နဝရတ်ကိုးပါး ဆင်မြန်းခြင်း၏ အံ့မခန်း အကျိုးကျေးဇူးများ

blank

           ကျွန်မတို့ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေဟာ လောကီ၊ လောကုတ္တရာ နှစ်ဖြာအကျိုး ဆပွားတိုးအောင် အဆောင်အနေနဲ့ နဝရက်ကိုးသွယ်ကို လက်စွပ်အဖြစ် ဆင်မြန်းလေ့ရှိကြပါတယ်။ နဝရက်ကိုးပါးဆိုတာ ပတ္တမြား၊ မြ၊ ပုလဲ၊ သန္တာ၊ ဥဿဖယား၊ စိန်၊ ကြောင်မျက်ရွဲ၊ ဂေါ်မုတ်၊ နီလာ စတဲ့ ကျောက်မျက်ရတနာကိုးပါးဖြစ်ပါတယ်။ နဝရက်ကိုးသွယ်ဝတ်ဆင်ခြင်းကြောင့် ရလာနိုင်တဲ့ ဂုဏ်သတ္တိတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ပတ္တမြားက သြဇာတိက္ကမ ကြီးမားစေတယ်။

၂။ မြက အေးချမ်းတည်ငြိမ်စေတယ်။

၃။ စိန်က ကျက်သရေရှိစေတယ်။

၎။ ကြောင်မျက်ရွဲက ဆန္ဒတွေကို ပြည့်စုံစေတယ်။

၅။ နီလာက ချစ်ခြင်းမေတ္တာကို ဆောင်ကြဉ်းပေးတယ်။

၆။ ဂေါ်မုတ်က အင်အားကြီးမားစေတယ်။

၇။ ဥဿဖရားက ကျန်းမာရေးကောင်းစေတယ်။

၈။ သန္တာက ခြွေရံသင်းပင်းပေါများစေတယ်။

၉။ ပုလဲက ထင်ပေါ်ကျော်ကြားစေတယ်။

နဝရတ်ကိုးပါးရဲ့ ဂုဏ်သတ္တိကို ပိုမိုထူးခြားကောင်းမွန်စေဖို့ လက်စွပ်သွန်းလုပ်သူအချို့က အဓိဋ္ဌာန်ဝင်၊ သီလဆောက်တည်ပြီးမှ လက်စွပ်ကို သွန်းလုပ်တတ်ကြပါတယ်။ ဝတ်ဆင်သူရဲ့ သီလလုံခြုံမှုအပေါ်မူတည်ပြီး သက်ရောက်တဲ့အကျိုးကျေးဇူးကွာသွားတယ်လို့လည်း ဆိုပါတယ်။

ဂန္ထဝင်ပရိသတ်ကြီးရေ… ကံပွင့်ကံမြင့်စေဖို့ နဝရက်ကိုးသွယ်လက်စွပ် ပြုလုပ်ဝတ်ဆင်မယ်ဆိုရင် လိုအပ်တဲ့ နီလာ၊ ပုလဲ၊ ပတ္တမြားကျောက်လေးတွေကို Thida Gems မှာ ဈေးနှုန်းမှန်ကန်စွာနဲ့ စိတ်တိုင်းကျ ဝယ်ယူနိုင်ပါတယ်။ ပစ္စည်းမှန်၊ ဈေးမှန်၊ အရည်အသွေးမှန်တာကြောင့် ကျောက်မျက်လောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေတဲ့ Thida Gems Showroom ကို Sule Square by Shangri-La မှာ ဖွင့်လှစ်ထားတယ်ဆိုတာကိုလည်း အသိပေးလိုက်ပါရစေရှင်။

ကျောက်မျက်ရတနာချစ်သူ ဂန္ထဝင်စာဖတ်ပရိသတ်ကြီးအတွက် ဂန္ထဝင်မဂ္ဂဇင်းနှင့် Thida Gems မှ ပူးပေါင်းတင်ဆက်သည်။