သမီးကို ဝမ်းနဲ့ လွယ်ထားရတဲ့ မေမေဖတ်ဖို့ ကျေးဇူးတင်လွှာလေးတစ်စောင်…

blank

မေမေရေ…..။

မေမေ့ဗိုက်ထဲကို သမီးရောက်နေပြီဆိုတာကို သိတဲ့နေ့က ဆီးစစ်တံလေးကိုကြည့်ပြီး ထခုန်မတတ်ပျော်နေတဲ့ မေမေ့ကိုကြည့်ပြီး သမီးသိပ်ပျော်တာပဲ။ မထွက်သေးတဲ့ မေမေ့ ဗိုက်ကလေးကို ဖေဖေကိုင်ကြည့်နေတော့လည်း နွေးထွေးတဲ့ဖေဖေ့လက်ကလေးတွေကနေတဆင့် မိဘမေတ္တာကို စပြီး ခံစားခဲ့ရတယ်။

သမီးမေမေ့ဗိုက်ထဲကို စရောက်တဲ့ အစလတွေမှာ မေမေအမြဲတမ်းမောပန်း နွမ်းလျနေတတ်တယ်။ မေမေ့ခန္ဓာကိုယ်ကအပြောင်းအလဲအသစ်တွေနဲ့ နေသားကျအောင် ဆောင်ရွက်နေရတဲ့အတွက် အဲဒီလိုခံစားနေရတာဖြစ်တာမို့ စိတ်မပူပါနဲ့နော်မေမေ။ မေမေညဖက်မှာ အိပ်ရေးဝအောင်အိပ်ပါ။ နေ့လည်ခင်းတွေမှာ တရေးအိပ်နိုင်အောင်ကြိုးစားပါ။ သမီးမေမေ့ဗိုက်ထဲမှာ နေသားကျလာတာနဲ့ မေမေသက်သာလာမှာပါနော်။

မေမေရေ သမီးမေမေ့ဗိုက်ထဲကို ရောက်ပြီး နှစ်လလောက်စပြီး မေမေပျို့တက်တာ၊ အန်တာတွေဖြစ်လိမ့်မယ်။ များသောအားဖြင့် မနက်ခင်းတွေမှာပေါ့။ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဖြစ်တာကြောင့် မေမေစိတ်မပူပါနဲ့။ လေပွသလို၊ ဝမ်းဟာသလိုဖြစ်နေတဲ့ ခံစားမှုကြီးကြောင့်လည်း စိတ်မပူပါနဲ့မေမေ။

မေမေရေ… ညဖက်တွေမှာ အိပ်ကောင်းတုန်းရှိသေး ထထပြီး ဆီးသွားရတဲ့ မေမေ့ကို အားနာလိုက်တာ။ မေမေ့သားအိမ်ထဲမှာ သမီးက ကြီးကြီးလာတော့ မေမေ့ဆီးအိတ်ကို သွားသွားဖိသလိုဖြစ်နေတာကိုး။ မေမေရေ မေမေ့ရဲ့ခန္ဓာကိုယ်က သမီးကိုကြီးထွားဖွံ့ဖြိုးစေဖို့ အချိန်ပိုအလုပ်လုပ်ပြီး သွေးတွေထုတ်လုပ်ရတယ်။ အဲဒါကြောင့် မေမေရံဖန်ရံခါ ဗိုက်ဆာမယ်၊ အားနည်းသလို ခံစားရမယ်၊ ခေါင်းမူးပြီး စိတ်အလိုမကျဖြစ်မယ်။ မေမေ့ဗိုက်ထဲက အစာအာဟာရတွေကို သမီးကောင်းကောင်းစုပ်ယူနိုင်ဖို့အတွက် မေမေ့ကြွက်သားတွေက အစာတွေကို တဖြည်းဖြည်းပဲ ဖြိုခွဲတဲ့အတွက်  သံဓာတ်ပါတဲ့အားဆေးတွေလည်း သောက်ရတဲ့အတွက် မေမေဝမ်းလည်းချုပ်လိမ့်မယ်နော်။ မေမေလေခဏခဏလည်နေလို့ ဖေဖေလိုက်စနေတော့ သမီးဖြင့်ရယ်လိုက်ရတာ။

မေမေရေ… သွေးလည်ပတ်မှုတွေကောင်းလာပြီး ဟော်မုန်းအပြောင်းအလဲတချို့ကြောင့် မေမေ့မျက်နှာဝင်းပလာသလို အရေပြားအဆီထုတ်လုပ်မှုများလာပြီး ဝက်ခြံတွေလည်း ထွက်လာလိမ့်မယ်။  မေမေ့ကိုအားနာမိပေမယ့် တစ်နေ့တခြားဆူထွက်လာတဲ့ မေမေ့ဗိုက်ကလေးကို ပွတ်သပ်ပေးတဲ့အခါ သမီးကြည်နူးရတယ်။ ဖေဖေနဲ့မေမေက သမီးကိုဖွဖွလေးကိုင်ပြီး ချစ်တဲ့အကြောင်း၊ လောကကြီးထဲရောက်လာမယ့်နေ့ကို မျှော်နေတဲ့အကြောင်းပြောတော့ သမီးရဲ့ နှလုံးလေးက တလှုပ်လှုပ်ခုန်လို့။ မေမေရေများများသောက်တဲ့အခါ၊ လတ်ဆတ်တဲ့အသီးအရွက်တွေကို စားတဲ့အခါ၊ လတ်ဆတ်တဲ့လေတွေကို ရှူတဲ့အခါ၊ ပျော်ပျော်ရွှင်ရွှင်ရယ်မောတဲ့အခါ၊ ဖေဖေနဲ့ကြင်ကြင်နာနာ စကားတွေကို ဆိုတဲ့အခါ သမီးသိပ်ပျော်တာပဲ။

သမီးလေ မေမေ့ကို သိပ်ချစ်တာပဲ…

သမီးကိုအားရှိစေမယ့် အစားအစာတွေ ကျွေးတဲ့အတွက်…..

သမီးရှိလာတဲ့အချိန်ကစပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်တဲ့အတွက်….

မေမေ့ဗိုက်ထဲကို သမီးရောက်တဲ့အချိန်ကစပြီး DHA, Zinc, Biotin အပါအဝင် အာဟာရဓာတ် (၁၉) မျိုးပါဝင်တဲ့ Fenza ကို တစ်နေ့တစ်လုံးပုံမှန်သောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။

သမီးလောကကြီးထဲကို ရောက်ပြီးနောက်မှာလည်း မေမေနဲ့သမီး ကျန်းမာရေးဆက်ကောင်းဖို့ နို့ချိုတိုက်ကျွေးနေတဲ့ကာလတွေမှာ Fenza ကို ဆက်သောက်ပေးပါနော်။

စာချစ်သူတို့ရဲ့ ခံစားမှုရသအတွက် Fenza နဲ့ ဂန္ထဝင်မဂ္ဂဇင်းတို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။