သင်ကြိုက်တဲ့ လက်ဝတ်ရတနာက ပြောပြနေတဲ့ သင့်အကြောင်း။

blank

မိန်းကလေးတစ်ယောက်နှစ်သက်တဲ့ လက်ဝတ်ရတနာတွေကိုကြည့်ပြီး သူမရဲ့အမူအကျင့်တွေကို ခန့်မှန့်လို့ရတယ်တဲ့။

သင်ကြိုက်နှစ်သက်တဲ့ လက်ဝတ်ရတနာက ပြောပြနေတဲ့သင့်အကြောင်းကို ဖတ်ကြည့်ပြီးမှန်မမှန် စစ်ကြည့်လိုက်ရအောင်နော်။

၁။ အရောင်တောက်ပပြီး ခပ်ကြီးကြီးလက်ဝတ်ရတနာတွေကို နှစ်သက်တယ်ဆိုရင်

သင်ဟာစွန့်စားရတာကို နှစ်သက်ပြီးပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူပါ။ အများကြားမှာ ထင်ပေါ်တာကို နှစ်သက်တတ်ပြီး ဦးဆောင်မှုစွမ်းရည်လည်း ကောင်းမွန်ပါတယ်။ သင့်ကိုချစ်သူခင်သူတွေဝိုင်းဝိုင်းလည်နေတတ်ပြီး အချစ်ကိုတန်ဖိုးထားတတ်သူဖြစ်ပါတယ်။

၂။ သင်ဟာ နားကွင်းဝိုင်းနဲ့ ဆွဲသီးအဝိုင်းတွေကို နှစ်သက်တယ်ဆိုရင်

သင်ဟာ အသစ်အဆန်းတွေလုပ်ရတာကို ဝါသနာပါပေမဲ့ ရှေးထုံးတွေကိုလည်း မြတ်နိုးတတ်တဲ့သူဖြစ်ပါတယ်။ သင့်ပုံစံဟာ အများကြားမှာထူးခြားနေတတ်ပြီး မိတ်ဆွေလည်းအလွယ်တကူဖွဲ့တတ်ပါတယ်။ စကားပြောတဲ့အခါ ပွင့်ပွင့်လင်းလင်းနဲ့ ရဲရဲရင့်ရင့်ပြောတတ်တာကြောင့် သင့်ကိုကျိတ်ကြွေနေသူတွေအတွက် သင့်ကိုချဉ်းကပ်ဖို့ မဝံ့မရဲဖြစ်စေပါတယ်။

၃။ ပုလဲနဲ့ ပြုလုပ်ထားတဲ့ လက်ဝတ်လက်စားတွေကို နှစ်သက်တယ်ဆိုရင်

သင်ဟာ စတိုင်ကျလှပသလို တည်ငြိမ်ရင့်ကျက်သူလည်းဖြစ်ပါတယ်။ သင့်ပတ်ဝန်းကျင်မှာ သင့်ရဲ့စတိုင်က အသိအမှတ်ပြုချီးကျူးစရာတစ်ခုဖြစ်နေတတ်ပြီး သင့်ဝတ်စားဆင်ယင်ပုံကို နှစ်သက်အားကျနေတဲ့သူတွေ ရှိတတ်ပါတယ်။ သင့်ရဲ့ဆန္ဒပြင်းပြမှုနဲ့ ရည်မှန်းချက်ကြီးမားမှုတွေက အများအတွက် အတုယူစရာဖြစ်နေတတ်ပါတယ်။ အချစ်ရေးမှာတော့ သင်ဟာတစ်ယောက်ဆိုတစ်ယောက် သစ္စာစောင့်သိတတ်သူဖြစ်ပါတယ်။

၎။ သင်ဟာ ဂန္ထဝင်ဆန်တဲ့ လက်ရာတွေကို နှစ်သက်တယ်ဆိုရင်

သင်ဟာရှေးရိုးဆန်ပြီး နူးညံ့သိမ်မွေ့သူဖြစ်ပါတယ်။ သင်ဟာမေတ္တာတရားတွေကို တန်ဖိုးထားတတ်တဲ့အပြင် နှုတ်လုံသူလည်းဖြစ်တာကြောင့် မိတ်ဆွေအပေါင်းအသင်းတွေရဲ့ အားကိုးချစ်ခင်မှုကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ တစ်ခါတရံမှာ သင်ရဲ့အေးအေးဆေးဆေးနေတတ်တဲ့အကျင့်ဟာ သူတစ်ပါးကိုအားမလိုအားမရဖြစ်စေပါတယ်။

၅။ သင်ဟာ ဖန်စီဒီဇိုင်းလက်ဝတ်လက်စားတွေကို နှစ်သက်တယ်ဆိုရင်

သင်ဟာ ပျော်ပျော်နေတတ်ပြီး ဘဝကိုပေါ့ပေါ့ပါးပါးဖြတ်သန်းချင်သူတစ်ယောက်ဖြစ်ပါတယ်။ ခရီးထွက်ရတာကိုနှစ်သက်သလို စူးစမ်းလေ့လာမှုလည်း ကောင်းမွန်သူတစ်ယောက်ဖြစ်ပါတယ်။ အစွဲအလန်းကြီးကြီးမထားတတ်ပေမဲ့ မိမိချစ်ခင်သူတွေကိုတော့ စိတ်နှစ်ပြီးပေးဆပ်တတ်သူပါ။ သင့်ရဲ့ပေါ့ပါးသွက်လက်တဲ့ ပုံစံကြောင့် အများရဲ့ချစ်ခင်မှုကိုခံရတတ်သူဖြစ်ပါတယ်။

ပရိသတ်ကြီးရေ…

ဘယ်လိုလက်ဝတ်ရတနာကို နှစ်ခြိုက်တဲ့သူပဲဖြစ်ပါစေ မိမိနှစ်သက်တဲ့ လက်ဝတ်ရတနာတွေကို ရွေးချယ်ဝယ်ယူချင်တယ်ဆိုရင်တော့ အရွယ်သုံးပါးအကြိုက် ဒီဇိုင်းတွေစုံလင်စွာရရှိနိုင်တဲ့ တော်ဝင် စိန်တိုက်ရှိပါတယ်နော်။

တက်ရောက်မယ့်ပွဲ၊ သွားရောက်မယ့်နေရာနဲ့လိုက်ဖက်သင့်တော်တဲ့ စိန်ထည်ဒီဇိုင်းတွေကို စိတ်တိုင်းကျရွေးချယ်နိုင်တဲ့အပြင် ဈေးနှုန်းကလည်း သင့်တင့်မျှတတယ်ဆိုတော့ ဘာလိုသေးလဲ ပျိုမေတို့ရေ..။

ဝယ်ယူအားပေးသူတွေရဲ့ စိတ်တိုင်းကျမှုကို တန်ဖိုးထားတဲ့ တော်ဝင်စိန်တိုက်ကို တစ်ခါတစ်ခေါက်လာရောက်ပြီး ဒီဇိုင်းဆန်းသစ်၊အရည်အသွေးပြည့်ဝတဲ့ စိန်ထည်တွေကို လေ့လာဖို့ ဖိတ်ခေါ်အပ်ပါတယ်နော်။