ကလေးမီးဖွားချိန်မှာဖြစ်တတ်တဲ့ သွေးသွန်ခြင်းဆိုင်ရာ သိကောင်းစရာများ

blank

စာချစ်သူတို့ရေ…

အမျိုးသမီး ၁ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအတွင်း အမျိုးသမီးတွေဟာ ကလေးမီးဖွားစဉ်မှာ သွေးသွန်တတ်ပါတယ်။ ကလေးမီးဖွားပြီးတဲ့အခါမှာ သားအိမ်က ကျုံ့သွားပြီး အချင်းကို တွန်းထုတ်လိုက်ပါတယ်။ အချင်းထွက်သွားပြီးတဲ့အခါမှာ အချင်းဆက်နေတဲ့နေရာကနေ သွေးကြောတွေကို ဖိဖို့ ကျုံ့အားတွေက ကူညီပေးရပါတယ်။ သားအိမ်ကကောင်းကောင်း ကျုံ့မပေးထားနိုင်တဲ့အခါမှာ သွေးတွေဒလဟောထွက်လာပြီး သွေးသွန်ခြင်းကို ဖြစ်စေပါတယ်။ အချင်းရဲ့ အပိုင်းအစလေးတွေက တွယ်ကပ်နေတဲ့အခါမှလည်း သွေးသွန်ခြင်းကို ဖြစ်စေပါတယ်။

ဘယ်လိုအမျိုးသမီးတွေက သွေးသွန်ခြင်းကို ဖြစ်စေနိုင်သလဲဆိုတော့…

အချိန်မတိုင်မီ အချင်းထွက်သွားတဲ့အခါ

သားအိမ်ဝမှာ အချင်းပိတ်နေတဲ့အခါ

ကလေးထွားတဲ့အခါ

မီးဖွားစဉ်မှာ သွေးတိုးနေတဲ့အခါ

မိခင်က ဝတဲ့အခါ

သားအိမ်တစ်ရှူးတွေ စုတ်ပြဲသွားတဲ့အခါ နဲ့ အခြားအကြောင်းအရာတွေကြောင့် သွေးသွန်တတ်ပါတယ်။

သွေးသွန်တဲ့အခါမှာ မီးဖွားပြီးစ မိခင်တွေအတွက် အသက်အန္တရာယ်ကြုံတွေ့ရနိုင်ပြီး ကလေးမီးမဖွားခင်မှာဖြစ်တယ်ဆိုရင်တော့ မိခင်နဲ့ကလေးနှစ်ဦးစလုံးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ သွေးသွန်ခြင်းဖြစ်တဲ့အခါမှာ

သွေးတွေအများကြီးဆုံးရှုံးမယ်။

သွေးတိုးမယ်။

နှလုံးခုန်နှုန်းမြန်မယ်။

မိခင်လောင်းများအနေနဲ့ လိုအပ်တဲ့ စစ်ဆေးမှုတွေကို ပြုလုပ်ထားပြီး ကြိုတင်ပြင်ဆင်ထားခြင်းအားဖြင့် သွေးသွန်ခြင်းဖြစ်ပွားတဲ့အခြေအနေတွေကို ကာကွယ်လို့ရပါတယ်။ သွေးသွန်ခြင်းဖြစ်တဲ့အခါမှာ သွေးသွန်ရတဲ့အကြောင်းအရင်းကို အမြန်ဆုံးရှာဖွေပြီး သွေးမြန်မြန်တိတ်အောင်ပြုလုပ်ဖို့၊ ဆုံးရှုံးသွားတဲ့ သွေးတွေကို ပြန်လည်ဖြည့်တင်းပေးဖို့လည်း အရေးကြီးပါတယ်။

စာချစ်သူတို့ရဲ့ ဗဟုသုတရေးရာအတွက် Ferropac သံဓာတ်အားဖြည့်ဆေးနဲ့ ဂန္ထဝင်မဂ္ဂဇင်းတို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးထားတာဖြစ်ပါတယ်ရှင်။