နှစ်နှစ်အရွယ် သားသားမီးမီးလေးတွေအတွက် အစားအသောက်ကျွေးမွေးခြင်းဆိုင်ရာ သိကောင်းစရာများ

blank

မေမေတို့ရေ…

မေမေတို့ရဲ့ သားသားမီးမီးလေးတွေဟာ အသက်နှစ်နှစ်ကိုရောက်လာတဲ့အခါမှာ တစ်ရက်ကို ထမင်းသုံးကြိမ်နဲ့ ဖြည့်စွက်အစာလေးတွေကိုပါ သွားရည်စာအဖြစ်စားတတ်နေကြပါပြီ။

ရေခွက်ကိုလက်တစ်ဖက်တည်းနဲ့ ကိုင်တတ်နေကြပြီ။

သူတို့လေးတွေရဲ့ စားသောက်ပုံတွေဟာလည်းတဖြည်းဖြည်းနဲ့ ပြောင်းလဲတိုးတက်လာပါပြီ။

ပုံမှန်ဆိုရင် ထမင်းကျွေးရခက်တဲ့ သားသားမီးမီးလေးတွေဟာ လူကြီးတွေနဲ့ လက်ရည်တစ်ပြင်တည်း ထမင်းစားရတာကို နှစ်သက်စပြုနေကြပါပြီ။ သူ့တို့လေးတွေရဲ့ တိုးတက်လာတဲ့ စကားပြောစွမ်းရည်တွေ၊ ပေါင်းသင်းဆက်ဆံရေးစွမ်းရည်တွေကြောင့် ထမင်းဝိုင်းလေးတွေဟာလည်း စိုပြေလာပြီ။ ဒီအချိန်မှာ မေမေတို့အနေနဲ့ သတိထားရမှာက သူတို့လေးတွေရဲ့ တိုးတက်လာမှုကို ပိတ်ပင်သလိုမဖြစ်စေဖို့ ထမင်းအများကြီး ထည့်ပေးတာမျိုးမလုပ်မိအောင် ရှောင်ကြဉ်ဖို့ပါပဲ။ ထမင်းများများ စားခိုင်းတာထက် အာဟာရပြည့်ဝတဲ့အစားအစာတွေကို မျှတစွာစားစေဖို့သာ စနစ်တကျစီမံပေးသင့်ပါတယ် မေမေတို့ရေ။

သားသားမီးမီးလေးတွေရဲ့ တစ်နေ့တာအာဟာရမှာ-

  • အသားအမျိုးမျိုး
  • ဥအမျိုးမျိုး
  • ငါးအမျိုးမျိုး
  • နွားနို့၊ချိစ်နဲ့အခြားနို့ထွက်အစားအစာတွေ
  • အသီးအရွက်တွေ
  • အာလူး
  • ဂျုံ၊ ဆန်စတဲ့ နှံစားသီးနှံတွေ

စတဲ့ အစားအစာလေးတွေကိုတော့ မပါမဖြစ် ပါဝင်အောင်ဂရုတစိုက်နဲ့ ကျွေးမွေးသင့်ပါတယ်။

ဆိုးနွဲ့တတ်တဲ့ ချစ်စရာ သားသားမီးမီးလေးတွေဟာ အာဟာရစုံလင်ပြည့်ဝတဲ့ အစားအစာတွေထက် သူတို့ကြိုက်တဲ့ အစားအစာလေးတွေကိုပဲ စားချင်ကြပါတယ်။ အဲဒီအခါမှာ မေမေတို့အနေနဲ့ အစားအစာတွေကို စိတ်ဝင်စားစရာကောင်းအောင်ပြင်ဆင်ကျွေးမွေးတာမျိုး၊ ဇွန်းခက်ရင်းနဲ့မှ စားလို့အဆင်ပြေတဲ့အစားအစာတွေထက် ချစ်စဖွယ်ကောင်းပြီး လက်နဲ့ကိုင်စားလို့ရမယ့် အစားအစာတွေကို ကျွေးတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။

မေမေတို့ရဲ့ သားသားမီးမီးလေးတွေက အာဟာရပြည့်တဲ့အစားအစာတွေထက် အချိုအရသာပါတဲ့ အစားအစာတွေကိုပဲ ကြိုက်နှစ်သက်နေတယ်ဆိုရင်၊ အစားထက် အဆော့ကို မက်နေတယ်ဆိုရင် သင့်အနေနဲ့ ဗီတာမင်နဲ့ သံဓာတ်တွေကို ဖြည့်စွမ်းပေးနိုင်တဲ့ ဖြည့်စွက်စာတွေကို တိုက်ကျွေးဖို့အရေးကြီးပါတယ်။

အသက် ၂ နှစ်အရွယ်ကလေးတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ CERELAC® Multigrain and Garden Vegetable မှာ သံဓာတ်၊ ဗီတာမင်ဓာတ်တွေနဲ့ DHA စတဲ့ အာဟာရဓာတ်တွေများစွာပါဝင်နေတဲ့အပြင် အာလူး၊ ခရမ်းချဉ်သီး၊ ပဲ၊ ပြောင်းဖူး၊ မုန်လာဥနီ စတဲ့ အသီးအနှံတွေရဲ့ အာဟာရဓာတ်တွေလည်း ပါဝင်နေပါတယ်။ ကလေးတွေအတွက် လိုအပ်တဲ့ သံဓာတ်ကိုလည်း ပြည့်ဝစွာထည့်သွင်းထားတဲ့အပြင် သံဓာတ်စုပ်ယူမှုအားကောင်းအောင် ဗီတာမင် C နဲ့ သံဓာတ်အချိုးကို ၂:၁ အဖြစ် အချိုးကျ ထည့်သွင်းထုတ်လုပ်ထားပါတယ်။

ဒါကြောင့် CERELAC® Multigrain and Garden Vegetable ဟာ သားသားမီးမီးလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှု၊ ဉာဏ်စွမ်းတိုးတက်မှုကို အထောက်အကူပြုစေပြီး ကျန်းမာပျော်ရွှင်တဲ့ ရင်သွေးလေးတွေဖြစ်အောင် ကူညီပျိုးထောင်ပေးနိုင်ပါတယ်။ အစာချေစနစ်နဲ့ ခန္ဓာကိုယ်ခုခံအားစနစ်ကို ကောင်းမွန်စေတဲ့ FIBIDUS BL Probiotics လည်း ပါဝင်တာကြောင့် မေမေတို့အတွက် လက်စွဲတော်ဖြည့်စွက်စာတစ်ခုဆိုလည်း မမှားနိုင်ပါဘူး မေမေတို့ရေ။