Vitamin C ဖြည့်တင်းမယ်.. ဝမ်းဗိုက်အဆီတွေ ချမယ်။

blank

စာချစ်သူတို့ရေ…။

အရင်ကနဲ့မတူဘဲ ဘဝနေနည်းတွေပြောင်းလဲလာ၊  စားသောက်မှုပုံစံတွေ ကွဲပြားလာတာနဲ့အမျှ လူအများစုက ဝမ်းဗိုက်အဆီပြဿနာကို ကြုံတွေ့နေရပါတယ်။ ဝမ်းဗိုက်အဆီများခြင်းဟာ အလှအပအတွက် တစ်ခုတည်းတင်မကဘဲ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ နဲ့ အခြားရောဂါတွေကို ဖြစ်ပွားစေပါတယ်။ ဝမ်းဗိုက်အဆီများသူတွေအနေနဲ့ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု၊ အစားအစားအသောက်၊ ဘဝနေနည်းတွေကို ဂရုစိုက်ဖို့လိုသလို ဗီတာမင်-စီကိုလည်း ဖြည့်တင်းဖို့လိုပါတယ်။ လေ့လာမှုတွေအရ ဗီတာမင်-စီဟာ အဆီတွေ အထူးသဖြင့် ဝမ်းဗိုက်က အဆီတွေကို ကျစေတယ်လို့ သိရပါတယ်။

ဗီတာမင်-စီ ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေမှာ ကူညီပေးနိုင်ပြီး ဓာတ်ပြိုကွဲစေတဲ့ မော်လီကျူးထုတ်လုပ်မှုတွေကို ကူညီပေးနိုင်တဲ့အတွက် fatty တစ်ရှူးတွေကို ချေဖျက်စေပါတယ်။  ဗီတာမင်စီလုံလောက်မှုသာ မရှိဘူးဆိုရင် ခန္ဓာကိုယ်မှာ အဆီတွေတိုးလာပြီး တဖြည်းဖြည်းဝလာပါတော့တယ်။ ဒါ့ကြောင့် ဗီတာမင်-စီကိုသာ ပုံမှန်ဖြည့်တင်းသွားမယ်ဆိုရင် အဆီတွေလောင်ကျွမ်းစေပြီး ကျစ်လျစ်လှပလာမှာဖြစ်ပါတယ်။

ဗီတာမင်-စီကို များသောအားဖြင့် အသီးအရွက်တွေမှာ ရရှိစေပါတယ်။ ဗီတာမင်-စီဟာ ရေမှာပျော်ဝင်နိုင်တာကြောင့် ကျွန်မတို့စားသုံးလိုက်တဲ့ ဗီတာမင်-စီတွေဟာ ရေမှာပျော်ဝင်ပြီး ဆီးနဲ့အတူ အလွယ်တကူပဲ ခန္ဓာကိုယ်ကနေ စွန့်ထွက်သွားပါတယ်။ ဒါ့ကြောင့် ဗီတာမင်-စီကို နေ့စဉ်ပုံမှန်ဖြည့်တင်းပေးဖို့ လိုပါတယ်။

စာချစ်သူတို့ရေ….

ဗီတာမင်-စီဟာ ဝမ်းဗိုက်အဆီတွေ ကျစေတာတစ်ခုတည်းမဟုတ်ပါဘူး အရေပြားဆဲလ်အသစ်တွေဖြစ်ဖို့၊ တစ်ရှူးအသစ်တွေ ဖြစ်ပေါ်မှုနဲ့ အသားအရေလှပမှု၊ အရိုးအကြောတွေကို သန်မာကျန်းမာစေခြင်း စတဲ့ အကျိုးကျေးဇူးပေါင်းများစွာရှိနေပါတယ်။ အင်တီအောက်ဆီးဒင့် ဓာတ်လည်း ကြွယ်ဝတဲ့အတွက် ကင်ဆာရောဂါကိုလည်း ကူညီပေးနိုင်ပါတယ်။

စာချစ်သူတို့ရဲ့ ကျန်းမာရေးဗဟုအတွက် ဗီတာမင်-စီ ကြွယ်ဝတဲ့ Vicee နဲ့ ဂန္ထဝင်မဂ္ဂဇင်းတို့မှ ပူးပေါင်းစီစဉ်တင်ဆက်တဲ့ ဒီစာစောင်လေးကို နှစ်သက်တယ်ဆိုရင် ဝေမျှပေးလိုက်ပါဦး။