စေ့စပ်လက်စွပ်ဆိုတာ ဘာလဲ။ လက်ထပ်လက်စွပ်ဆိုတာ ဘာလဲ။

blank

ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ… မကြာခင်မှာ မင်္ဂလာပွဲရာသီဖြစ်တဲ့ ဝါကျွတ်ကာလကို ရောက်လာတော့မယ်နော်။ ဒီတော့ ဝါကျွတ်မှာ မင်္ဂလာဆောင်မယ့် စုံတွဲတွေ၊ မင်္ဂလာဆောင်ဖို့ စိတ်ကူးနေကြတဲ့ ချစ်သူတွေအတွက် စေ့စပ်လက်စွပ်နဲ့ လက်ထပ်လက်စွပ်ဆိုင်ရာ သိမှတ်စရာလေးတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်ရှင်။

စေ့စပ်လက်စွပ်ဆိုတာ…

စေ့စပ်လက်စွပ်ဆိုတာ လက်ထပ်ခွင့်တောင်းတဲ့အချိန်မှာ ပေးရတဲ့ လက်စွပ်ဖြစ်ပါတယ်။ လက်ထပ်ခွင့်ကို လက်ခံတဲ့အနေနဲ့ ဝတ်ထားသလို လက်ထပ်ရမယ့်ပိုင်ရှင်ရှိပြီးသားဆိုတာကို ဖော်ပြတဲ့အနေနဲ့လည်း ဝတ်ဆင်ကြပါတယ်။ များသောအားဖြင့် စေ့စပ်လက်စွပ်တွေကို ရွှေ၊ ပလက်တီနမ်တို့နဲ့ ပြုလုပ်လေ့ရှိပြီး လှပတဲ့ စိန်ပွင့်လေးတစ်ပွင့်သာ ပါဝင်လေ့ရှိကြပါတယ်။ စေ့စပ်လက်စွပ်ကို ဘယ်ဘက်လက်ရဲ့ လက်သူကြွယ်မှာ ဝတ်ဆင်လေ့ရှိကြပါတယ်။

လက်ထပ်လက်စွပ်ဆိုတာ…

လက်ထပ်လက်စွပ်ဆိုတာ မင်္ဂလာဆောင်ပွဲအတွင်းမှာ သတို့သမီးနဲ့ သတို့သားကို အပြန်အလှန်ဖြစ်စေ၊ လူကြီးမိဘများကဖြစ်စေ ဝတ်ဆင်ပေးရတဲ့ လက်စွပ်ဖြစ်ပါတယ်။ လက်ထပ်လက်စွပ်ကို ရွှေနဲ့ စိန်နဲ့တွဲဖက်ထားတဲ့ ရိုးရှင်းတဲ့ ဒီဇိုင်းလေးတွေအဖြစ်သာ ဝတ်ဆင်လေ့ရှိကြပါတယ်။ လက်ထပ်လက်စွပ်နဲ့ စေ့စပ်လက်စွပ်တို့ရဲ့ ဝတ်ဆင်ရတဲ့နေရာချင်း တူနေတာကြောင့် သတို့သမီးအများစုဟာ မင်္ဂလာဆောင်အတွင်းမှာ စေ့စပ်လက်စွပ်ကို ညာဖက်လက်မှာ ခဏပြောင်းဝတ်ထားပြီး မင်္ဂလာပွဲပြီးတဲ့အခါ လက်ထပ်လက်စွပ်နဲ့ တစ်နေရာတည်း ပူးတွဲဝတ်ဆင်တတ်ကြပါတယ်။
အများအားဖြင့် သတို့သမီးနဲ့ သတို့သားတို့ဟာ ဒီဇိုင်းတူ၊ ကျောက်မျက်ရတနာတူ လက်စွပ်လေးတွေ ဆင်မြန်းတတ်ကြပါတယ်။ ယံဖန်ယံခါမှာတော့ သတို့သားရဲ့လက်စွပ်ဟာ သတို့သမီးရဲ့ လက်စွပ်ထက် အရွယ်အစားပိုမိုကြီးမားတတ်ပါတယ်။ ယနေ့ခေတ်မှာတော့ လက်စွပ်အတွင်းဘက်မှာ မင်္ဂလာမောင်နှံတွေရဲ့ နာမည်စာလုံးထွင်းတာတွေ ခေတ်စားလျှက်ရှိနေပါတယ်။

လက်စွပ်တွေရဲ့ အဓိပ္ပာယ်…

စေ့စပ်လက်စွပ်ဝတ်ဆင်ထားခြင်းက သူ့ချစ်သူကောင်လေးကို မိဘတွေက အသိအမှတ်ပြုလိုက်ပြီဆိုတဲ့သဘော၊ ပြီးတော့ သူ့မှာ ပိုင်ရှင်ရှိတယ်ဆိုတာကို ကြေညာတဲ့သဘောပဲ ဖြစ်ပါတယ်။ ချစ်သူကောင်လေးအနေနဲ့လည်း သူ့နှလုံးသားနဲ့ သူ့ဘဝကို တစ်ဘဝလုံးစာအတွက် ကောင်မလေးကို ပေးအပ်လိုက်ပြီဆိုတဲ့သဘောမျိုးနဲ့ စေ့စပ်လက်စွပ်ဝတ်ဆင်ပေးခြင်းဖြစ်ပါတယ်။

လက်ထပ်လက်စွပ်ဝတ်ဆင်ခြင်းကတော့ အဆုံးမရှိခြင်း၊ ထာဝရအတူတကွရှိနေခြင်းနှင့် ပျော်ရွှင်စရာအနာဂတ်ဆီ ဦးတည်သွားမယ့်အကြောင်းကို ညွှန်းဆိုနေတဲ့သဘောပဲဖြစ်ပါတယ်။

ဝါကျွတ်မှာ မင်္ဂလာပွဲဆင်နွှဲမယ့် ချစ်မောင်နှံတွေအတွက် လက်စွပ်ဒီဇိုင်းရွေးရခက်နေရင်၊ ဒီဇိုင်းရှိပေမယ့် စိတ်ချယုံကြည်ရတဲ့ ပစ္စည်းမှန်၊ ဈေးမှန်ဆိုင်ကို ရွေးရခက်နေရင် တော်ဝင်စိန်တိုက်ကို အရောက်သွားပြီး လေ့လာဝယ်ယူဖို့ တိုက်တွန်းလိုက်ပါရစေရှင်။ ခေတ်မီလှပတဲ့ ဒီဇိုင်းဆန်းစုံတွဲလက်စွပ်တွေကို ရောင်းချပေးနေတဲ့အပြင် အပ်ထည်များကိုလည်း စိတ်တိုင်းကျ ဖန်တီးပေးပါတယ်။ ဘယ်လက်စွပ် size ကိုမဆို ဖြူဖွေးသန့်စင်ပြီး အနာအဆာကင်းတဲ့ အရည်အသွေးပြည့် ဘယ်လ်ဂျီယမ်စိန်ပွင့်တွေကိုပဲ အသုံးပြုပြီး ဖန်တီးပေးပါတယ်။ တစ်ဘဝတာလုံးအတွက် တစ်ခါပဲရွေးချယ်ပြီး တစ်သက်လုံးဝတ်ဆင်ထားရမယ့် စေ့စပ်လက်စွပ်၊ လက်ထပ်လက်စွပ်တွေကို အကောင်းဆုံးဖြစ်စေဖို့ တော်ဝင်စိန်တိုက်မှာ ဝယ်ယူပါလို့ အကြံပေးရေးသားလိုက်ပါတယ်ရှင်။