ကျန်းမာရေးကောင်းဖို့ စားသုံးသင့်တဲ့ သစ်ဥသစ်ဖုများ

blank

သစ်ဥသစ်ဖုတွေဟာ သဘာဝတရားကြီးက ကျွန်မတို့ရဲ့ ကျန်းမာရေးအတွက်ပေးထားတဲ့ အကောင်းဆုံးလက်ဆောင်လေးတွေပါ။ တချို့ အပင်တွေရဲ့ အခေါက်တွေ အစေ့တွေနဲ့ အမြစ်တွေဟာ ကျွန်မတို့အတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာလေးတွေနဲ့ တူပါတယ်။ တချို့သစ်ဥသစ်ဖုတွေက ကျွန်မတို့ကို  သက်လုံကောင်းမွန်စေတယ်။ တချို့ကကျွန်မတို့ကို မဖျားနာအောင် ကာကွယ်ပေးတယ်။ တချို့က ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတွေကို ကာကွယ်ပေးပြီး တချို့တွေကတော့ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ကိုနွေးထွေးစေတယ်။

ဒါ့ကြောင့် ရှေးလူကြီးတွေက သစ်ဥသစ်ဖုလေးတွေကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုခဲ့သလို ရေနွေးမှာခတ်သောက်ဖို့၊ ပြုတ်သောက်ဖို့ စသည်ဖြင့် ဦးဆောင်လမ်းပြစားသုံးပေးခဲ့ကြပါတယ်။ ဒါ့ကြောင့်ကျန်းမာရေးအတွက် အရေးပါလွန်းတဲ့အတွက် သုံးဆောင်သင့်တဲ့ သစ်ဥသစ်ဖုလေးတွေကို စာချစ်သူတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ ဖာလာစေ့ဟာ ယောင်ယမ်းမှုတွေကို ကာကွယ်ပေးပြီး သွေးဖိအားတွေကို ကျစေတဲ့အပြင် ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို ကာကွယ်ပေးပါတယ်။

၂။ ငရုတ်ကောင်း ဟာ ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းမွန်စေပြီး သွေးကြောတွေကို ကျန်းမာသန်စွမ်းစေပါတယ်။

၃။ သစ်ကြံပိုးခေါက်က ယောင်ယမ်းမှုတွေကို သက်သာစေပြီး၊ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်။ အဲလ်ဇိုင်းမားဖြစ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

၎။ ကိုကိုးမှုန့်ဟာ အဲင်တီအောက်ဒီဒင့်ဓာတ်ပါဝင်ပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

၅။ ဇီယာစေ့ ဟာ သံဓာတ်ပြည့်ဝပြီး အဆီကျစေပါတယ်။

၆။ ကြက်သွန်ဖြူဟာ နှလုံးရောဂါ၊ သွေးတိုးရောဂါကို ကာကွယ်ပေးပြီး မကောင်းတဲ့ကိုလက်စထရောတွေကို ကျစေပါတယ်။

၇။ ဂျင်းဟာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး အစာချေလမ်းကြောင်းကိုလည်း ကောင်းမွန်စေပါတယ်။ ယောင်ယမ်းနာကျင်မှုတွေကို သက်သာစေပြီး ကင်ဆာရောဂါ ကာကွယ်ရေးမှာ သိပ်ကိုအရေးပါပါတယ်။

၈။ နနွင်း ဟာ နှလုံးရောဂါတွေ၊ အဲလ်ဇိုင်းမားရောဂါတွေကို သက်သာစေတဲ့အပြင် ရုတ်တရက်ပြောင်းလဲတဲ့ ရာသီဥတုကြောင့်ဖြစ်တတ်တဲ့ ဖျားနာခြင်းတွေကိုလည်း ကာကွယ်ပေးပါတယ်။

၉။ ပတဲကောဟာ ခန္ဓာကိုယ်ကို နွေးထွေးစေပြီး သက်လုံးကောင်းစေပါတယ်။

Eugica- ယူဂျီကာမှာ ကိုယ်ခံစွမ်းအားစနစ်ကို သဘာဝအတိုင်းမြှင့်တင်ပေးနိုင်တဲ့ ဖြစ်ပြီး ဂျင်း၊ ပတဲကော၊ ငရုတ်ကောင်း၊ ပိတ်ချင်းသီး၊ နနွင်းနွယ်၊ နွယ်ချို၊ မုယားကြီးအပါအဝင် အစွမ်း ထက် ဆေးဖက်ဝင် သစ်မြစ်သစ်ဖုပေါင်း ၁၄ မျိုးပါဝင်ပါတယ်။ ဘေးဥပဒ်မရှိတဲ့အပြင် အချိန်၊ နေရာမရွေး သောက်သုံးနိုင်ပါတဲ့ ဆေးရေနွေးဖြစ်တဲ့အတွက် အမြဲသောက်သုံးပေးသွားမယ်ဆိုရင် ရာသီဥတုအကူးအပြောင်းမှာ ဖြစ် လေ့ရှိကြတဲ့ နှာစေး၊ ချောင်းဆိုး၊ ဖျားနာခြင်းတွေကို ကာကွယ်ပြီးသားဖြစ်တာကြောင့် တစ်နှစ်ပတ်လုံး ကျန်းကျန်းမာမာနဲ့ ကျော်ဖြတ်နိုင်ပြီပေါ့။

ဒါ့ကြောင့် ကျန်းမာခြင်းအတွက် သောက်သုံးသင့်တဲ့ သစ်ဥသစ်ဖုလေးတွေပါဝင်တဲ့ Eugica- ယူဂျီကာကို သောက်သုံးပြီး အောင်မြင်တဲ့ဘဝတွေဆီကို တက်လှမ်းနိုင်ကြပါစေရှင်။