ဘယ်အချိန်မှာ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်သင့်တာလဲ။

blank

စာချစ်သူတို့ရေ…။

ကျွန်မတို့အများစုဟာ နေထိုင်မကောင်းတဲ့ အချိန်မှာပဲ ကျန်းမာရေးအတွက် စစ်ဆေးချက်တွေ ပြုလုပ်ရမယ်လို့ ထင်နေတတ်ကြပါတယ်။ တကယ်တော့ ကျန်းမာရေးအတွက် လိုအပ်တဲ့စစ်ဆေးမှုတွေကို ကြိုတင်ပြုလုပ်ထားခြင်းဟာ နေ့စဉ်နေထိုင်မှုဘဝအတွက် များစွာအထောက်အကူပြုနိုင်ပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးစစ်ဆေးမှု (Health Screening) ကို လုပ်သင့်တဲ့ အကြောင်းအရင်းလေးတွေကို စာချစ်သူတို့ ဗဟုသုတရရှိစေဖို့ တင်ဆက်ပေးလိုက်ပါတယ်ရှင်။

ဘယ်အချိန်မှာ Health Screening လုပ်သင့်တာလဲ။

  • နှစ်စဉ် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုပြုလုပ်လိုတဲ့အခါ
  • နေထိုင်မကောင်းတဲ့အခါ
  • ရောဂါတစ်ခုခု စွဲကပ်နေပြီလို့ သံသယရှိနေတဲ့အခါ
  • အိမ်ထောင်ပြုဖို့ ဆုံးဖြတ်တဲ့အခါ
  • ကလေးယူဖို့ စီစဉ်နေတဲ့အခါ
  • ကိုယ်ဝန်ရှိနေတဲ့အချိန် မိခင်နဲ့ကလေး ကျန်းမာရေးကို စစ်ဆေးချင်တဲ့အခါ
  • ဆေးဝါးတစ်ခုခုကို သောက်သုံးပြီး ဘယ်လိုရလဒ်တွေရှိနေလဲဆိုတာကို တိုင်းတာချင်တဲ့အခါ
  • မျိုးရိုးလိုက်တဲ့ရောဂါရှိတဲ့ အခါ
ဘယ်လိုအသက်အရွယ်မှာ ကျန်းမာရေးစစ်ဆေးမှု (Medical Check-up) ကို စတင်ပြီး ပြုလုပ်သင့်တာလဲ။ 
  • အသက် (၃ဝ) နဲ့ အသက်(၃ဝ) အောက် လူငယ်တွေအနေနဲ့ နှစ်နှစ် (သို့မဟုတ်) သုံးနှစ်တစ်ခါ health check-up ပြုလုပ်သင့်ပါတယ်။ လိုအပ်တဲ့စစ်ဆေးမှုတွေကြိုတင်လုပ်ထားခြင်း၊ နေထိုင်စားသောက်မှု ပုံစံတွေကို ဆရာဝန်နဲ့ ဆွေးနွေးထားခြင်း၊ လိုအပ်တဲ့ကာကွယ်ဆေးတွေ ထိုးထားခြင်းဟာ သက်ကြီးပိုင်းမှာဖြစ်လာမယ့် ကျန်းမာရေးပြဿနာတွေကို ကြိုတင်ဖြေရှင်းပြီးဖြစ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ အပျိုဖော်ဝင်စအချိန်မှစတင်ပြီး သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးထားသင့်ပါတယ်။
  • အသက် (၃ဝ) နဲ့ (၄ဝ) အတွင်း လူရွယ်တွေအနေနဲ့ နှစ်စဉ် Health-up ပြုလုပ်သင့်ပါတယ်။ တစ်ခါတရံမှာ ဆီးချို၊ သွေးတိုးရောဂါ နဲ့ သွေးတွင်းအဆီများခြင်းတွေဟာ ရောဂါလက္ခဏာမပြပေမယ့် စစ်ဆေးကြည့်မှ သိနိုင်တာမျိုးဖြစ်တတ်ပါတယ်။ အသက် (၄ဝ) အရွယ် အမျိုးသမီးတွေအနေနဲ့ ရင်သားကင်ဆာ ရှိမရှိ စစ်ဆေးထားသင့်ပါတယ်။
  • အသက် (၅ဝ) အထက် အမျိုးသမီးနဲ့ အမျိုးသားတွေအားလုံးကို ခြိမ်းခြောက်နေတဲ့ ရောဂါကတော့ အူမကြီးကင်ဆာပါပဲ။ ဒါ့ကြောင့် အသက်(၅ဝ) ကျော်လာတာနဲ့ အူလမ်းကြောင်းကို မှန်ပြောင်းနဲ့ နှစ်စဉ်စစ်ဆေးသင့်ပါတယ်။ အမျိုးသမီးတွေအနေနဲ့လည်း ရင်သားအကျိတ်ရှိမရှိ ပုံမှန်ဓာတ်မှန်ရိုက်ပြီး စစ်ဆေးသင့်ပါတယ်။
  • အသက် (၆၅) နှစ်ကျော်လာတဲ့ သက်ကြီးပိုင်းအရွယ်တွေဟာ နာဖျားလွယ်လာတာ၊ အအေးမိလွယ်လာတာတွေဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အဆုတ်ယောင်ရောဂါ ကာကွယ်ဆေး၊ နဲ့ တုပ်ကွေးရောဂါ ကာကွယ်ဆေးတွေကို ကြိုတင်ထိုးထားသင့်ပါတယ်။

