ချောင်းအဆက်မပြတ်ဆိုးနေရင် ဒီလိုဆိုးကျိုးလေးတွေဖြစ်လာနိုင်ပါတယ်။

blank
စာချစ်သူတို့ ရေ

အသက်ရှူလမ်းကြောင်းနဲ့ လည်ချောင်းတစ်လျှောက်မှာ ကပ်နေတတ်တဲ့ ချွဲသလိပ်၊ ရောဂါပိုးမွှားနဲ့  ပြင်ပက ဝင်လာတဲ့အမှုန့် လေးတွေကို အဆုတ်ကနေဖယ်ထုတ်ပစ်ဖို့အတွက် ချောင်းဆိုးတတ်ပါတယ်။ အမှုန်အမွှားတွေ ဝင်တာကြောင့်မဟုတ်ဘဲ အဆက်မပြတ်ချောင်းဆိုးနေတယ်ဆိုရင်တော့ အခြားနာတာရှည်ရောဂါတွေဖြစ်နိုင်သလို ခန္ဓာကိုယ်အတွင်းပိုင်းက အခြားအင်္ဂါတွေအထိ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

ချောင်းအဆက်မပြတ်ဆိုးနေတဲ့အခါ…..
  • ချောင်းဆိုးလိုက်တဲ့အချိန်မှာ ကြွက်သားတွေက အားစိုက်ပြီး ဖိအားတစ်ခုကို ထုတ်ပေးလိုက်ရတာကြောင့် ချောင်းရက်ရှည်ဆိုးတဲ့အခါ ခန္ဓာကိုယ်အတွင်းက  ကြွက်သားတွေကို ထိခိုက်စေပြီး ကြွက်သားနာကျင်မှုကို ဖြစ်ပေါ်စေပါတယ်။
  • အဓိကအားဖြင့် အမျိုးသမီးတွေနဲ့ အရိုးသိပ်သည်းဆနည်းသူတွေအနေနဲ့ နာတာရှည်ချောင်းဆိုးတဲ့အခါ   နံရိုးကျိုးပဲ့တာတွေ ဖြစ်စေတတ်တယ်။ တစ်ခါတလေမှာဆိုရင်  သာမန်အရိုးသိပ်သည်းဆရှိနေတဲ့ သူတွေမှာတောင် နံရိုးကျိုးပဲ့တာတွေ ဖြစ်လာစေနိုင်တာကြောင့် ချောင်းရက်ရှည်ဆိုးနေတဲ့အခါ မပေါ့ဆသင့်ပါဘူး။
  • ပြင်းပြင်းထန်ထန်ချောင်းဆိုးခြင်းက သွေးကြောလေးတွေကိုတောင် ပျက်စီးစေနိုင်တဲ့အပြင် သွေးယိုစိမ့်တာတွေကိုလည်း  ဖြစ်စေတတ်ပါတယ်။
  • ချောင်းအဆက်မပြတ်ဆိုးတဲ့အခါ သာမန်အသက်ရှူလုပ်ငန်းစဉ်ကို လုပ်နေကျဖြစ်တဲ့ ရင်ဝမ်းခြားကြွက်သားဟာ အပေါ်ကို တွန်းပို့ခြင်းခံရပြီး ရွေ့ လျားမှုပုံစံမမှန်တော့တာကြောင့် ရုတ်တရက် ပေါက်ကွဲထွက်လာစေနိုင်တယ်။
  • ချောင်းဆိုးခြင်းက ဝမ်းဗိုက်နံရံတွေကို ပါးလွှာပျက်စီးစေနိုင်ပြီး ဝမ်းဗိုက်အတွင်း အူတွေနဲ ဝမ်းဗိုက်ကြွက်သား နှစ်ခုလုံးကို စုတ်ပြဲစေနိုင်တယ်။
  • နာတာရှည် ချောင်းဆိုးခြင်းက လည်ချောင်းတစ်ရှူးတွေကို ယောင်ယမ်းလာပြီး ရောဂါပိုးတွေ အလွယ်တကူဝင် ရောက်လာစေတတ်တယ်။
  • အဆက်မပြတ်ချောင်းဆိုးခြင်းဟာ သွေးချောင်းဆိုးခြင်းကို ဖြစ်ပေါ်စေပါတယ်။ သွေးအစအန အနည်းငယ်လေးပါတဲ့ ချောင်းဆိုးခြင်းဟာ သင့်အဆုတ်က အခြေအနေဖြစ်တာကြောင့် သင့်ရင်ဘတ်ထဲမှာ ရောဂါပိုးဝင်ရောက်နေပြီဆိုတဲ့ လက္ခဏာပါပဲ။ နာတာရှည်ချောင်းဆိုးခြင်းက သင့်ရင်ဘတ်အပိုင်းထဲ ရောဂါပိုးဝင်ရောက်တဲ့အထိ ဖြစ်လာစေတတ်တယ်။

စာချစ်သူတို့ ရေ

ချောင်းဆိုးတဲ့အခါမှာ အရည်အသွေးကောင်းတဲ့ ချောင်းဆိုးပျောက်ဆေးတွေ သောက်ဖို့ လိုအပ်သလို နာတာရှည်ချောင်းဆိုးရောဂါအထိ မဖြစ်လာစေဖို့ အမြန်ဆုံးကုသဖို့ လိုအပ်ပါတယ်။ နှစ်ပတ်ထက်ပိုပြီး ချောင်းဆိုးနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့  ပြပြီး ရောဂါရှာဖွေတာက အကောင်းဆုံးပါပဲ။

စာချစ်သူများ ကျန်းမာရေးအသိဗဟုသုတတွေ တိုးပွားစေဖို့ ယခုဆောင်းပါးလေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ WOODS’ မှ ပူးပေါင်းတင်ဆက်ပေးလိုက်ပါတယ်။ WOODS’မှာ အနီရောင်နဲ့ အပြာရောင် နှစ်မျိုးရှိပါတယ်။ အနီရောင်က လည်ချောင်းယားပြီးဆိုးတဲ့ ချောင်း ခြောက်ဆိုးတာတွေကို သက်သာစေပြီး အပြာရောင်ကတော့ ချွဲသလိပ်ကပ်ပြီးဆိုးတဲ့ ချောင်းဆိုးခြင်း ကို သက်သာပျောက်ကင်းစေပါတယ်။ ဒါ့ကြောင့် “တဟွတ်ဟွတ်”နဲ့ လောကကြီးကို အနှောက်ယှက်ပေးနေတဲ့ ချောင်းဆိုးသံလေးတွေကို ရပ်တန့် လိုက်ဖို့ WOODS’ ရှိနေတယ်ဆိုတာ သတိရလိုက်ပါနော်။