လျစ်လျူမရှုသင့်တဲ့ ချောင်းဆိုးခြင်း (၆) မျိုး

blank

ရာသီဥတုအကူးအပြောင်းမှာ ချောင်းဆိုးတတ်တာက သဘာဝပါ။ ဒါပေမဲ့ ချောင်းဆိုးခြင်းဟာ သာမန်မဟုတ်တော့ဘဲ ရက်ကြာနေပြီဆိုရင် အခြားလက္ခဏာတွေပါ ပူးတွဲပါနေပြီဆိုရင်တော့ သတိထားစရာပါပဲ။ ဒါ့ကြောင့် ဘယ်လိုမျိုးချောင်းဆိုးနေရင် သတိထားရမယ်ဆိုတာကို စာချစ်သူတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ ကြက်ညှာချောင်းဆိုးဖြစ်ခြင်း

ကြက်ညှာချောင်းဆိုးရောဂါဟာ အအေးမိပြီး ချောင်းဆိုးတဲ့ ပုံစံမျိုးဖြစ်ပေမယ့် ရက်ကြာလာတဲ့အခါ အန်ခြင်း၊ မောပန်းခြင်းနဲ့ ချောင်းအဆက်မပြတ်ဆိုးခြင်းတွေ ဖြစ်စေတတ်ပါတယ်။ စောစောစီးစီး ကုသမှု မခံယူဘူးဆိုရင် နာတာရှည်ရောဂါအဖြစ် ပြောင်းသွားပြီး ကုရခက်စေပါတယ်။ ဒါ့ကြောင့် ချောင်းဆိုးပျောက်ဆေးတွေ သောက်ရက်နဲ့ ချောင်းဆိုးတာ ရက်ရှည်နေပြီဆိုရင် စနစ်တကျ စစ်ဆေးကုသသင့်ပါတယ်။

၂။ ချောင်းဆိုးသွေးပါခြင်း။

အဆက်မပြတ်ချောင်းဆိုးခြင်းကြောင့် လည်ချောင်းနာပြီး ချောင်းဆိုတာ ဖြစ်နိုင်သလို အဆုတ်ရောင်ရောဂါ၊ မျိုးရိုးလိုက်တဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်တဲ့ရောဂါ၊ အဆုတ်ပြည်တည်တာနဲ့ ပိုးဝင်တာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ချောင်းဆိုးသွေးပါတဲ့အခါ ဆရာဝန်နဲ့ ပြသပြီး ရောဂါအရင်းအမြစ်ကို ရှာဖွေဖို့လိုပါတယ်။

၃။ နာတာရှည် ချောင်းဆိုးခြင်း။

နာတာရှည်ချောင်းဆိုးခြင်းဟာ သုံးပတ်ကနေ ရှစ်ပတ်အထိကြာနိုင်သလို လပေါင်း နှစ်ပေါင်းအဖြစ် ကြာနိုင်ပါတယ်။ ပန်းနာရင်ကြပ်နဲ့ အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ တစ်ခုခု စွဲကပ်နေတာဖြစ်နိုင်တာကြောင့် စောစီးစွာ ရောဂါရှာဖွေပြီး ကုသဖို့လိုပါတယ်။

၎။ ချောင်းဆိုးတဲ့အခါ ရင်ဘတ်နာခြင်း။

အအေးမိတဲ့အခါမှာပဲဖြစ်ဖြစ်၊ အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်တဲ့အခါမှာပဲဖြစ်ဖြစ် ချောင်းဆိုးတဲ့အခါ ရင်ဘတ်နာတတ်ပါတယ်။ အကယ်၍ အဲ့ဒီလိုချောင်းဆိုးတာက ရက်ရှည်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

၅။ ချောင်းဆိုစဉ် အသက်ရှူကြပ်ခြင်း။

ချောင်းဆိုးနေတဲ့အခါမှာ အသက်ရှူကြပ်တာဟာ ပန်းနာရင်ကြပ်၊ လေပြွန်ယောင်တာနဲ့ အဆုတ်အအေးပတ်တာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အကြောင်းအရင်းကို စစ်ဆေးပြီး အစောတလျဉ်ဆေးကုသမှု ခံယူသင့်ပါတယ်။

၆။ ဖျားနာနေစဉ်ချောင်းဆိုးခြင်း။

ဖျားနာနေစဉ်ချောင်းဆိုးခြင်းဟာ ဘတ်တီးရီးယားကူးစက်ခံရတာတွေ ဖြစ်နိုင်တာကြောင့် လိုအပ်တဲ့ ချောင်းဆိုးပျောက်ဆေး၊ ပိုးသတ်ဆေးတွေ စနစ်တကျသောက်သုံးသင့်ပါတယ်။ အရည်အသွေးပြည့်ဝပြီး အာမခံချက်ပြည့်ဝတဲ့ ချောင်းဆိုးပျောက်ဆေးတွေကို ရွေးချယ်တတ်ဖို့ လိုပါတယ်။

စာချစ်သူများ ကျန်းမာရေးအသိဗဟုသုတတွေ တိုးပွားစေဖို့ ယခုဆောင်းပါးလေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ WOODS’ မှ ပူးပေါင်းတင်ဆက်ပေးလိုက်ပါတယ်။ WOODS’မှာ အနီရောင်နဲ့ အပြာရောင် နှစ်မျိုးရှိပါတယ်။ အနီရောင်က လည်ချောင်းယားပြီးဆိုးတဲ့ ချောင်း ခြောက်ဆိုးတာတွေကို သက်သာစေပြီး အပြာရောင်ကတော့ ချွဲသလိပ်ကပ်ပြီးဆိုးတဲ့ ချောင်းဆိုးခြင်း ကို သက်သာပျောက်ကင်းစေပါတယ်။ ချောင်းဆိုးနေလို့ ဆေးစွမ်းကောင်းတစ်လက်လိုချင်တယ်ဆိုရင်တော့ ကမ္ဘာကျော်ချောင်းဆိုးပျောက်ဆေး WOODS’ ရှိတယ်ဆိုတာကိုသာ သတိရလိုက်ပါနော်။