Medical Check-up လုပ်တော့မယ်ဆိုရင်…

  • ကျန်းမာရေးစစ်ဆေးမဲ့ ရက်ချိန်းမတိုင်မီညတွင် အနည်းဆုံး (၈)နာရီကြိုပြီး အစာနှင့်အရည်ကို မစားသောက်ဖို့ လိုအပ်ပါတယ်။ ရေသောက်လိုပါက သောက်နိုင်ပါတယ်။
  • သောက်သုံးနေကျဆေးဝါးတွေရှိရင်လည်း သွေးဖောက်ပြီးတဲ့အချိန်ထိစောင့်ပြီးမှ သောက်သင့်ပါတယ်။
  • ဆေးလိပ်သောက်သူဖြစ်ပါက ကျန်းမာရေးစစ်ဆေးမဲ့နေ့တွင် ဆေးလိပ်မသောက်သင့်ပါ။
  • အမျိုးသမီးများ ဓမ္မတာပေါ်နေချိန် ဆီးနှင့်ဝမ်းစစ်ဆေးခြင်း မပြုလုပ်သင့်ပါ။
  • ရင်သားဓါတ်မှန်ရိုက်မယ်ဆိုပါက ချွေးနံ့ပျောက်ဆေး၊ ရေမွှေး၊ ပေါင်ဒါနှင့် Lotion များကို လက်မောင်းနှင့်ရင်သားနေရာတစ်ဝိုက် မသုံးစွဲပါနှင့်။
  • အမျိုးသမီးများ သားအိမ်ခေါင်းအသားစယူခြင်းကို ရာသီလာပြီး အနည်းဆုံး (၇)ရက် ကျော်လွန်ပြီးမှသာ စစ်သင့်ပါတယ်။ မစစ်ဆေးမီ အမျိုးသမီးအသုံးအဆောင်ပစ္စည်းများ၊ သန့်စင်ရည်များ မသုံးရပါ။

စာချစ်သူတို့ရေ…။

ကာကွယ်ခြင်းက ကုသခြင်းထက် ထိရောက်တယ်လို့ဆိုတဲ့အတိုင်း ကျန်းမာရေးအတွက် ပုံမှန် ကျန်းမာရေးစစ်ဆေးမှု (Medical check-up) တွေလုပ်တာဟာ ခန္ဓာကိုယ်အတွင်း ဖြစ်ပေါ်နေတဲ့ရောဂါတွေကို စောလျင်စွာသိနိုင်တဲ့အပြင် ထိရောက်တဲ့ကုသမှုကို စောစီးစွာ ခံယူနိုင်တဲ့အတွက် အသက်ဆုံးရှုံးမှုမှ ကာကွယ်နိုင်ခြင်းနဲ့ ကုန်ကျစရိတ်သက်သာခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ခံစားရစေပါတယ်။ ကျန်းမာရေးစစ်ဆေးမှု (Medical Check-up) တွေ လုပ်တော့မယ်ဆိုရင် ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်တဲ့ ဆေးရုံကို ရှာဖွေဖို့လိုသလို၊ လွတ်လပ်စွာ ဆွေးနွေးနိုင်ပြီး နွေးထွေးစွာ နှစ်သိမ့်မှုတွေပေးနိုင်တဲ့ ဆရာဝန်တွေရှိရာ ဆေးရုံကို ရွေးချယ်ဖို့လိုပါတယ်။

ဘာကြောင့် ပန်းလှိုင်စီလုံဆေးရုံမှာ ကျန်းမာရေးစစ်ဆေးမှု (Medical Check-up) ကို ပြုလုပ်သင့်တာလဲ။

ပန်းလှိုင်စီလုံဆေးရုံမှာဆိုရင် အသက်အရွယ်အပိုင်းခြားလိုက်၊ စစ်ဆေးလိုတဲ့ အမျိုးအစားလိုက် Package မျိုးစုံရှိတဲ့အပြင်၊ ကုမ္ပဏီဝန်ထမ်းများအတွက်လည်း Pre-Employment Package များကို One Stop Medical Check-up Center ထားရှိပြီး ဝန်ဆောင်မှုတွေ ပေးနေတဲ့အတွက် မိမိကြိုက်နှစ်သက်ရာ Package တွေကို ရွေးချယ်ပြီး ကျန်းမာရေးစစ်ဆေးမှုတွေကို ပြုလုပ်နိုင်ပါတယ်။ ကျန်းမာရေးစစ်ဆေးမှုတွေ မပြုလုပ်မီမှာ ပန်းလှိုင်စီလုံဆေးရုံရဲ့ Medical Check-up Center  ကို ကြိုတင်စာရင်ပေးသွင်းဖို့တော့လိုမယ်နော်။

စာချစ်သူတို့အတွက် ဗဟုသုတလေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ ပန်းလှိုင်ဆေးရုံတို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။