တုပ်ကွေးမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။

blank

စာချစ်သူတို့ရေ…

ကလေးလူကြီးမကျန် အအေးမိဖျားနာတုပ်ကွေးအဖြစ်များလှတဲ့ စိုစိုစွတ်စွတ်နဲ့ မိုးရာသီကာ လကိုတောင် ရောက်ခဲ့ပြီနော်။ ဖျားပြန်တော့လည်း အချိန်ကုန်၊ လူပန်းပြီး လူတစ်ကိုယ်လုံး ကိုင်ရိုက် ခံထားရသလို ကြွက်သားတွေ နာကျင်ကိုက်ခဲတဲ့ဝေဒနာကလည်း ပြင်းထန်လှတာမို့ အထူးသတိထား ကာကွယ်ရမယ့်အထဲမှာ တုပ်ကွေးကလည်း နံပါတ်တစ်ပါပဲ။

ဒါပေမဲ့လည်း ဒါကို ဘယ်လိုကာကွယ်ရမလဲ။

တကယ်တော့ အအေးမိတုပ်ကွေးမဖြစ်အောင် ကာကွယ်နိုင်တဲ့တစ်ခုတည်းသော အကောင်း ဆုံးနည်းလမ်းကတော့ နှစ်စဉ်ကာကွယ်ဆေးပုံမှန်ထိုးသွားဖို့ပါပဲ။ ပြီးတော့ တုပ်ကွေးဆိုတာ ဗိုင်းရပ်စ် ဆိုင်ရာ ကူးစက်ရောဂါတစ်မျိုးဖြစ်တာကြောင့် မှန်ကန်တဲ့ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အမူ အကျင့်လေးတွေနဲ့ ကာကွယ်လို့လည်း ရပါတယ်။

မိသားစုတစ်ဦးချင်းစီတိုင်း လိုက်နာသင့်တဲ့ အဲ့ဒီအလေ့အထကောင်းလေးတွေကတော့…

၁။ အအေးမမိအောင်နေထိုင်ပါ။

၂။ လက်ကိုမကြာခဏဆေးကြောပါ။

၃။ ချောင်းဆိုးရင် သန့်ရှင်းတဲ့အဝတ်စနဲ့ ဖုံးအုပ်ပြီးဆိုးပါ။

၎။ မျက်စိ၊ နှာခေါင်းနဲ့ နှုတ်ခမ်းတစ်ဝိုက်ကို လက်နဲ့ မကြာခဏထိတွေ့ကိုင်တွယ်တာမျိုး ရှောင်ကြဉ်ပါ။

၅။ အအေးမိဖျားနာနေသူနဲ့ နီးနီးကပ်ကပ်နေတာရှောင်ပါ။

အထက်ပါ နည်းလမ်းလေးတွေဟာ တစ်နည်းအားဖြင့်တော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ စနစ်ကို အဓိကကူးစက်တိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ပိုးများ ကူးစက်ပေါက်ဖွားမှုကနေ ကာကွယ်တဲ့ နည်း လမ်းကောင်းလေးတွေဆိုလည်း မမှားပါဘူး။ အဲ့ဒီနည်းလမ်းတွေနဲ့ တုပ်ကွေးရောဂါမဖြစ်ပွားအောင် ကာကွယ်နိုင်သလို တစ်ဖက်ကလည်း ပိုမိုစိတ်ချရအောင် အအေးမိတာနဲ့ အချိန်မီသောက်ဖို့ သင့်တော်တဲ့ ဆေးဝါးတစ်လက်ကိုလည်း အိမ်မှာ အဆင်သင့်ဆောင်ထားသင့်ပါတယ်။

Fluza ဟာ အအေးမိခြင်းနဲ့တုပ်ကွေး ဖျားနာကို အမြန်ဆုံးသက်သာပျောက်ကင်းစေနိုင်ပြီး မိသားစုတိုင်း ဆောင်ထားသင့်တဲ့ ဆေးကောင်းတစ်လက်ဖြစ်ပါတယ်။

စာချစ်သူများကျန်းမာရေးဗဟုသုတရစေဖို့ ယခုဆောင်းပါးလေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Fluza တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ထားပါတယ်။