ချောင်းဆိုးနေစဉ် ဆောင်ရန်ရှောင်ရန်အချက်များ

blank
စာချစ်သူတို့ရေ….။

ရာသီဥတုအပြောင်းအလဲကြောင့်ပဲဖြစ်ဖြစ်၊ အအေးမိတာကြောင့်ပဲဖြစ်ဖြစ်၊ ဗိုင်းရပ်စ်ပိုးတွေ ကူးစက်ခံရတာပဲဖြစ်ဖြစ်၊ ဓာတ်မတည့်မှုတွေကြောင့်ပဲဖြစ်ဖြစ်ချောင်းဆိုးတတ်ကြပါတယ်။ ချောင်းဆိုးခြင်းကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ ကသီကလင်နိုင်တာ၊ အိပ်ရေးပျက်တာတွေဖြစ်တတ်ပြီး မိမိကိုယ်တိုင်ရဲ့ ကျန်းမာရေးအတွက်ကော အခြားလူတွေအတွက်ပါ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ချောင်းဆိုးခြင်းကို တာရှည်မဖြစ်စေဖို့အတွက် ချောင်းဆိုးနေစဉ်မှာ ရှောင်ရန်ဆောင်ရန် အချက်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

ချောင်းဆိုးနေတဲ့အခါမှာ ဆောင်ရမယ့်အရာလေးတွေကတော့….
  • ရေများများသောက်ပါ။
  • ချင်း၊ကြက်သွန်ဖြူ စတဲ့ ခန္ဓာကိုယ် စွမ်းအင်ကို တိုးမြှင့်ပေးတဲ့ အစားအစာတွေနဲ့ ပူနွေးပြီး ခါးသက်တဲ့အစားအစာတွေကို များများစားပေးပါ။
  • စားသောက်ပေးပါ။
  • နွေးနွေးထွေးထွေးနေပါ။
  • အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။
  • နေ့စဉ် တစ်မိုင်ကနေ ၆ မိုင် အထိ လမ်းလျှောက်ပေးပါ။
  • အရည်အသွေးပြည့်ဝတဲ့ ချောင်းဆိုးပျောက်ဆေးတွေကို ရွေးချယ်သောက်သုံးပါ။
ချောင်းဆိုးနေတဲ့အခါ ဒါလေးတွေကို ရှောင်ကြဉ်ရမယ့် အရာလေးတွေကတော့…
  • ရေခဲရေနဲ့ အေးခဲတဲ့အစာအစောတွေကို ရှောင်ကြဉ်ပါ။
  • အသီးဖျော်ရည်တွေ၊ နွားနို့နဲ့လုပ်ထားတဲ့ အချိုတွေ၊ နို့ထွက်ပစ္စည်းတွေ သောက်သုံးခြင်းရှောင်ကြဉ်ပါ။
  • အချိုဓာတ်၊ အငံဓာတ်နဲ့ အချဉ်ဓာတ် လွန်ကဲတဲ့ အစားအစာတွေ စားသုံးခြင်း ရှောင်ကြဉ်ပါ။
  • အဆီများတဲ့ အစားအစာတွေ၊ အသားတွေစားသုံးခြင်း ရှောင်ကြဉ်ပါ။
  • နှာခေါင်းနဲ့ ပါးစပ်ကို မဖုံးအုပ်ဘဲ ချောင်းဆိုးခြင်းကို ရှောင်ကြဉ်ပါ။

စာချစ်သူတို့ရေ…။

အချစ်နဲ့ချောင်းဆိုးခြင်းဟာ ဖုံးကွယ်လို့ မရနိုင်ဘူးလို့ပြောကြပေမယ့် ချောင်းဆိုးခြင်းကတော့ ဖုံးကွယ်လို့မရနိုင်တာထက် အခြားလူတွေအတွက်ကော မိမိကျန်းမာရေးအတွက်ပါ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်နော်။ ဒါ့ကြောင့် ချောင်းဆိုးတဲ့အခါ အရည်အသွေးပြည့်ဝတဲ့ ချောင်းဆိုးပျောက်ဆေးတွေကို ရွေးချယ်သောက်သုံးပါ။ အထက်ပါအချက်လေးတွေကို လိုက်နာပေမယ့် ရက်ရှည်အောင်ချောင်းတွေဆိုးနေသေးတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး ကုသမှုတွေခံယူပြီး လိုအပ်တဲ့စစ်ဆေးမှုတွေ ခံယူပါ။

စာချစ်သူတို့ရဲ့  ကျန်းမာရေး ဗဟုသုတအတွက်  Woods’ နဲ့ ဂန္ထဝင်မဂ္ဂဇင်းမှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်တဲ့ စာစောင်လေးကို နှစ်သက်ရင် ဝေမျှပေးပါနော်။ သလိပ်ပါတဲ့ချောင်းအတွက် အပြာရောင်နဲ့ သလိပ်မပါတဲ့ချောင်းအတွက် အနီရောင် ထုတ်လုပ်ထားတဲ့ Woods’ ချောင်းဆိုးပျောက်ဆေးဟာ ကမ္ဘာကျော် ချောင်းဆိုးပျောက်ဆေးဖြစ်တဲ့အတွက် ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်ပါတယ်။  အာနိသင်စွမ်းဖို့ ဆေးကို လှုပ်ပြီးမှ သောက်ဖို့ မမေ့နဲ့နော်။