ဘာ့ကြောင့်ချောင်းဆိုးရတာလဲ

blank

“အချစ်နဲ့ ချောင်းဆိုးခြင်းဟာ ဖုံးကွယ်လို့မရနိုင်ဘူး” တဲ့ စာချစ်သူတို့ရေ…။ ချောင်းဆိုးခြင်းဟာ ဖုံးကွယ်လို့မရနိုင်တဲ့အပြင် မိမိအတွက်လည်း ထိခိုက်နိုင်သလို အခြားလူတွေအတွက်လည်း အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ မိမိလည်း နှစ်ခြိုက်စွာအိပ်မပျော်၊ အခြားလူတွေအတွက်လည်း နားပူစရာဖြစ်နေစေတာကလည်း ချောင်းဆိုးခြင်းပါပဲ။ ချောင်းဆိုးခြင်းဆိုတာက ရောဂါတစ်ခုမဟုတ်ပေမယ့် ခန္ဓာကိုယ်မှာ တစ်ခုမှားယွင်းနေပြီဆိုတာကို ပြသနေတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်လိုမျိုးအခြေအနေတွေမှာ ချောင်းဆိုးတတ်လဲဆိုတာကို စာချစ်သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင်။

  • ပန်းနာရင်ကြပ်နဲ့ ဓာတ်မတည့်မှုတွေဖြစ်တဲ့အခါမှာ အဆုတ်တွေက ပြင်ပကဝင်လာတဲ့ အရာဝတ္ထုတွေကို တွန်းထုတ်ပစ်ရတဲ့အခါမျိုး
  • တုပ်ကွေးရောဂါဖြစ်တဲ့အခါ ဗိုင်းရပ်စ်ကူးစက်ခံရမှုတွေကြောင့် ပိုးမွှားတွေကပ်ငြိနေတဲ့ ချွဲသလိပ်တွေကို ဖယ်ရှားပစ်ရတာမျိုး
  • နှာမွှန်တဲ့အခါမှာ အသက်ရှူလမ်းကြောင်းမှာ ချွဲသလိပ်တွေ ပိတ်နေတဲ့အတွက် အသက်ရှူရခက်ခဲတတ်ပါတယ်။ အဲ့ဒီအခါမျိုးမှာ ပိတ်နေတဲ့ချွဲသလိပ်တွေကို ဖယ်ရှားပစ်ဖို့လိုတဲ့ အခါမျိုး
  • မသန့်ရှင်းတဲ့ ပတ်ဝန်းကျင်၊ ဖုန်မှုန့်နဲ့ ဓာတ်မတည့်တဲ့ အရာတစ်ခုခုကို ရှူရှိုက်မိတဲ့အခါမျိုး
  • အအေးမိတဲ့အခါမှာ အသက်ရှူလမ်းကြောင်းမှာ ဗိုင်းရပ်စ် ပိုးဝင်ပြီး လည်ချောင်းယားတာ၊ နှာမွှန်တာမျိုး
  • အဆုတ်အအေးပတ်တဲ့အခါမျိုး
  • နှလုံးမကောင်းတာ၊ အဆုတ်ရောင်ရမ်းတဲ့အခါမျိုးတွေမှာ ချောင်းဆိုးတတ်ပါတယ်။

စာချစ်သူတို့ရေ….

ချောင်းဆိုးခြင်းဆိုတာ အသေးအဖွဲအရာတစ်ခုဖြစ်ပေမယ့် ချောင်းဆိုးခြင်းဆိုတာ အခြားရောဂါတွေနဲ့လည်း ဆက်စပ်မှုရှိနိုင်ပါတယ်။ ချောင်းဆိုးတဲ့အခါ အရည်အသွေးပြည့်ဝတဲ့ ချောင်းဆိုးပျောက်ဆေးတွေကို သောက်ဖို့လိုသလို ရက်ကြာရှည်အောင် ချောင်းဆိုးနေတယ်ဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ စနစ်တကျကုသမှုခံယူဖို့လိုပါတယ်။

စာချစ်သူတို့ရဲ့  ကျန်းမာရေး ဗဟုသုတအတွက်  Woods’ နဲ့ ဂန္ထဝင်မဂ္ဂဇင်းမှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်တဲ့ စာစောင်လေးကို ချစ်ခင်ရသူတွေအတွက် ဝေမျှပေးလိုက်ပါဦးနော်။ သလိပ်ပါတဲ့ချောင်းဆိုးခြင်းအတွက် အပြာရောင်နဲ့ သလိပ်မပါတဲ့ချောင်းဆိုးခြင်းအတွက် အနီရောင်ထုတ်လုပ်ထားတဲ့ Woods’ ချောင်းဆိုးပျောက်ဆေးဟာ ကမ္ဘာကျော် ချောင်းဆိုးပျောက်ဆေးဖြစ်တဲ့အတွက် ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်ပါတယ်။

ဆေးစွမ်းပိုမိုထက်ဖို့ ပုလင်းလေးကို လှုပ်ပေးပါ။ မေ့သွားတယ်ဆိုရင်တော့ သောက်ပြီးသွားရင် ခဏလောက် ခုန်ပေးပါ။ 😛