သွားနဲ့ ခံတွင်းဆိုင်ရာ ကျန်းမာရေးဗပာုသုတများကို သိရှိအောင်လုပ်ပါ။ သင့် သွားဖုံးကို ဂရုစိုက်ပါ။

blank

ခံတွင်းကျန်းမာရေးကို ဂရုစိုက်သူများဆောင်ရန်အချက်များ

 • နေ့စဉ် မနက်စာစားပြီး တစ်ကြိမ်၊ ညအိပ်ယာဝင်ခါနီးတစ်ကြိမ် သွားတိုက်ပါ။
 • သွားပိုးစားခြင်းနှင့် အခြားခံတွင်းဆိုင်ရာပြဿနာများကို အစောတလျဉ်သိရှိနိုင်ရန် (၆)လတစ်ကြိမ် သွားဆရာဝန်နဲ့ ပြသပါ။
 • သွားတိုက်တံများကို အနည်းဆုံး(၃)လတစ်ကြိမ် အသစ်လဲပါ။
 • သွားပိုးစားခြင်း၊ ခံတွင်းနံ့နံခြင်းများကို ကာကွယ်နိုင်ရန် ဖလိုရိုက်ပါဝင်တဲ့ ခံတွင်းသန့်စင်ဆေးရည်ကို ရွေးချယ်အသုံးပြုပါ။
 • နူးညံ့တဲ့သွားပွတ်တံမွေးပါတဲ့ သွားတိုက်တံကိုရွေးချယ်အသုံးပြုပါ။

ခံတွင်းကျန်းမာရေးကို ဂရုစိုက်သူများရှောင်ကြဉ်ရန်အချက်များ

 • ဆေးလိပ်သောက်ခြင်းဟာ သွားဖုံးကိုထိခိုက်တဲ့အပြင် အခြားကျန်းမာရေးပြဿနာများကိုပါ ဖြစ်ပွားစေတတ်တဲ့အတွက် ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။                     

• သွားတိုက်တဲ့အခါ အားသုံးပြီးပြင်းပြင်းထန်ထန်မတိုက်ပါနဲ့။

• အချိုဓာတ်လွန်ကဲတဲ့ အစားအစာတွေနဲ့ တာရှည်ခံဆေးပါဝင်တဲ့အစားအစာတွေကို တတ်နိုင်သလောက်ရှောင်ကြဉ်ပါ။

• ရေချိုးရင်းသွားတိုက်တာဟာ သွားတိုက်ခြင်းကိုအပြည့်အဝအာရုံစိုက်မစိုက်နိုင်စေတဲ့အတွက် ရေချိုးရင်းသွားမတိုက်ပါနဲ့။

• သွားဆရာဝန်နဲ့ သွားရောက်ပြသဖို့ မတွန့်ဆုတ်ပါနဲ့။
ပရိသတ်ကြီးရေ…
လူ ၄ ဦးမှာ ၃ ဦးက သွားတိုက်တဲ့အခါ အလွန်အကျွံဖိတိုက်တတ်ကြပြီး ဒီလို ဖိတိုက်လိုက်ခြင်းဟာ သွားနဲ့ သွားဖုံးရောဂါတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ စာဖတ်ပရိသတ်ကြီးတို့ ဒါလေးတွေကို စိတ်ပူစရာ မလိုအောင် ခွန်အားကြီးမားတဲ့ သွားနှင့်ခံတွင်း ကာကွယ်စောင့်ရှာက်သူ Jordan Vikings လေးတွေ မြန်မာနိုင်ငံသို့ ရောက်ရှိလာပါပြီ။ Jordan Click Gum Protector ဟာ အလွန်အကျွံသွားဖိတိုက်ခြင်း မဖြစ်ရလေအောင် ကွေးညွတ်နိုင်တဲ့ နည်းစနစ်ပါဝင်သော လက်ကိုင်လေးကို ထည့်ထားပေးပါတယ်။ အလွန်အကျွံသွားဖိတိုက်နေမိပြီဆိုရင် သင့်ကို သတိပေးနိုင်တယ်လေ။
သွားနှင့်ခံတွင်းကျန်းမာရေး Jordan မှကူညီပေး။