ဗီတာမင်ဓာတ်ချို့တဲ့ တဲ့အခါ ဘာတွေဖြစ်လာနိုင်လဲ။

blank

ဂန္ထဝင်စာချစ်သူတို့ရေ…

ဘဝပျော်ရွှင်မှုအတွက် အဓိက အရင်းအမြစ်က ကျန်းမာရေးကောင်းမွန်မှုဆိုတာတော့ လူတိုင်း သိကြပါတယ်။ ဒါပေမဲ့ တချို့တွေကတော့ အဲ့ဒီလို ကျန်းမာရေးကောင်းမွန်စေဖို့ မိမိကိုယ်ကို ဘယ်လို ကာကွယ်စောင့်ရှောက်ရမလဲဆိုတာ မေ့နေတတ်ကြပါတယ်။ အထူးသဖြင့် အမြဲကျန်းမာသွက်လက် နေဖို့ဆိုရင် အစားအသောက်၊ ကိုယ်လက်လှုပ်ရှားမှုတွေနဲ့ ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ကိုယ်လက် လှုပ်ရှားမှုပုံမှန်လုပ်မယ်။ လုံလုံလောက်လောက် အိပ်စက်မယ်။ အာဟာရဓာတ်ပြည့်ဝအောင် စားပေး မယ်ဆိုရင် ရောဂါတွေဆိုတာ ဝေးဝေးပြေးမယ့်အရာတွေပါ။

အထူးသဖြင့် နေ့စဉ်ဖြည့်တင်းပေးသင့်တဲ့ ဗီတာမင်စီဓာတ်တွေ ခန္ဓာကိုယ်မှာ ချို့တဲ့ရင် ဖြစ် ပေါ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေက ထိတ်လန့်စရာပါ။

  • ဗီတာမင်-C ဓာတ်ချို့တဲ့ရင် ဖြစ်တဲ့ Scurvy(စကဗီ) ခေါ် သွေးရောဂါ
  • ဗီတာမင်-D ဓာတ်ချို့တဲ့ရင် ဖြစ်တဲ့ အရိုးပျော့နာ
  • ဗီတာမင်- B1 ဓာတ်ချို့တဲ့ရင်ဖြစ်တဲ့ ထုံနာကျင်နာ

စတာတွေအပြင် ပင်ပန်းနွမ်းနယ်လွယ်ခြင်း၊ အိပ်မပျော်ခြင်း၊ အသားအရေခြောက်သွေ့ခြင်း၊ အပူကန်ပြီး နှုတ်ခမ်းကွဲခြင်းလို ဝေဒနာတွေပါ နောက်ဆက်တွဲအနေနဲ့ ခံစားရပါတယ်။ ဒါကြောင့် လူ တစ်ယောက်ရဲ့ကျန်းမာရေးအတွက် ဗီတာမင်ဓာတ်တွေကို အမြဲဖြည့်တင်းပေးသွားဖို့ အရေးကြီးလှပါ တယ်။ ဗီတာမင်ဓာတ်ပြည့်ဝဖို့အတွက် ဗီတာမင်ရရှိစေမယ့် အစားအစာတွေကို ရွေးချယ်စားသွားလို့ ရပေမဲ့ ဗီတာမင်အားလုံးစုံလင်အောင် ရရှိဖို့ကတော့ မလွယ်လှတာအမှန်ပါ။

နျူထရီဗိုက်တာ- Nutrivita ဟာ ဗီတာမင်နဲ့ သတ္တုဓာတ် ၁၅ မျိုးတောင် ပါဝင်နေတာကြောင့် ကျန်းမာရေးကို အလေးထားစောင့်ရှောက်လိုသူတိုင်းအတွက်တော့ ရွေးချယ်သင့်တဲ့ ဆေးတစ်လက် ပါ။ တစ်နေ့တစ်လုံးသောက်သုံးပေးခြင်းဖြင့်…

  • အလုပ်ပင်ပန်းလွယ်ခြင်း
  • စိတ်ပန်းလူပန်းဖြစ်ခြင်း
  • အစားအသောက်မမှန်ခြင်း
  • အိပ်မပျော်ခြင်း

လို အဖြစ်များတဲ့ဝေဒနာလေးတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ကျန်းမာခြင်းနဲ့ ပျော်ရွှင်မှုကို တည်ဆောက်နေတဲ့ မိသားစုဘဝလေးတွေပိုင်ဆိုင်ရစေဖို့ မိသားစုဝင်တိုင်းအတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်လေးတွေကို ဖြည့်တင်းနိုင်ကြပါစေရှင်။

စာချစ်သူများ ကျန်းမာရေးဗဟုသုတရစေရန်အတွက် ယခုစာစောင်လေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Nutrivita နျူထရီဗိုက်တာ တို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။