ကမ္ဘာ့အန္တရာယ်အများဆုံး လမ်းမကြီး (၁ဝ) ခု

ဒီတစ်ပတ်မှာတော့ ကမ္ဘာတလွှားက အန္တရာယ်များသလို ယာဉ်မတော်တဆအဖြစ်အများဆုံး လမ်းမကြီးတွေကို ပုံနဲ့တကွ တင်ပြပေးသွားမှာပါ။ ပုံတစ်ပုံချင်းစီကိုထောက်ပြီး စာတွေကို ဖတ်နိုင်ပါတယ်။

ဖတ်ပြီးလို့ စိတ်ဝင်စားစရာကောင်းတယ်ဆိုရင် Share ဖို့ မမေ့နဲ့နော်။

၁။ Zoji La, India

blank

၉ ကီလိုမီတာရှည်လျားတဲ့ Zoji La လမ်းဟာ အိန္ဒိယနိုင်ငံမှာ တည်ရှိတာဖြစ်ပြီး Ladakh မြို့နဲ့ Kashmir မြို့ကို ဆက်သွယ်ထားတဲ့လမ်းဖြစ်ပါတယ်။ ဒီလမ်းဟာ အင်မတန်ကျဉ်းမြောင်းလှပြီး ယာဉ်မောင်းတွေ သတိဝီရိယကြီးစွာ မောင်းနှင်ရတဲ့လမ်းလည်းဖြစ်ပါတယ်။

၂။ Khardung La, India

blank

အိန္ဒိယနိုင်ငံရဲ့ Khardung La လမ်းဟာ အမြင့်ပေ ၅၆ဝ၂ မီတာအမြင့်မှာ တည်ရှိပြီး ကမ္ဘာ့အမြင့်ဆုံးလမ်းအဖြစ် သတ်မှတ်ခြင်းခံရထားရပါတယ်။

၃။ Yungas Road, Bolivia

blank

ကမ္ဘာပေါ်က အန္တရာယ်အရှိဆုံးလမ်းမကြီးတစ်ခုအဖြစ်သတ်မှတ်ခြင်းခံရပြီး တစ်နှစ်ကို လူပေါင်း ၃ဝဝ ခန့် အဲဒီလမ်းမကြီးပေါ်မှာ မတော်တဆမှုနဲ့ သေဆုံးလေ့ရှိပါတယ်။ တစ်ဖက်မှာက ကြမ်းတမ်းတဲ့ ကျောက်စွန်းတွေနဲ့ တောင်နံရံ၊ တစ်ဖက်မှာက မီတာ ၆ဝဝကျော်နက်တဲ့ ချောက်ကြီးရှိပြီး ကျဉ်းမြောင်းလှတဲ့လမ်းကြောင့် မောင်းနှင်ရတာ သဲထိတ်ရင်ဖိုစရာပါ။

၎။ Guoliang Tunnel, China

blank

သီးခြားကမ္ဘာလိုဖြစ်နေတဲ့ ရွာငယ်လေးတွေနဲ့ အနီးဆုံးမှာရှိတဲ့မြို့နဲ့ အဆက်အသွယ်ရအောင် ဒီ Guoliang Tunnel ကို ဒေသခံတွေကိုယ်တိုင် တောင်ကိုဖောက်ပြီး တည်ဆောက်ခဲ့တာဖြစ်ပါတယ်။  နောက်နှစ်ပေါင်းများစွာကြာမှ အစိုးရက မီတာ ၁၂ဝဝ ရှည်တဲ့ ဥမင်လမ်းကို ပြန်လည်ပြုပြင်မွမ်းမံပေးခဲ့တာဖြစ်ပါတယ်။

