သံဓာတ်ဖြည့်အားဆေးမမှီဝဲခင် သိထားသင့်တဲ့အချက်များ

blank

စာချစ်သူတို့ရေ…

ကျန်းမာရေးကို အလေးထားသူများအနေနဲ့ နေ့စဉ်ဖြည့်တင်းပေးဖို့ လိုအပ်တဲ့အရာတွေထဲ သံ ဓာတ်လည်းပါဝင်နေတာကို သိထားကြပါတယ်။ သံဓာတ်ကပေးတဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေး ဇူးကောင်းတွေရရှိစေဖို့ “အစာလည်းဆေး၊ ဆေးလည်းအစာ” ဆိုသလို တချို့က အစားအသောက်နဲ့ ဖြည့်တင်းကြပြီး တချို့တွေကတော့ သံဓာတ်ဖြည့်အားဆေးတွေကို မှီဝဲကြပါတယ်။

ဒါဟာ ကောင်းမွန်တဲ့လက္ခဏာရပ်ဖြစ်ပါတယ်။

ဒါပေမဲ့ ဆေးဝါးအနေနဲ့ မှီဝဲမယ်ဆိုရင် တကယ်ထိရောက်စေဖို့ သံဓာတ်အားဖြည့်ဆေး မမှီဝဲ ခင်သိထားသင့်တဲ့အချက်လေးတွေ ရှိနေပါတယ်။

အစာမရှိတဲ့အစာအိမ်ဟာ သံဓာတ်ကို အကောင်းဆုံးစုပ်ယူနိုင်ပါတယ်။ ဒါပေမဲ့ တချို့လူတွေ အနေနဲ့ ဗိုက်ထဲမှာ အစာမရှိဘဲ သံဓာတ်ဖြည့်အားဆေးကိုသောက်တဲ့အခါ…

  • ဗိုက်ကြောတွေတင်းပြီးနာတာ
  • အော်ဂလီဆန်တာ
  • ဝမ်းလျှောတာ

စတဲ့ဝေဒနာတွေကို ခံစားကြရပါတယ်။ ဒါကြောင့် ဒီပြဿနာတွေကို ရှောင်ကြဉ်ဖို့အတွက် သံ ဓာတ်ဖြည့်အားဆေးမသောက်ခင် အစားနည်းနည်းဖြစ်ဖြစ်တော့ စားပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် သံဓာတ်ဖြည့်အားဆေးကို နွားနို့၊ ကယ်လ်စီယမ်တို့နဲ့ တွဲမသောက်ရပါဘူး။ အဲ့ဒီအချက်လေးတွေ သိ ထားပြီးမှ သံဓာတ်အားဖြည့်ဆေးသောက်ရင်တော့ ထိရောက်တဲ့သံဓာတ်ကို ရရှိမှာပါ။ Feropac ဟာ စာချစ်သူများအတွက် နေ့စဉ်လိုအပ်တဲ့သံဓာတ်ကို အကောင်းဆုံးဖြည့်တင်းပေးနိုင်တဲ့ သံဓာတ်ဖြည့် အားဆေးတစ်လက်ဖြစ်ပါတယ်။

စာချစ်သူများကျန်းမာရေးဗဟုသုတရစေဖို့ ယခုစာစောင်လေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Feropac တို့ မှ ပူးပေါင်းတင်ဆက်ထားပါတယ်။