အပြစ်အနာအဆာကင်းတဲ့အလှတရားတွေကို တစ်ဖန်ပြန်မွေးဖွားပေးမယ့် လျှို့ဝှက်ချက်

blank

အခုတလော မှန်ကြည့်တိုင်း ကျွန်မစိတ်ညစ်နေရတယ်။

အမြဲချောမွေ့နေတဲ့ ကျွန်မမျက်နှာလေးပေါ်မှာ ဘယ်ကရောက်လာမှန်းမသိတဲ့တင်းတိပ်နဲ့ အ ရေးအကြောင်းတွေ ပေါ်လာလို့လေ။ ကျွန်မနဲ့ရွယ်တူ(၃ဝ)စွန်းစ သူငယ်ချင်းဝေဝေမျက်နှာလေးကျ တော့ ဘာအရေးအကြောင်း၊ တင်းတိပ်မှမရှိဘဲ မနာလိုစရာကောင်းလောက်အောင် နုပျိုချောမွေ့နေ တယ်။

အဲ့ဒါကြောင့် “ ဝေဝေရယ် နင်ကျတော့ ကံကောင်းလိုက်တာနော်။ ရွယ်တူချင်းကို နင်ကျတော့ ငါ့လိုတင်းတိပ်တွေလည်းမရှိ၊ အရေးအကြောင်းတွေလည်း မပေါ်ဘဲ လှနေလိုက်တာ” လို့ အားကျသံနဲ့ ပြောမိတော့ ဝေဝေကရယ်တယ်။

“ငါလည်း ရုံးသွားရုံးပြန်နေ့တိုင်း ကားစီးနေရတာ၊ နေဒဏ်၊ လေဒဏ်မခံရဘဲနေမှာလား။ မိတ် ကပ်တွေကလည်း နေ့တိုင်းလိမ်းနေရတော့ skin care လုပ်ဖို့ နည်းနည်းမေ့သွားတာနဲ့ နင့်လိုပဲ ဖြစ် တာပေါ့။ ဒါပေမဲ့ ငါက လျှို့ဝှက်ချက်သိထားတော့ အဆင်ပြေတယ်ဟ”

“ဟယ် ဟုတ်လား ပြောပြပါဦး နင့်လျှို့ဝှက်ချက်ကို” ကျွန်မလည်း သူ့လျှို့ဝှက်ချက်ကို သိချင်လွန်းလို့ မြန်မြန်ပြောပေးဖို့ တောင်းဆိုရတော့တာပေါ့။ အဲ့ဒီတော့မှ ဝေေ၀က

“ ပြောပြမှာပေါ့ သူငယ်ချင်းရေ။  ငါက တင်းတိပ်နဲ့ ဝက်ခြံတွေကို အလှအပနဲ့အရေပြားကုသမှုဆိုင်ရာဆေးခန်းမှာ လေဆာကုထုံးနဲ့ ကုထားတာ။ အဲ့ဒီမှာဆိုရင် တင်းတိပ်၊ ဝက်ခြံ၊ ဝက်ခြံအမာရွတ်၊ အရေးအကြောင်း၊ မလိုအပ်တဲ့အမွှေးအမျှင်တွေ ဖယ်ရှားတာ၊ နုပျိုတဲ့ အသားအရေကို ပြန်လည်မွေးဖွားပေးတာ၊ တက်တူးတွေဖယ်ပေးတာ၊ မျက်နှာနဲ့ခန္ဓာကိုယ်ပေါ်က အဆီပိုတွေကို ဖယ်ရှားပေးတာ၊ မျက်နှာအရေပြား ပြန်တင်းရင်းအောင် ကုသပေးတာ၊ သွေးရည်ကြည်ကုထုံးတွေအပြင် စောစောက နင်ပြောသလို နှုတ်ခမ်းနဲ့ မျက်လုံးတဝိုက်က အရေးအကြောင်းတွေ၊ နေရောင်ခြည်ဒဏ်ကြောင့် အသားအရေတွေမွဲခြောက်ပြီး ပျက်စီးတာတွေကိုပါ ကုသလို့ရတယ်ဟ။ သြော်… ပြီးတော့ အဲ့ဒီမှာ နောက်တစ်ခုလုပ်လို့ရသေးတယ် သိလား။ အခုခေတ်စားနေတဲ့ Botox Treatment တွေလေ။ FDA approved ရထားတဲ့ Botox တွေနဲ့ ကုသပေးတာမို့ ဘာမှပူစရာမလိုဘဲ စိတ်လည်းချရတယ်”

အတွေ့အကြုံမရှိလို့ နာကျင်မှာကြောက်နေတဲ့ကျွန်မကို ဝေဝေက ထပ်ပြောပါသေးတယ်။

“အဲ့ဒါတော့ မပူနဲ့။ စက်တွေကလည်း Alma Laser Company က Haromony XL Pro နဲ့ Accent Prime စက်ကြီးတွေကို သုံးတာဟ။ ကုသပေးနေတဲ့ဆရာဝန်တွေကလည်း အင်္ဂလန်နိုင်ငံနဲ့ ထိုင်းနိုင်ငံမှာ အသားအရေနဲ့ အရေပြား အထူးပြုလေ့လာခဲ့တဲ့ ဆရာဝန်တွေလေ။ အဲ့ဒါကြောင့် နာကျင်မှုနည်းပြီးတော့ ဘေးထွက်ဆိုးကျိုးလည်း မရှိသလောက်နည်းတယ်။ ငါဆို လေဆာကုထုံနဲ့ ကုသပြီးထဲက မှန်ကြည့်တိုင်း စိတ်ချမ်းသာတယ်”

“ ဒီလောက်တောင် ညွှန်းနေမှတော့ ငါလည်းသွားမယ် သူငယ်ချင်းရေ။ ဒါနဲ့ နင်ပြောတဲ့ ဆေးခန်းနာမည်က ဘာလဲဟင်”

“ ပန်းလှိုင်စီလုံဆေးရုံကြီး အခွဲ ပန်းလှိုင်ဆေးခန်းတဲ့။ သြော် အရေးကြီးတာမေ့တော့မလို့။ ပန်းလှိုင်စီလုံဆေးခန်းမှာ နိုင်ငံတကာအတွေ့အကြုံရှိ ကျွမ်းကျင်အရေပြားနဲ့အလှအပရေးရာဆိုင်ရာ ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင်လည်း မသွားခင် ကြိုတင်ရက်ချိန်း ယူလို့ရတယ်နော်”

ကဲ… ကျွန်မလည်း ဝေဝေ့လို မှန်ကြည့်တိုင်းလှပတဲ့မျက်နှာလေးမြင်ရဖို့ ပန်းလှိုင်စီလုံဆေးရုံကြီး အခွဲ မြို့ထဲ ဗိုလ်ချုပ်အောင်ဆန်းလမ်းမှာ ဖွင့်ထားတဲ့ ပန်းလှိုင်ဆေးခန်းကို သွားလိုက်ဦးမယ်နော်။ သူငယ်ချင်းတို့ကော လိုက်ကြဦးမလား။

မိတ်ဆွေတို့ရဲ့အလှအပနဲ့အရေပြားဆိုင်ရာဗဟုသုတလေးတွေရရှိစေဖို့ ဂန္ထဝင်မဂ္ဂဇင်းနဲ့ ပန်းလှိုင်စီလုံဆေးရုံတို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်ရှင်။