၂ဝ၁၆၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (သြဂုတ်လ ၈ရက်နေ့မှ သြဂုတ်လ ၁၄ရက်နေ့အထိ)

blank

၁။ မိဿရာသီဖွား (Aries )

မတ်လ (၂၁)  မှ ဧပရယ်(၁၉) ရက်အတွင်းမွေးဖွားသူများ

ဒီတစ်ပတ်အတွင်း သင့်မှာ အခက်အခဲလေးတွေ ရှိနေနိုင်ပါတယ်။ ဒါပေမယ့် သောကြာနေ့မှာတော့ သင့်ကံဇာတာတွေ ပြန်ကောင်းလာပါလိမ့်မယ်။ သတင်းကောင်းကြားရမယ်။ စိတ်သဘောထားကောင်းတဲ့ သူငယ်ချင်းတွေရဲ့ ကူညီစောင်မမှုခံရမယ်။ မထင်မှတ်ဘဲ ဝမ်းနည်းစရာ ကိစ္စရပ်တွေကြုံလာနိုင်တယ်။ ဘယ်အခြေအနေကိုမဆို အကောင်းဆုံးရင်ဆိုင်လိုက်ပါ။ အောင်မြင်မှုက သင့်ရဲ့လက်တစ်ကမ်းမှာပါပဲ။ ဇွဲရှိရှိသာ ကြိုးစားလိုက်ပါ။

ယတြာ ။     ။ ဝမ်းနည်းစရာကြုံလာရရင် ဖိနပ်တစ်ရံကို မရှိဆင်းရဲသူတစ်ယောက်အား စွန့်ကြဲပေးကမ်းလိုက်ပါ။ ဒီစာစောင်လေးကို သူငယ်ချင်းတွေဖတ်ဖို့ SHARE လိုက်ပါ။

၂။ ပြိဿရာသီဖွား (Taurus)

ဧပရယ် (၂ဝ) မှ  မေလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

သင့်ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေတဲ့ ကိစ္စရပ်တွေက သင့်ဘဝကို လုံးဝပြောင်းလဲသွားအောင် စွမ်းဆောင်နိုင်တာကြောင့် သတိထားပါ။ သင့်ရဲ့ ရွေးချယ်မှုနဲ့ သင့်ရဲ့လုပ်ဆောင်မှုတွေက သင့်ဘဝကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။ တစ်သက်တာလုံးမေ့မရနိုင်မယ့် ပျော်ရွှင်စရာအမှတ်တရတစ်ခု ကြုံရလိမ့်မယ်။ သင့်ရဲ့ ယုံကြည်မှုအတွက် ရဲရဲဝံ့ဝံ့ရပ်တည်ပါ။ သင်ထင်ထားတာထက်ပိုပျော်စရာကောင်းတဲ့ ခရီးထွက်ကိန်းရှိပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ယတြာ ။     ။ ပန်းသီးတစ်လုံးကို သက်ကြီးရွယ်အို တစ်ဦးအားကျွေးပါ။ သင်ရွေးချယ်ရမယ့် လမ်းစပေါ်လာပါလိမ့်မယ်။ သူငယ်ချင်း ၃ယောက်ကို Mention ခေါ်လိုက်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ (၂၁) မှ ဇွန်လ (၂ဝ) ရက် အတွင်းမွေးဖွားသူများ

အတိတ်က ကျရှုံးမှုတွေကနေ ရုန်းထွက်နိုင်ပြီး အောင်မြင်မှုအသစ်တွေကို သူမတူအောင်ဖန်တီးနိုင်ပါလိမ့်မယ်။ ကြိုးစားမှုနဲ့ အချိုးတူတဲ့ အောင်မြင်မှုအကျိုးဆက်တွေ ခံစားရမယ့်အချိန်ပါ။ ကိုယ့်စိတ်ကို အပြည့်အဝနားမလည်သူကို ချစ်မိလို့ ရင်ခုန်ပျော်ရွှင်မှုနဲ့ စိတ်အလိုမကျမှုကို တစ်ပြိုင်နက်တည်း ခံစားရတတ်တယ်။ မိသားစုအတွင်းမှာ ပိုမိုနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေ ဖြစ်တည်လာပါလိမ့်မယ်။

ယတြာ ။     ။ လိုတာမရ၊ ရတာမလိုဖြစ်နေရင် လိုအပ်နေသူတစ်ယောက်ကို အဝတ်အစားဟောင်းတွေ လှူလိုက်ပါ။ လိုအပ်နေတဲ့ သူငယ်ချင်းတွေအတွက် ဒီစာစောင်ကို SHARE လိုက်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၁) ရက် မှ ဂျူလိုင်လ (၂၂) ရက် အတွင်းမွေးဖွားသူများ

