အကိုက်အခဲပျောက်ဆေးသောက်သူတွေ ပြုလုပ်မိလေ့ရှိတဲ့အမှားလေးများ

blank

ဂန္ထဝင်စာချစ်သူတို့ရေ…

ကျွန်မတို့တွေဟာ အသွေးအသားနဲ့တည်ဆောက်ထားကြတာမို့ နာကျင်ကိုက်ခဲမှုတွေ၊ ဖျား နာမှုတွေနဲ့လည်း မကင်းနိုင်ကြပါဘူး။ ဒီတော့ အကိုက်အခဲပျောက်ဆေးတွေဆိုတာလည်း ကျွန်မတို့ အတွက် မစိမ်းတဲ့ဆေးတစ်လက်ဖြစ်နေပါပြီ။ တန်ဆေးလွန်ဘေးဆိုသလို လိုအပ်လို့သောက်တာပေမဲ့ နည်းလမ်းမကျရင် ဆေးကလည်း အာနိသင်မထိရောက်တာ၊ ဘေးထွက်ဆိုးကျိုးတွေရှိတာတွေ ကြုံကြ ရပါတယ်။ အထူးသဖြင့် အကိုက်အခဲပျောက်ဆေးတွေနဲ့ပတ်သက်ပြီး လူတွေ မှားတတ်တဲ့ အမှားလေး တွေရှိနေပါတယ်။

အဲ့ဒါတွေကတော့…

၁။ တစ်ကြိမ်တည်းနဲ့များများသောက်တာ

၂။ ဆေးညွှန်းကို လုံးဝမဖတ်တာ

၃။ ဘယ်အချိန်နောက်ဆုံးသောက်ခဲ့လဲဆိုတာကို မေ့နေတာ

၎။ မကြာခဏသောက်တာ

၅။ သူများအတွက် ညွှန်းထားတဲ့ဆေးကို ကိုယ့်သဘောနဲ့ကိုယ်သောက်တာ

၆။ အိပ်ဆေးသောက်ပြီး ကားမောင်းတာ

စတဲ့အချက်တွေပါ။ ဒါတွေဟာ ဆေးစွမ်းမထိရောက်စေရုံသာမက ကျန်းမာရေးအတွက်ဘေး ထွက်ဆိုးကျိုးတွေကိုပါ  ရရှိစေနိုင်တဲ့ အပြုအမူအမှားတွေ ဖြစ်ပါတယ်။ အဲ့ဒီအမှားတွေကို ရှောင်ကြဉ် မှသာ ထိရောက်တဲ့ဆေးအာနိသင်ကို အပြည့်အဝရရှိစေမှာပါ။ ဆေးသောက်ရာမှာ မှန်ကန်ထိရောက် တဲ့ နည်းလမ်းတွေကို လိုက်နာခြင်းဖြင့် ပိုမိုကျန်းမာပျော်ရွှင်သော မိသားစုဘဝများကို ပိုင်ဆိုင်နိုင်ကြ ပါစေရှင်။

စာချစ်သူများကျန်းမာရေးဆိုင်ရာဗဟုသုတလေးတွေ ရရှိစေဖို့ ယခုစာစောင်လေးကို ဂန္ထဝင် မဂ္ဂဇင်း နဲ့ အအေးမိ၊ တုပ်ကွေး၊ ဖျား နာ၊ ကိုက်ခဲမှုဝေဒနာတွေကို အမြန်ဆုံးသက်သာ ပျောက်ကင်းစေ နိုင်တဲ့ Fluza တို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။