သတိပြုသင့်တဲ့ သံဓာတ်ချို့တဲ့ခြင်းရောဂါရဲ့ လက္ခဏာများ

blank

ဂန္ထဝင်ချစ်ပရိသတ်ကြီးများရှင်… လူတစ်ယောက်မှာ သံဓာတ်ချို့တဲ့ပြီဆိုရင် ဘာတွေ ဖြစ်စေတတ်လည်း စဉ်းစားကြည့်ဖူးလား။

သံဓာတ်ချို့တဲ့တဲ့ရောဂါက ခေါင်းမူးတာလေးကနေစပြီး အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်တဲ့ သွေးအားနည်းရောဂါအဖြစ် ပြောင်းသွားတတ်ပါတယ်။ သံဓာတ်ရဲ့ တာဝန်က ကျွန်မတို့ ခန္ဓာကိုယ်ထဲမှာ ဟေမိုဂလိုဘင် (hemoglobin) လို့ ခေါ်တဲ့ ပရိုတင်းဓာတ်တစ်မျိုးကို ထုတ်ပေးဖို့ပါ။ ဟေမိုဂလိုဘင် ကောင်းကောင်းထုတ်မပေးနိုင်ရင် ကြွက်သားတွေ၊ တစ်သျှူးတွေ အလုပ်မလုပ်ဘဲ သွေးအားနည်းရောဂါဖြစ်တတ်ပါတယ်။

သင့်မှာရောသံဓာတ်ချို့တဲ့နေပြီလား…။ သံဓာတ်ချို့တဲ့ခြင်းရဲ့လက္ခဏာရပ်တွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။ သင့်မှာ ဒီလို လက္ခဏာတွေရှိမရှိ စစ်ကြည့်လိုက်ပါ။

၁။ အကြောင်းရင်းမယ်မယ်ရရ မရှိဘဲ မကြာခဏမောပန်းလွယ်ခြင်း

၂။ အသားအရေ၊ နှုတ်ခမ်းနဲ့ အောက်မျက်ခွံအတွင်းပိုင်းတွေ ဖျော့တော့ခြင်း

၃။ အသက်ရှူနှုန်းမြန်ပြီး ရင်ဘတ်အောင့်ခြင်း

၎။ မကြာခဏ ခေါင်းမူးခေါင်းကိုက်တတ်ခြင်း

၅။ နှလုံးခုန်မမှန်ခြင်း

၆။ ဆံကေသာနဲ့ အသားအရေပျက်စီးခြင်း

၇။ လျှာနဲ့ နှုတ်ခမ်းတွေ ရောင်ရမ်းပြီး အနာပေါက်ခြင်း

၈။ လက်သည်းတွေ ကျွတ်ဆတ်ပြီး ကျိုးပဲ့လွယ်ခြင်း

၉။ ခြေလက်တုန်ယင်ခြင်း

၁ဝ။ မကြာခဏဗိုက်အောင့်ပြီး ဆီးသွားရင်သွေးပါခြင်း

ဒီလိုလက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ သံဓာတ်ဖြည့်တင်းဖို့လိုနေပါပြီ။ သံဓာတ်ချို့တဲ့ခြင်းက အခန့်မသင့်ရင် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တာကြောင့် သံဓာတ်ကို ကောင်းစွာ ဖြည့်တင်းပါ။ သံဓာတ်ကို အစားအစာတွေကနေရနိုင်သလို သံဓာတ်အားဖြည့်ဆေးတွေကနေလည်း မှီဝဲနိုင်ပါတယ်။ ဥပမာ- Feropac လိုမျိုး သံဓာတ်အားဖြည့်ဆေးကို နေ့စဉ်သောက်သုံးပြီး သံဓာတ်ကို ဖြည့်တင်းနိုင်ပါတယ်။ Feropac က နေ့စဉ်လိုအပ်တဲ့သံဓာတ်ကို ဖြည့်တင်းပေးတာကြောင့် ကျန်းမာရေးကို အထောက်အကူ ဖြစ်စေနိုင်တဲ့ ဆေးတစ်လက်ဆိုရင်လည်း မမှားပါဘူး။

အထက်မှာ ဖော်ပြထားတဲ့ လက္ခဏာရပ်တွေကို ပြင်းထန်စွာ ခံစားနေရပြီဆိုရင်တော့ ဆရာဝန်ဆီ ပြသပြီး တိုင်ပင်ဆွေးနွေးဖို့ တိုက်တွန်းလိုက်ပါတယ်။ ဂန္ထဝင်ပရိသတ်ကြီးတို့ ကျန်းမာပျော်ရွှင်တဲ့ ဘဝလေးတွေ ဖန်တီးနိုင်ကြပါစေရှင်။

ကျန်းမာရေးပညာပေး စာစောင်လေးဖြစ်တာကြောင့် SHARE လိုက်ပါဦးနော်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်း နဲ့ Feropac သံဓာတ်အားဖြည့်ဆေးတို့မှ ပူးပေါင်းတင်ဆက်သည်။