင်ချိနဲ့စေတယ်။

လည်ချောင်းအမြှေးပါးတွေကို ထိခိုက်စေတယ်။

နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အနှောင့်အယှက်ဖြစ်စေတယ်။

ပြောဆိုဆက်ဆံရေးတွေကို နှောင့်နှေးကြန့်ကြာစေတယ်။

အခြားရောဂါတွေကို ဝင်ရောက်စေနိုင်တယ်။

မိမိအပြင် ပတ်ဝန်းကျင်မှာရှိနေတဲ့ သူတွေကိုပါ တည်ငြိမ်ငြိမ်းချမ်းမှု ပျက်ပြားစေနိုင်တယ်။

စတဲ့ ဆိုးကျိုးတွေအပြင် အခြားသော ဆိုးကျိုးပေါင်းများစွာ ရှိနေစေပါတယ်။ ဒါ့ကြောင့် ချောင်းဆိုးတဲ့အခါမှာ မှန်ကန်တဲ့ဆေးဝါးတွေကို သောက်သုံးဖို့၊ မှန်ကန်တဲ့ ကုသနည်းတွေနဲ့ ကုသမှုခံယူဖို့လိုသလို ချောင်းဆိုးခြင်းကြောင့် နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကိုလည်း ဖြေရှင်းထားဖို့လိုပါတယ်။ (၂) ပတ်ထက်ပိုပြီး ချောင်းဆိုးတယ်ဆိုရင်တော့ လိုအပ်တဲ့ စစ်ဆေးကုသမှုတွေကို သေချာခံယူဖို့လည်း အရေးကြီးပါတယ်။

အချစ်နဲ့ချောင်းဆိုးခြင်းဆိုတာ ထိန်းချုပ်လို့မရတာချင်းအတူတူ အချစ်က ဘေးနည်းပေမယ့် ချောင်းဆိုးခြင်းဆိုတာကတော့ ကျန်းမာရေးအတွက် ဘေးတွေချည်းပါပဲ။ ဒါ့ကြောင့် ချောင်းဆိုးတဲ့အခါ ဂရုတစိုက်ကုသကြဖို့ ဂန္ထဝင်မဂ္ဂဇင်းနဲ့ ကမ္ဘာကျော်ချောင်းဆိုးပျောက်ဆေး WOODS မှ ရေးသားတင်ဆက်ပေးလိုက်ပါတယ်ရှင်။