ယာဉ်မတော်တဆမှုတွေကို ကြိုတင်ကာကွယ်ဖို့ လိုက်နာသင့်တဲ့အချက်များ

blank

၁။ ကားမမောင်းခင် ကားတာယာတွေကို လေလျော့မလျော့စစ်ပါ။

၂။ အချက်ပြမီးတွေ ကောင်းကောင်း အလုပ်လုပ်၊ မလုပ် စစ်ပါ။

၃။ ဘရိတ်ဆီ၊ အအေးပေးအရည် (Coolant) နဲ့ အင်ဂျင်ဝိုင်တို့ကိုလည်း လုံလောက်မှုရှိ၊မရှိ စစ်ဆေးပါ။

၎။ ကားစမောင်းပြီဆိုကတည်းက သတိရှိရှိနဲ့ ပတ်ဝန်းကျင်ကို အမြဲမပြတ်ဂရုစိုက်နေပါ။

၅။ လမ်းကြောပြောင်းမယ်ဆိုတိုင်း ကားရဲ့ ရှေ့နောက်ဝဲယာမှာ အန္တရာယ်ကင်းမကင်း သေသေချာချာ ကြည့်ပါ။

၆။ ရှုပ်ထွေးနေတဲ့လမ်းမှာ ကားကျော်တက်ခြင်း၊ ပြိုင်မောင်းခြင်းတွေကို ရှောင်ကြဉ်ပါ။

၇။ မီးစိမ်းနေတယ်ဆိုဦးတော့ ကွေ့မယ်၊ လမ်းကူးမယ်ဆိုရင် သေသေချာချာကြည့်ပြီး ရှင်းတယ်ဆိုမှ ကူးပါ။

၈။ လူနာတင်ကား၊ မီးသတ်ကားနဲ့ အခြားအရေးပေါ်ကားတွေလာတယ်ဆိုရင် သတိနဲ့ စောင့်ကြည့်ပြီး ကျော်တက်နိုင်အောင် လမ်းကြောပေးပါ။

၉။ ကားမကွေ့ခင် ပေတစ်ရာလောက်ကတည်းက အချက်ပြမီးပြပါ။

၁၀။ လမ်းတိုင်းရဲ့ အထူးစည်းကမ်းသတ်မှတ်ချက်တွေကို လိုက်နာပါ။

၁၁။ ရှေ့ကားကို ကပ်မလိုက်ပါနဲ့။ ရှေ့ကားနဲ့ ကိုယ့်ကားကြားမှာ ကားတစ်စီးစာ နေရာချန်ပြီး မောင်းပါ။

၁၂။ မောင်းရလွယ်ပြီး လမ်းကြောရှင်းတဲ့လမ်းတွေကို ရွေးပြီးမောင်းပါ။

၁၃။ သတ်မှတ်ထားတဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို အပြည့်အဝလိုက်နာပါ။

၁၄။ ကားမောင်းနေစဉ်မှာ ဖုန်းသုံးခြင်းကို ရှောင်ကြဉ်ပါ။ အရေးပေါ်သုံးရမယ်ဆိုရင် ကားကို လမ်းဘေးချရပ်ပြီးမှ သုံးပါ။

ဂန္ထဝင်ပရိသတ်ကြီးရေ… ယာဉ်မတော်တဆမှုတွေကြောင့် အသက်ဆုံးရှုံးသွားရတာ၊ ထိခိုက်ဒဏ်ရာရသွားတာတွေဟာ မိမိကိုယ်တိုင်အတွက်သာမက မိမိမိသားစုကိုပါ ထိခိုက်စေသလို နိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ ကိုယ်က ယာဉ်စည်းကမ်းလမ်းစည်းကမ်း ဘယ်လောက်လိုက်နာပါစေ၊ တစ်ဖက်လူက စည်းကမ်းမလိုက်နာဘဲ မောင်းနှင်မှုတွေကြောင့်လည်း ကိုယ့်မှာ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ဒီလို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးလှုပ်ရှားမှုဖြစ်တဲ့ Motors Awareness Campaign တွေကို ကိုယ်တိုင်တက်ရောက်သင့်တဲ့အပြင် ကိုယ့်ပတ်ဝန်းကျင်က လက်လှမ်းမီသမျှလူတွေကိုလည်း တက်ရောက်ဖို့ တိုက်တွန်းအကြံပေးသင့်ပါတယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းဖို့ကို အစိုးရနဲ့ အခြားအဖွဲ့အစည်းတွေကပဲ ဦးဆောင်ပညာပေးနေရုံနဲ့ မရပါဘူး။ ယာဉ်မောင်းနေသူ၊ လမ်းပေါ်သွားနေသူတွေအားလုံးအားလုံး လိုက်နာနိုင်မှ အန္တရာယ်ကင်းတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဝိုင်းဝန်းဖန်တီးနိုင်မှာ မဟုတ်လား။

လာမယ့် မတ်လ (၃ဝ) ရက်နေ့မှာတော့ မော်လမြိုင်မြို့နေပြည်သူလူထု ယာဉ်အန္တရာယ် ကင်းဝေးစေရန်ရည်ရွယ်ပြီး Motors.com.mm က ကြီးမှူးလို့ မော်လမြိုင်မြို့မှာ Motors Awareness Campaign ကို ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ အများပြည်သူ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာပြီး အန္တရာယ်ကင်းဝေးအောင် ဦးဆောင်လှုပ်ရှားနေတဲ့ Motors.com.mm ကို ဂန္ထဝင်မဂ္ဂဇင်းမှ လေးစားဂုဏ်ပြုအပ်ပါတယ်ရှင်။

ဂန္ထဝင်စာဖတ်ပရိသတ်ကြီး ဘေးအန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်လျက် ဂန္ထဝင်မဂ္ဂဇင်းနှင့် Motors.com.mm တို့မှ ပူးပေါင်းတင်ဆက်သည်။