၅။ Le Passage du Gois, France

blank

အချိန်တော်တော်များများ ပင်လယ်အောက်မြုပ်နေတတ်တာကြောင့် ဒီလမ်းကို တစ်နေ့မှာနာရီအနည်းငယ်လောက်သာ ဖြတ်သန်းခွင့်ပြုပါတယ်။ ၄.၅ ကီလိုမီတာရှည်တဲ့ ဒီလမ်းကို မဖြတ်ခင်မှာ ကားသမားတွေဟာ ရေကျချိန်၊ ရေတက်ချိန်ဇယားကို အရင်ဆုံးဖတ်ရပါတယ်။ ဒါမှမဟုတ်ရင်တော့ လမ်းတဝက်မှာ ကားမောင်းနေရင်း ပင်လယ်ရေအောက်ကမ္ဘာကို ရောက်သွားနိုင်ပါတယ်။

၆။ Tianmen Mountain road, China

blank

ဒီတောင်တက်လမ်းဟာ ၁ဝ km ပဲရှည်ပါတယ်။ ဒါပေမဲ့ အကွေ့ပေါင်း ၉၉ကွေ့ရှိပြီး လမ်းအစအတက်ကနေ လမ်းအဆုံးထိပ်ရောက်တဲ့အထိ အမြင့်က မီတာ (၁ဝဝဝ) ကျော်ပါတယ်။ ဒီလမ်းကို ဖြတ်သွားဖြတ်လာမောင်းနှင်ရတဲ့ ယာဉ်မောင်းတွေဟာ သတိကြီးကြီးထားပြီး မောင်းနှင်ကြရပါတယ်။

၇။ Hana, Hawaii

blank

၁၁၂ ကီလိုမီတာရှည်တဲ့ ဒီလမ်းဟာ Hawaiian ကျွန်းမှာ တည်ရှိပြီး Kahului နဲ့ Hana ကို ဆက်သွယ်ပေးထားပါတယ်။ ဒီလမ်းဟာ ကျဉ်းမြောင်းလွန်းပြီး တံတား ၅၉ စင်းရှိပါတယ်။ တံတား ၄၆ စင်းကတော့ တစ်လမ်းမောင်းပဲရှိပါတယ်။ မြေပြိုမှုတွေ မကြာခဏဖြစ်တတ်တာကြောင့် မကြာခဏဆိုသလို ပိတ်ထားရပါတယ်။

၈။ Col de la Bonette, France

blank

အန္တရာယ်များလှတဲ့ ဒီလမ်းဟာ ပြင်သစ်က Alps တောင်တန်းတွေရဲ့ မီတာ ၂ဝဝဝ အမြင့်မှာ တည်ရှိပါတယ်။ အီတလီနယ်စပ်နားပေါ့။ တောင်တက်လမ်းတွေဟာ မတ်စောက်လွန်းပြီး မထင်မှတ်ထားတဲ့ အကွေ့တွေကြောင့် အန္တရာယ်များရခြင်းဖြစ်ပါတယ်။

၉။ Gotthard Pass, Switzerland

blank

ဒီလမ်းကလည်း ဆွစ်ဇာလန်နိုင်ငံ Alps တောင်တန်းတွေကို ဖြတ်သွားတဲ့ လမ်းပါပဲ။ လမ်းက ၆၄ ကီလိုမီတာပဲ ရှည်ပေမဲ့ အကွေ့များပြီး လမ်းတိုတာကြောင့် အန္တရာယ်များပါတယ်။ ဒါပေမဲ့ ရှုခင်းတွေကသိပ်လှတာကြောင့် ခရီးသွားတွေအကြိုက် လမ်းတစ်လမ်းပါပဲ။

၁ဝ။ ’Caucasus’ road, Russia

blank

ကျဉ်းမြောင်းလှတဲ့ ဒီလမ်းဟာ Sochi နဲ့ Ritsa Lake ကို တောင်တွေကျော်ပြီး ဆက်သွယ်ပေးနေတဲ့လမ်းဖြစ်ပါတယ်။ လမ်းကျဉ်းတဲ့အပြင် ချောက်ကမ်းပါးတွေကြောင့် အန္တရာယ်များသလို ရှုခင်းလှလွန်းတဲ့လမ်းလည်းဖြစ်ပါတယ်။