ဆေးတွေကို ဘယ်ချိန်မှာသောက်တာ ထိရောက်မှုအရှိဆုံးလဲ။

blank

လူတွေဟာ နေမကောင်းဖြစ်တဲ့အခါမှာပဲဖြစ်ဖြစ်၊ ဖြည့်စွက်အားတိုးဆေးအဖြစ်ပဲဖြစ်ဖြစ် ဆေးတွေသောက်ကြပါတယ်။ ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်ကြသလို ဆေးဆိုင်မှာ အလွယ်တကူဝယ်ယူပြီးတော့လည်း ဆေးသောက်ကြပါတယ်။ ဆေးနဲ့ပတ်သက်ပြီး ကျွန်မတို့အငြင်းပွားကြတဲ့ကိစ္စကတော့ ဆေးတွေကိုဘယ်အချိန်မှာ သောက်တာက အသင့်တော်ဆုံးနဲ့ အထိရောက်ဆုံးလဲဆိုတဲ့ ကိစ္စပါပဲ။

ဆေးတွေကို အစာမစားခင်သောက်သင့်လား၊ ဒါမှမဟုတ် အစာစားပြီးမှ သောက်သုံးသင့်လား။ ယေဘုယျအားဖြင့်တော့ ဆေးတွေကို အစာစားပြီး နှစ်နာရီအကြာ၊ ဒါမှမဟုတ် အစာစားဖို့ တစ်နာရီအလိုမှာ သောက်တာအကောင်းဆုံးပါ။ ဘာဖြစ်လို့လဲဆိုတော့ ဆေးတွေက ကျွန်မတို့အစာစားတဲ့အချိန်နဲ့ စားသောက်တဲ့အစားအစာတွေအပေါ်မူတည်ပြီး သက်ရောက်မှု ကွဲပြားနိုင်ပါတယ်။ တစ်ချို့ဆေးတွေဆိုရင် အစာမရှိဘဲ သောက်မိရင် ဗိုက်အောင့်တတ်ပါတယ်။

ဒါပေမဲ့ တချို့ အကိုက်အခဲပျောက်ဆေးတွေကတော့ အစားနဲ့အတူ ချေဖျက်နိုင်စွမ်းရှိပါတယ်။ သူတို့ကို အစာနဲ့တွဲစားတာ၊ ဒါမှမဟုတ်အချိန်အနည်းငယ်သာ ခြားပြီးသောက်ခြင်းအားဖြင့် ဘေးထွက်ဆိုးကျိုးတွေကို လျော့နည်းစေပါတယ်။ ဒါ့ကြောင့် ဆေးတစ်ခုခုသောက်သုံးတော့မယ်ဆိုရင် အစာနဲ့နီးပြီးသောက်ရမလား၊ ဝေးပြီးသောက်ရမလားဆိုတာကို ဆရာဝန် သို့မဟုတ် နားလည်တတ်ကျွမ်းတဲ့သူကို မေးမြန်းတာ အကောင်းအဆုံးပါပဲ။

ဆေးတွေကို ဘေးကင်းလုံခြုံစွာနဲ့ ထိရောက်မှုရှိစွာ သောက်သုံးနိုင်ဖို့အတွက်…

ဆေးဘူးခွံတွေမှာ ပါတဲ့ အညွှန်းတွေကို သေချာစွာဖတ်ပါ။ နားမလည်ဘူးဆိုရင်တော့ဆရာဝန် သို့မဟုတ် တတ်ကျွမ်းနားလည်တဲ့သူတွေနဲ့ တိုင်ပင်ဆွေးနွေးပါ။

အကယ်၍ ဆရာဝန်က သင့်ကိုဆေးတစ်ခုခုညွှန်းတယ်ဆိုရင် သင်လတ်တလောမှာ သင်ဘာဆေးတွေသောက်နေလဲဆိုတာကို ဆရာဝန်သိအောင်ပြောပြပါ။

ဆေးနဲ့ပတ်သက်ပြီး သတိပေးချက်တွေ၊ လမ်းညွှန်ချက်တွေအားလုံးကို တိကျစွာ လိုက်နာပါ။

ဆေးတွေကို ရေများများနဲ့ သောက်ပါ။

ဆေးတွေကို အစားအစာတွေနဲ့ ရောနှောပြီးသောက်သုံးတာ၊ ဝါးပြီး သောက်သုံးတာမျိုးတွေရှောင်ကြဉ်ပါ။ ဆေးတွေကို ဆရာဝန်က မညွှန်ကြားဘဲ တစ်ဝက်ဝက်ပြီး သောက်သုံးတာမျိုးရှောင်ကြဉ်ပါ။

နာမကျန်းဖြစ်နေစဉ်သောက်သုံးရတဲ့ ဆေးတွေကို ပုံမှန်သောက်နေကျ အားဆေးတွေနဲ့ တစ်ပြိုင်တည်း သောက်သုံးတာမျိုးရှောင်ကြဉ်ပါ။

ဆေးတွေကို ပူနွေးနေတဲ့ အရည်တွေနဲ့ ရောပြီး သောက်သုံးခြင်းဟာ ဆေးရဲ့ ထိရောက်မှုကို အဟန့်အတားဖြစ်စေပါတယ်။

ဆေးတွေကို alcohol ပါတဲ့ အဖျော်ယမကာတွေနဲ့ ရောနှောပြီးသောက်သုံးတာမျိုးရှေုာင်ကြဉ်ပါ။

စာချစ်သူတို့ရဲ့ ဗဟုသုတရေးရာအတွက် Fluza နဲ့ ဂန္တဝင်မဂ္ဂဇင်းတို့မှ ပူးပေါင်းစီစဉ်တင်ပေးလိုက်တဲ့ ဒီစာစောင်လေးကို နှစ်သက်တယ်ဆိုရင် ဝေမျှပေးလိုက်ပါဦး။