ကျွန်တော့်ဇနီးမှာ ကျွန်တော်မသိအောင် ဖုံးကွယ်ထားတာတွေရှိတယ်။

blank

ကျွန်တော့်ဇနီးသည်ဟာ ကျွန်တော့်အတွက်တော့ မီးအိမ်ရှင်မလေးပါ။ အိမ်တစ်အိမ်လုံးကို ထွန်းလင်းတောက်ပနေအောင် ဆောင်ရွက်ပေးသလို ညံစီနေစေတဲ့ ဆည်းလည်းလေးလည်းဖြစ်ပါတယ်။ ကျွန်တော့်ကို ပါရမီဖြည့်ရင်း၊ သားသားမီးမီးလေးတွေရဲ့ ဝေယျာဝစ္စကို ဆောင်ရွက်ပေးရင်း ပင်ပန်းနေပေမယ့် မိသားစုဝင်တွေရဲ့ အပြုံးမျက်နှာကို ကြည့်ပြီးဖြေသိမ့်နေတဲ့သူလည်း ဖြစ်ပါတယ်။ တစ်ခါတလေမှာ ဗျစ်တောက်ဗျစ်တောက်လုပ်နေတတ်ပေမယ့် ကျွန်တော့်ဇနီးကျွန်တော်မသိအောင် ဖုံးကွယ်ထားတာလေးတွေရှိပါတယ်။ အဲဒါကိုကျွန်တော်လည်း မကြာခင်ကမှ သိခဲ့ရပါတယ်။

ကျွန်တော့ ဇနီးဟာ သူတို့တစ်နေကုန် အိမ်အလုပ်တွေလုပ်နေပြီး ပင်ပန်းတတ်ပါတယ်။ ကျွန်တော်အလုပ်က ပြန်လာရင် အဲ့ဒါတွေကို ကျွန်တော်မမြင်အောင် ဖုံးကွယ်ထားပါတယ်။

ကျွန်တော့်ဇနီးဟာ အိမ်အလုပ်တွေကို ကူဖော်လောင်ဖက်လိုပါတယ်။ ကျွန်တော်က “ကိုယ်ကူရမလား” လို့ မေးတဲ့အချိန်တိုင်း “ရပါတယ်” လို့ဖြေပြီး သူမက အရာရာကို ပိုင်နိုင်သလို ဟန်ဆောင်တတ်ပါတယ်။

ကျွန်တော့ဇနီးဟာ အလှမက်ပါတယ်။ ကျွန်တော်အတွက် သားသားမီးမီးလေးတွေမွေးပေးပြီး ပုံပန်းပျက်လာတာကိုလည်း သူမမသိချင်ဟန်ဆောင်ထားပါတယ်။

ကျွန်တော်ရုံးနားရက်ရှိပေမယ့် ကျွန်တော့်ဇနီးရဲ့ အိမ်ရှင်မအလုပ်က နားရက်မရှိပါဘူး။ အဲဒီအတွက် သူမလည်း တစ်ခါတလေလျှောက်သွားချင်တာ၊ လျှောက်လည်ချင်တာတွေရှိရင်လည်း ကျွန်တော့်ကို မပြောပြဘဲ ဖုံးကွယ်ထားပါတယ်။

ကျွန်တော်တို့နှစ်ယောက်ရဲ့ သားသားမီးမီးလေးတွေဟာ ညဖက်တွေဆို ဂျီကျတတ်ပါတယ်။ အဲဒီအခါမျိုးမှာ ကျွန်တော့်ဇနီးက ကျွန်တော်မနှိုးအောင် ဟိုဖက်ခန်းကိုသွားပြီး ကလေးတွေကို ချော့တတ်ပါတယ်။ နေ့ဖက်တွေမှာ မနားရတဲ့အပြင် ညဖက်မှာ မအိပ်ရသေးတဲ့ သူမရဲ့ မျက်ဝန်းညိုညိုလေးတွေရဲ့ ပင်ပန်းမှုကို အသက်အရွယ်ကြောင့်ပါလို့ ကျွန်တော့်ကို လိမ်ညာထားပြန်ရော။

“မိန်းကလေးတိုင်းက စိန်နားကပ်လေးတစ်ရံတော့ လိုချင်ကြတယ်” တဲ့ အဲဒီစကားလေးကို ဟုတ်လားလို့မေးတဲ့အခါမှာလည်း သူမက ချက်ခြင်းဘဲ ခေါင်းခါတယ်။ စိန်နားကပ်ဆိုတဲ့ စကားလေးက သူမရဲ့ မျက်ဝန်းတွေကို တောက်ပစေခဲ့ပေမယ့် သူမရဲ့အမူအရာတွေနဲ့ ဖုံးကွယ်ထားပြန်တယ်။

ကဲ… ဒီလိုလေးတွေ လိမ်ညာတတ်တဲ့ ဇနီးသည်တစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ကျွန်တော်ဘယ်လောက်တောင်ကံကောင်းလိုက်လဲ။ ဒါကြောင့်လေ…. ကျွန်တော်လည်း သူ့ကို ပြန်ပြီးလိမ်ညာလိုက်တာပေါ့….