တည်ငြိမ်နေတဲ့ သင့်ဘဝလေးကို လှုပ်ခတ်စေမယ့်သူတစ်ယောက် ပေါ်လာလိမ့်မယ်။ သူနဲ့ပတ်သတ်ပြီး သင့်ဘက်က အဆင်သင့်ဖြစ်သေးမှာ မဟုတ်ဘူး။ သင့်စိတ်ဆန္ဒအတိုင်းပဲ ဆုံးဖြတ်ပါ။ အလုပ်ကိစ္စတွေကို သင်တစ်ယောက်တည်းပဲ ဦးဆောင်လုပ်ကိုင်ရကိန်းရှိတယ်။ သင့်ရဲ့ဦးဆောင်မှုနောက်မှာ အောင်မြင်မှုလိုက်လာပါလိမ့်မယ်။ ငွေကြေးအာမခံကိစ္စတွေ သတိရှိစွာ ဆောင်ရွက်ပါ။

ယတြာ ။     ။ ကြံတိုင်းအောင်၊ ဆောင်တိုင်းမြောက်အောင် သူငယ်ချင်းတွေကို ကြံရည်တိုက်လိုက်ပါ။ ဒီစာစောင်လေးကို ချစ်ခင်ရသူတွေဖတ်ဖို့ SHARE လိုက်ပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဂျူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၂) ရက်အတွင်း မွေးဖွားသူများ

သင်ယုံကြည်လို့ အလုပ်အတူတူတွဲလုပ်တဲ့ လုပ်ဖော်ကိုင်ဘက်က သင့်အပေါ် အနည်းနဲ့အများ ဒုက္ခပေးတတ်ပါတယ်။ အယုံမလွယ်ပါနဲ့။ သတိရှိရှိနဲ့ ကြိုးစားလုပ်ကိုင်ခြင်းက သင့်ကို အောင်မြင်မှုဆီ လျင်မြန်စွာ ခေါ်ဆောင်သွားပါလိမ့်မယ်။ အလုပ်ကိစ္စနဲ့ပတ်သတ်ပြီး ခရီးထွက်ရကိန်းရှိတယ်။ ထိုခရီးကနေ သင့်ဘဝတိုးတက်မှုအတွက် အခွင့်အလမ်းတွေ အများကြီးပေါ်ပေါက်လာလိမ့်မယ်။ ချစ်ရသူက ခြေလှမ်းပျက်ချင်သလိုလို ဖြစ်လိမ့်မယ်။ တတိယလူကို သတိထားပါ။

ယတြာ ။     ။ ငါးစာကျွေး၍ လိုရာဆုတောင်းပါ။ သူငယ်ချင်းတွေကို Mention ခေါ်လိုက်ပါ။

၆။ ကံရာသီဖွား (Virgo)

သြဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) အတွင်းမွေးဖွားသူများ

မပြီးပြတ်သေးတဲ့ အလုပ်ကိစ္စတွေနဲ့ လုပ်ငန်းသစ်တွေကြား စိတ်ရှုပ်ရတတ်တယ်။ အလုပ်ကိစ္စတွေကို ကဏ္ဍအလိုက်ခွဲခြားလိုက်ပါ။ မပြီးပြတ်သေးတဲ့ကိစ္စတွေမှာ သူတစ်ပါးအကူအညီယူပြီး လုပ်ဆောင်မှ အောင်မြင်နိုင်မှာပါ။ လုပ်ငန်းသစ်တွေကိုတော့ သင့်ခြေသင့်လက်နဲ့စီမံပါ။ အချစ်ရေးပြဿနာအနည်းငယ် ဖြေရှင်းရတတ်တယ်။ သူငယ်ချင်းတွေက သင့်ကို အကောင်းဆုံး အကြံဉာဏ်ပေးပါလိမ့်မယ်။

ယတြာ ။     ။ဘုန်းကြီးကျောင်း (သို့) ဘုရားကျောင်းတစ်ခုခုမှာ သန့်ရှင်းရေးလုပ်လိုက်ပါ။ ဒီဗေဒင်လေးကို သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

သင့်အတွက် အကျိုးရှိစေနိုင်မယ့် အလုပ်တွေကိုပဲလုပ်ပါ။ အချိန်အပိုကုန်မယ့်အလုပ်တွေကို လုပ်မယ့်အစား ချစ်ရသူတွေအတွက် အချိန်ပေးပါ။ သင့်ဘဝရဲ့ အနှစ်သာရတွေကို တွေ့ရှိခံစားရလိမ့်မယ်။ ရိုးသားမှုက အောင်မြင်မှုရဲ့ အကြီးမားဆုံး လှေကားထစ်တစ်ခုပါ။ သူငယ်ချင်းအသစ်တွေရလိမ့်မယ်။ တစ်ကိုယ်တည်းသမားတွေ အချစ်သစ်ကြောင့်ရင်ခုန်သံမြန်မယ့် ကာလတစ်ခုလည်း ဖြစ်ပါတယ်။

