အေးခဲနေတဲ့ ပြတင်းပေါက်

blank

သိပ်ကိုချမ်းအေးတဲ့ နေ့တစ်နေ့မှာ ဂျွန်ဟာ သူ့သူငယ်ချင်းအိမ်ကို သွားလည်တဲ့အခါ သူ့သူငယ်ချင်းက အိမ်ထဲမှာ သေဆုံးနေတာကိုတွေ့လိုက်သတဲ့။ ဂျွန်ဟာ ရဲကိုချက်ခြင်းပဲ အကြောင်းကြားလိုက်တယ်။ ရဲက သူ့ကိုစစ်ဆေးမေးမြန်းတဲ့အခါမှာတော့ သူကဂျွန်အိမ်နားကို လမ်းကြုံတာနဲ့ ဂျွန်ကိုနှုတ်ဆက်ဖို့ တံခါးကို ဘဲလ်တီးနေပေမဲ့  အချိန်အတော်ကြာတဲ့အထိ ဂျွန်ဆီကအသံမကြားရပါဘူး။ သူက ပြတင်းပေါက်ကအငွေ့တွေကို ဖယ်ပြီးကြည့်လိုက်တဲ့အခါမှာတော့ ဂျွန်ကိုသေဆုံးနေတာတွေ့လိုက်ရတယ်လို့ ဂျွန်ကရဲတွေကို ပြောပြခဲ့တယ်။

ရဲကဂျွန်ကို တစ်ခါတည်းလူသတ်သမားအဖြစ်သတ်မှတ်ပြီး ဖမ်းလိုက်သတဲ့။ ဘာကြောင့်လဲ။