တုပ်ကွေးနဲ့ပတ်သက်ပြီး မှားယွင်းတဲ့အယူအဆများ

blank

ဂန္ထဝင်စာဖတ်ပရိသတ်ကြီးတို့….

ရာသီဥတုအကူးအပြောင်းကာလမှာ နေပူလိုက်၊ မိုးရွာလိုက်ဖြစ်တတ်တာကြောင့် လူအများစု တုပ်ကွေးမိတတ်ကြပါတယ်။ ရာသီဥတုအကူးအပြောင်းကာလတိုင်းမှာ ရောက်လာတတ်တဲ့ တုပ်ကွေးနဲ့ပတ်သက်ပြီး လူအများစုအမှန်ထင်နေတတ်တဲ့ အယူအဆအမှားလေးတွေကို စာချစ်သူတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ “တုပ်ကွေးဆိုတာ ရာသီဥတုအကူးအပြောင်းမှာဖြစ်တတ်တဲ့ ရိုးရိုးဖျားနာခြင်းတစ်ခုပဲ။ ဘာမှစိုးရိမ်စရာမလိုပါဘူး။ ” ဆိုတာ မှားပါတယ်။

တုပ်ကွေးရောဂါဆိုတာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ သာမန်ရောဂါတစ်ခုဖြစ်ပေမယ့် ဂရုတစိုက်ကုသမှု မခံယူဘူးဆိုရင် အသက်အန္တရာယ်ကိုတောင် ထိခိုက်စေပါတယ်။ အသက်ရှူလမ်းကြောင်းကနေကူးစက်တတ်တဲ့အတွက် ပတ်ဝန်းကျင်ကိုလည်း အလွယ်တကူပျံ့နှံ့စေပါတယ်။

၂။ “တုပ်ကွေးဖြစ်ပြီး သုံးရက်နေရင် အလိုလိုပျောက်သွားလိမ့်မယ်။ သုံးရက်မပြည့်ခင် ဘာဆေးသောက်သောက်ပျောက်မှာ မဟုတ်ဘူး” ဆိုတာ မှားပါတယ်။

တုပ်ကွေးရောဂါကို တိုက်ဖျက်နိုင်တဲ့ အရည်အသွေးမြှင့်သောက်ဆေးတွေနဲ့ ထိုးဆေးတွေ၊ ရှူဆေးတွေရှိပါတယ်။ တုပ်ကွေးရောဂါလက္ခဏာတွေပြပြီး ၄၈ နာရီအတွင်းမှာ ဆေးဝါးတွေကို သောက်သုံးဖို့၊ ဆေးကုသမှုခံယူဖို့ အရေးကြီးပါတယ်။

၃။ “တုပ်ကွေးရာသီမှာ တုပ်ကွေးမိပြီးသွားရင် နောက်တစ်ခါပြန်မဖြစ်တော့ဘူး” ဆိုတာ မှားပါတယ်။

လူအများစုဟာ တုပ်ကွေးရာသီတစ်ခုမှာ တစ်ခါတုပ်ကွေးမိပြီးသွားရင် နောက်တစ်ခါ ပြန်မဖြစ်နိုင်တော့ဘူးလို့ ထင်တတ်ကြပါတယ်။ တုပ်ကွေးဗိုင်းရပ်စ် နောက်တစ်မျိုး ကူးစက်ခြင်းကို ခံရတယ်ဆိုရင် တုပ်ကွေးမိနေဦးမှာပါပဲ။

၎။ “တုပ်ကွေးရောဂါ ကာကွယ်ဆေးတစ်နှစ်တစ်ခါ ထိုးစရာမလိုဘူး။ ကာကွယ်ဆေးတွေက အန္တရာယ်များတယ်” ဆိုတာ မှားပါတယ်။

တုပ်ကွေးရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေဟာ တစ်နှစ်နဲ့တစ်နှစ်မတူပါဘူး။ ကာကွယ်ဆေးတွေဟာ ကျန်းမာရေးအတွက် အန္တရာယ်လည်း မဖြစ်စေပါဘူး။ ဒါ့ကြောင့် တုပ်ကွေးရာသီအစပိုင်းမှာ ကာကွယ်ဆေးထိုးတာက ပိုအဆင်ပြေပါတယ်။

၅။ “ ရာသီဥတုအေးရင် တုပ်ကွေးဖြစ်တယ်” ဆိုတာ မှားပါတယ်။

တကယ်တော့ အအေးမိတာကြောင့် တုပ်ကွေးဖြစ်တာမဟုတ်ပါဘူး။ တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံရလို့ တုပ်ကွေးဖြစ်တာပါ။ နွေးနွေးထွေးထွေးနေပေမယ့်လည်း ဗိုင်းရပ်စ် ကူးစက်ခံရရင်တော့ တုပ်ကွေးဖြစ်မှာပါ။

စာချစ်သူတို့ရေ…. ရာသီဥတုအကူးအပြောင်းကာလမှာ တုပ်ကွေးဖြစ်တတ်တာကြောင့် ကိုယ့်ကိုယ်ကိုဂရုစိုက်ကြပါ။ ကိုယ့်ကိုယ်ကို တုပ်ကွေးမိနေတယ်လို့ သံသယဖြစ်နေတယ်ဆိုရင်လည်း စောစောစီးစီး ဆေးသောက်ကြပါ။ လိုအပ်ရင် ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူပါ။ အာဟာရပြည့်ဝစွာစားသောက်ပါ။ ကောင်းမွန်စွာ အိပ်စက်အနားယူပါ။ သင့်တော်တဲ့ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ပါ။

စာချစ်သူတို့ရဲ့ ဗဟုသုတအတွက် ကျန်းမာရေးစာစောင်လေးကို Fluza နဲ့ ဂန္ထဝင်မဂ္ဂဇင်းတို့မှ ပူးပေါင်းတင်ဆက်ပေးလိုက်ပါတယ်ရှင်။