နောက်နေ့ကစပြီး ပျင်းလို့ပါဆိုတဲ့အကြောင်းပြချက်နဲ့ သူမကို ပန်းကန်တွေကူဆေးပေးတယ်။

အလုပ်မရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ အိမ်ကိုစောစောပြန်လာတယ်။

စမ်းကြည့်ချင်လို့ပါဆိုတဲ့အကြောင်းပြချက်နဲ့ သူမကို ဟင်းကူချက်ပေးတယ်။

ဟိုနေ့ကတော့ ငွေတွေပိုနေလို့ပါဆိုတဲ့အကြောင်းပြချက်နဲ့ သူမကို စိန်နားကပ်လေးတစ်ရံဝယ်ပေးဖြစ်တယ်။ သူမကတော့ “မကြိုက်ပါဘူး” လို့ညာပြီး ငြင်းပါသေးတယ်။ ကျွန်တော်ကလည်း ယောက်ျားပါဝါသုံးပြီး တစ်ချက်လွှတ်အမိန့်ပေးလိုက်တယ်။ သင်္ကြန်ကာလအတွက် ကိုယ်ဝယ်လာတဲ့လက်ဆောင်လေးကို မပန်ရင် တင်းတင်းကြပ်ကြပ်ကြီးဖက်ထားမယ်လို့ ခြိမ်းခြောက်လိုက်တော့ သူမမျက်ရည်တွေကြားမှာ ပြုံးနေခဲ့တယ်လေ။ ပြီးတော့ စိန်နားကပ်လေးကို ချက်ခြင်းကောက်ပန်လိုက်ပြီး “ကျွန်မစိန်နားကပ်လိုချင်နေတာ မောင်ဘယ်လိုသိတာလဲ” လို့ မရဲတရဲလေးမေးတယ်။ ကျွန်တော်က မိန်းမရယ် မင်းမပြောတဲ့အရာတွေကို ကိုယ်သိအောင်ကြိုးစားနေတယ်လေ။ အခုစိန်နားကပ်လေးကို မင်း page ပေါ်မှာ share share နေတဲ့ တော်ဝင်စိန်တိုက်ကနေ ဝယ်ခဲ့တာလေ။ ကိုယ့်မိန်းမက လိုချင်လို့ ပုံလေးတွေသိမ်းထားတယ်ဆိုတာကိုလည်း ကိုယ်သိတယ်လေ။  တော်ဝင်စိန်တိုက်ကနေ စိန်ဝယ်ချင်လို့ စုံစမ်းကြည့်လိုက်တော့လည်း ဝန်ဆောင်မှုကောင်းပြီး ဖော်ရွေပျူငှာတဲ့ အရောင်းဝန်ထမ်းတွေက ကိုယ့်မိန်းမရဲ့အကြိုက်ရအောင် အကောင်းဆုံးဆောင်ရွက်ပေးတယ်။ သူငယ်ချင်းတွေကလည်း တော်ဝင်စိန်တိုက်ရဲ့ အရည်အသွေးစိတ်ချရမှု သတင်းကောင်းလေးကို ဆောင်ကြတော့ ကိုယ်လည်းဝယ်ပြီပေါ့။

“သန့်စင်လင်းလက်မှုတွေရဲ့ ပုံရိပ်တစ်ခုဖြစ်တဲ့ စိန်ပွင့်လေးတွေဟာ ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရားအတွက် ပြယုဂ်ပါ” ပီတာ ဆင်ဂါ (Peter Singer) ကပြောခဲ့တဲ့အတိုင်းပဲ စိန်ပွင့်လေးတွေဟာ ချစ်ခြင်းမေတ္တာကို ထင်ဟပ်စေတဲ့အကောင်းဆုံးလက်ဆောင်လေးတွေဆိုတော့ ကျွန်တော်လည်း ချစ်ခြင်းတွေကို စိန်ပွင့်လေးတွေနဲ့ သက်သေပြပြီလေ။