မိခင်တစ်ယောက်အတွက် စိတ်ချမ်းသာဖို့ အကောင်းဆုံးအချိန်…

blank

မိခင်ဆိုတဲ့ ခံစားမှုဟာကမ္ဘာပေါ်မှာအနူးညံ့ဆုံးနဲ့ အကောင်းဆုံးခံစားမှုတစ်ခုလို့ ကျွန်မထင်တယ်။ မိခင်တစ်ယောက်ဖြစ်လာတဲ့အခါမှာပထမဦးဆုံးအနေနဲ့ မိခင်တစ်ယောက်ရဲ့ မေတ္တာကိုအပြည့်အဝနားလည်လာခဲ့တယ်။ လောကထဲကိုတောင် ရောက်မလာသေးတဲ့ ကလေးလေးအတွက် စိတ်ကူးယဉ်အိပ်မက်တွေမက်ရင်းအချိန်တိုင်းဟာသိပ်ကိုချိုမြိန်လှတယ်။ ကိုယ်တိုင်စားချင်တဲ့ အစားအစာတွေထက် ကလေးလေးအတွက် ဘယ်လိုအစားအစာလေးတွေကအာဟာရဖြစ်မလဲဆိုတာကိုရွေးချယ်ပြီးတော့ စားသောက်ဖြစ်တယ်။ အရင်ကလိုအိပ်ကောင်းခြင်းမအိပ်ရပေမယ့် ဗိုက်ထဲမှာလူးလွန့်နေတဲ့ ကလေးလေးကိုလက်ကလေးနဲ့ အုပ်မိုးထားရင်းစကားတွေပြောဖြစ်တယ်။

ကလေးလေးအတွက် လိုအပ်တာလေးတွေ ပြင်ဆင်ပေးရင်းကလေးလေးရဲ့ အသုံးအဆောင်လေးတွေကိုထိတွေ့ရတာကဗျာတစ်ပုဒ်ဖတ်နေရတာနဲ့ တူနေပြန်တယ်။ မိခင်တစ်ယောက်ဖြစ်တဲ့အခါမှာစိတ်ချမ်းသာဖို့အကောင်းဆုံးအချိန်က

ကလေးလေးကိုကိုယ်လက်အင်္ဂါစုံလင်စွာပါရှိတယ်ဆိုတာကိုသိလိုက်ရတဲ့အချိန်….

ကလေးလေးရဲ့ ငိုသံလေးကိုပထမဦးဆုံးအကြိမ်ကြားလိုက်ရတဲ့အချိန်….

ကလေးလေး နှစ်ခြိုက်စွာအိပ်ပျော်နေတာကိုဘေးကနေထိုင်ကြည့်ရတဲ့အချိန်….

ကလေးလေးပထမဦးဆုံး ပြုံးတာကိုတွေ့လိုက်ရတာဟာကိုယ်ဖြစ်နေတဲ့အချိန်….

ကလေးလေးကပထမဦးဆုံးအမေလို့ စခေါ်တာကိုပီပီသသကြားလိုက်ရတဲ့အချိန်….

ကလေးလေးရဲ့ လိုအပ်ချက်တွေအားလုံးကိုလိုလေသေးမရှိ ဖြည့်ဆည်းပေးနိုင်တဲ့အချိန်….

ကလေးလေးကကိုယ့်လက်ကိုလက်ချောင်းသေးသေးတွေနဲ့ ဆုပ်ကိုင်ထားတဲ့အချိန်…..

မိခင်လောင်းဒါမှမဟုတ် မိခင်ဖြစ်စမိခင်တစ်ယောက်အတွက် မွေးကင်းစကလေးလေးအတွက် ပစ္စည်းလေးတွေ ဝယ်ရတဲ့အချိန်၊ သူတို့လောကကြီးထဲရောက်လာတဲ့အခါ သူတို့အတွက် အားလုံးအဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးပြီးမောရကောင်းမှန်းမသိတောင်မသိပါဘူး။ မိမိရဲ့ ကလေးလေးအတွက် လိုအပ်တာတွေဖြည့်ဆည်းရင်းပျော်နေတတ်တဲ့ မိခင်တစ်ယောက်အတွက် Diaper တွေ၊ တစ်ကိုယ်ရည်သန့်ရှင်းသုံးပစ္စည်းတွေ၊ ကလေးအသုံးအဆောင်ပစ္စည်းတွေနဲ့ အဝတ်အစားတွေကိုပရိုမိုးရှင်းပေးနေတဲ့ City Mart ရဲ့ “Sweet Deals for Your Little Ones” အစီအစဉ်လေးဟာလည်းမိခင်တွေအတွက် စိတ်ချမ်းသာစရာဖြစ်မှာသေချာပါတယ်။ မိမိကလေးအတွက် လိုအပ်တဲ့ ပစ္စည်းအစုံအလင်တွေကို promotion ပေးနေတဲ့ ဒီပွဲလေးဟာမိခင်တွေအတွက် စိတ်ချမ်းသာစရာဖြစ်မှာအသေအချာပဲပေါ့။ Promotion ကာလကတော့ သြဂုတ် (၃ဝ) ရက်ကနေစက်တင်ဘာလ (၁၂) ရက် အထိပါနော်။

စာချစ်သူများအတွက် ခံစားမှုရသလေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ City Mart မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။