ဗီတာမင် C ဓာတ်ချို့တဲ့ရင် ဘာလေးတွေဖြစ်နိုင်လဲ။

blank

စာချစ်သူတို့ရေ…

ဗီတာမင် C ကို လူတိုင်းသိပေမဲ့ အဲ့ဒီဓာတ်ချို့တဲ့ရင် လူတစ်ယောက်ရဲ့ကျန်းမာပျော်ရွှင်ဖွယ် နေ့ရက်တွေကို ဘယ်လိုထိခိုက်စေလဲဆိုတာကိုတော့ သိသူနည်းပါတယ်။ အများစုကြုံဖူးကြတဲ့…

  • ထိခိုက်ရှနာဖြစ်လွယ်ခြင်း
  • သွားဖုံးရောင်ရမ်းခြင်း
  • သွားဖုံးသွေးယိုခြင်း
  • အနာကျက်နှေးခြင်း
  • ဆံသားတွေခြောက်သွေ့ကျိုးပြတ်ခြင်း
  • အသားအရေပေါ် အနီစက်တွေထွက်ခြင်း
  • အသားအရေခြောက်သွေ့ကြမ်းတမ်းခြင်း
  • နှာခေါင်းသွေးယိုခြင်း
  • ကိုယ်ခံအားစနစ်ကျဆင်းခြင်း
  • အစာချေဖျက်မှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်ပေါ်ခြင်း
  • Metabolism ဓာတ်လျော့ကျတာကြောင့် ကိုယ်အလေးချိန်တိုးခြင်း
  • အဆစ်အမြစ်တွေ ရောင်ရမ်းနာကျင်ခြင်း

စတဲ့လက္ခဏာရပ်တွေဟာ ဗီတာမင် C ဓာတ်ချို့တဲ့ခြင်းရဲ့နောက်ဆက်တွဲတွေပါပဲ။ ရေရှည် ချို့တဲ့ရင် သွေးတိုး၊ သည်းခြေမကောင်းခြင်း၊ နှလုံးရောဂါနဲ့ ကင်ဆာအထိဖြစ်နိုင်သလို ဗီတာမင် C ဓာတ်လုံးဝကို မလုံလောက်ရင်တော့ စကဗီ(scurvy) လို့ခေါ်တဲ့ သွေးရောဂါအထိဖြစ်ပွားနိုင်ပါတယ်။ ကြောက်စရာကောင်းတဲ့ အဲ့ဒီဆိုးကျိုးတွေကနေ ရှောင်လွှဲဖို့၊ ကာကွယ်ဖို့ဆိုရင်တော့ ဗီတာမင် C ကြွယ် ဝတဲ့ ဟင်းသီးဟင်းရွက်တွေ နေ့စဉ်စားပေးလို့ရပါတယ်။ ပိုသေချာချင်ရင်တော့ ဗီတာမင် C ဆေးဝါး တစ်မျိုးကို နေ့စဉ်ပုံမှန်မှီဝဲသွားပေးဖို့ပါပဲ။

 

ဆေးသောက်သလိုမဟုတ်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ ငုံလို့ရတဲ့ ViCee ဟာ သင့်မိသားစုအတွက် နေ့ စဉ်လိုအပ်နေတဲ့ ဗီတာမင် C ပမာဏကို အကောင်းဆုံးဖြည့်စွက်ပေးနိုင်မယ့် ဆေးဝါးပါ။

မိသားစုအားလုံးရဲ့ကျန်းမာပျော်ရွှင်မှုကို ဖော်ဆောင်ဖို့ ViCee  ကို နေ့စဉ်သောက်ကြပါစို့။

ဤဆောင်းပါးကို Vicee နဲ့ ဂန္ထဝင် မဂ္ဂဇင်းတို့မှ ပူးပေါင်းရေးသားတင်ဆက်ခြင်း ဖြစ်သည်။