အိမ်ရှင်မဆိုတာ လှဖို့ မလိုတော့ဘူးတဲ့လား…

blank

           ကျွန်မက အပျိုဘဝတုန်းက ကြော့မော့လှပနေအောင် ပြင်ပြင်ဆင်ဆင်နေတတ်တယ်။ အိမ်ထောင်ကျသွားတော့လည်း အလှပြင်တာလျော့မသွားဘူးတဲ့။ ကျွန်မရဲ့ သူငယ်ချင်းတွေက မေးကြတယ်။ “နင်က အိမ်အလုပ်တွေ မလုပ်ရဘူးလား” တဲ့။ ကျွန်မပြုံးရုံပြုံးပြလိုက်တယ်။ အိမ်ရှင်မတစ်ယောက်ကြော့မော့နေတာနဲ့ပဲ အိမ်အလုပ်တွေမလုပ်ရတော့ဘူးတဲ့လား။ အိမ်ရှင်မဆိုတာ လှဖို့မလိုတော့ဘူးတဲ့လား။

တကယ်တော့ အလှအပဆိုတာ အမျိုးသမီးတိုင်းနဲ့သက်ဆိုင်ပါတယ်။ အပျိုဖြစ်စေ၊ အိမ်ထောင်သည်ဖြစ်စေ၊ လှလှပပနေဖို့၊ အသားအရေထိန်းသိမ်းဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့ အိမ်မှုကိစ္စတွေကို အမြဲမပြတ်လုပ်ဆောင်နေရတဲ့ အမျိုးသမီးတွေမှာတော့ အလှအပအတွက် အချိန်သိပ်မပေးနိုင်ပါဘူး။ ဒါကြောင့် ကျွန်မချက်ရင်းပြုတ်ရင်း လုပ်ဖြစ်တဲ့ အလှအပထိန်းသိမ်းတဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

မနက်စာအတွက် အိမ်ရှင်မတိုင်းနီးပါး နွားနို့တည်တယ်မဟုတ်လား။ ကျွန်မကတော့  နွားနို့မကျိုခင် နွားနို့အစိမ်းနည်းနည်းကို အသားထဲစိမ့်ဝင်သွားအောင် ပွတ်လိမ်းပေးလိုက်တယ်။ အဲ့ဒီလိုလုပ်ခြင်းအားဖြင့် အသားအရေကို ကြည်လင်စိုပြေစေပြီး အရေပြားအတွင်းပိုင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်လေ။

ကျွန်မ ထမင်းချက်တဲ့အခါ ထမင်းပေါင်းအိုးကထွက်လာတဲ့ အငွေ့လေးတွေနားမှာ (သိပ်မနီးကပ်စေဘဲ) မျက်နှာကို ထားလိုက်တယ်။ ရေငွေ့လေးတွေက ကျွန်မ မျက်နှာပေါ်က ချွေးပေါက်တွေကို ပွင့်သွားစေပြီး ချွေးပေါက်တွေထဲမှာ ပိတ်မိနေတဲ့ အညစ်အကြေးတွေနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တာပေါ့။ ကျွန်မအနေနဲ့ မျက်နှာပေါင်းတင်ဖို့ ဆိုင်ကိုပြေးစရာမလိုသလို ငွေကုန်ကြေးကျလည်း များစရာမလိုဘူးလေ။

ကျွန်မ ခင်ပွန်းအတွက် ပျားသံပုရာဖျော်တဲ့အခါ ကျွန်မလည်း သောက်ဖြစ်အောင်သောက်တယ်။ ပျားသံပုရာက အစာချေလမ်းကြောင်းအတွင်းက အဆိပ်အတောက်တွေကို ပြေစေတယ်။ ပျားရည်နဲ့ သံပုရာရည်ရောထားတဲ့ အနှစ်ကို မျက်နှာပေါ်မှာ ခဏလိမ်းထားပြီး မျက်နှာသစ်လိုက်ရင် မျက်နှာအသားအရေပေါ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသားအရေဖြူဝင်းစေတယ်ဆိုတော့ နေရင်းထိုင်ရင်း လှပနိုင်ပြီလေ။

ကလေးတွေကို  ကြည့်ရတဲ့အခါ ကျွန်မညဘက်တွေ အိပ်ရေးပျက်တယ်။ အဲ့ဒီအခါမှာ အိပ်ရေးပျက်တာနဲ့ ရေဓာတ်မပြည့်ဝတာတွေပေါင်းပြီး မျက်ကွင်းညိုတာတွေဖြစ်တတ်တယ်။ အာလူးဟင်းချက်ရင် အာလူးအခွံတွေကို လွှင့်မပစ်ဘဲ အာလူးခွံအတွင်းဘက်နဲ့ မျက်ဝန်းတဝိုက်ကို ပွတ်တိုက်ပေးခြင်းက မျက်ကွင်းညိုတာကို သက်သာစေပါတယ်။

အမျိုးသမီးတွေရဲ့ ကျန်းမာခြင်းနဲ့ အလှအပအတွက် ဗီတာမင်-အီးကို ဖြည့်စွမ်းပေးဖို့ သိပ်ကိုအရေးကြီးတယ်တဲ့။ အိမ်အလုပ်တွေတစ်ဖက်၊ ကလေးတစ်ဖက်နဲ့ စီးပွားရေးတစ်ဖက်လုပ်နေတဲ့ ကျွန်မက ဗီတာမင်အီး ကြွယ်ဝတဲ့ အစားအစာတွေကို တကူးတကဘယ်လို စားနိုင်ပါ့မလဲ။ ကျွန်မရဲ့ အသားအရေကိုအတွင်းပိုင်းကနေ အားဖြည့်ပေးနိုင်တဲ့ သဘာဝဗီတာမင်အီး ပါဝင်တဲ့ Nature Vit-E ကို တစ်နေ့တစ်လုံးမှန်မှန်သောက်တယ်လေ။ ဈေးနှုန်းသင့်တင့်ပြီး ဝယ်ရလွယ်ကူတဲ့အတွက် အလုပ်များတဲ့အိမ်ရှင်မတွေအတွက် သိပ်ကိုသင့်တော်တာပေါ့။

အိမ်ရှင်မဆိုတာ လှဖို့ မလိုတော့ဘူးတဲ့လား…လို့မေးရင် သိပ်ကိုလိုတာပေါ့လို့ပဲ ဖြေပါရစေ။

စာချစ်သူတို့ရဲ့ ဗဟုသုတနဲ့ ခံစားမှုရသအတွက် ဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Nature Vit-E မှပူးပေါင်း တင်ဆက်ထားပါတယ်ရှင်။