ယတြာ ။     ။ ခိုစာကျွေးပါ။ သင့်ဆန္ဒတွေလည်း ပြည့်စုံလာပါလိမ့်မယ်။ သင်နဲ့မွေးလတူ သူငယ်ချင်းတစ်ယောက်ကို mention ခေါ်လိုက်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၁) ရက်အတွင်းမွေးဖွားသူများ

ကိုယ်တိုင်မမြင်ရဘဲ သူများပြောသမျှစကားတွေကို မျက်စိမှိတ်ယုံလိုက်တာကြောင့် ဒီတစ်ပတ်လုံး သံသယရဲ့ နှိပ်စက်ခြင်းကို ခံရတတ်တယ်။ လက်တွေ့မြင်မှ ယုံပါ။ အလုပ်ကိစ္စတွေမှာ အထက်လူကြီးတွေရဲ့ ကူညီစောင်မမှုကြောင့် ထင်မထားတဲ့အောင်မြင်မှုတွေ ရတတ်တယ်။ ဒီလကုန်ပိုင်းလောက်မှာ ငွေအလုံးအရင်းဝင်ကိန်းရှိတယ်။ အချစ်စစ်ဆိုတာ မဖြောင့်ဖြူးဘဲ အခက်အခဲတွေ့တတ်တာကြောင့် အချစ်ရေးပြဿနာတွေကို လက်တွဲဖြေရှင်းပါ။

ယတြာ ။     ။ သူဆင်းရဲကလေးငယ်လေးတွေကို ချိုချဉ်ဒါနပြုပါ။ သူငယ်ချင်းတွေ ဖတ်ဖို့ ဒီဗေဒင်လေးကို SHARE လိုက်ပါ။

၉။ ဓနုရာသီဖွား (Sagittarius)

နိုဝင်ဘာလ (၂၂)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

ကိုယ်စေတနာထားသလောက် ကိုယ့်အပေါ်မကောင်းလို့ စိတ်ညစ်နေရတဲ့ ခံစားမှုတွေ ကွယ်ပျောက်သွားတော့မယ့်အချိန်ပါ။ သင်ထားခဲ့တဲ့ စေတနာတွေက သင့်ကို နှစ်ဆအကျိုးပေးပါလိမ့်မယ်။ သင့်ဘဝအတွက် အရေးမပါတဲ့သူတွေကလည်း သင့်ဘဝထဲကနေ သူ့အလိုလို ထွက်သွားပါလိမ့်မယ်။ ရနေကျ အကူအညီတွေမရလို့ စိတ်မညစ်ပါနဲ့။ သင့်ရဲ့ ကိုယ်ပိုင်စဉ်းစားဉာဏ်နဲ့ ကြိုးစားအားထုတ်မှုကြောင့် ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေရရှိပါလိမ့်မယ်။ မြားနတ်မောင်ရဲ့ ကျီစယ်မှုကြောင့် သူငယ်ချင်းထက်ပိုတဲ့ အချစ်တွေ ရရှိလိမ့်မယ်။

ယတြာ ။     ။ ငှက် ၅ကောင်လွှတ်ပြီး အညံ့တွေ ပပျောက်စေကြောင်း ဆုတောင်းပါ။ နာမည်မှာ “ခ” ပါတဲ့ သူငယ်ချင်းတွေကို mention ခေါ်လိုက်ပါ။

၁ဝ။ မကာရ ရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂) မှ ဇန်နဝါရီလ (၁၉) ရက်အတွင်းမွေးဖွားသူများ

မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ ပဋိပက္ခလေးတွေကြုံရတတ်တယ်။ ဒါပေမယ့်  ခိုင်မာတဲ့ သံယောဇဉ်နဲ့ ချစ်ခြင်းမေတ္တာတွေက ပဋိပက္ခတွေကို ပပျောက်စေပါလိမ့်မယ်။ ပညာရေးနဲ့ အလုပ်အကိုင်တွေမှာ အောင်မြင်ဖို့ လမ်းစတွေပေါ်ပေါက်လာမယ်။ ဇွဲ၊ လုံ့လ၊ ဝီရိယထားပြီး ကြိုးစားပါ။ ချစ်ခြင်းတွေ ပြန်လည်ရှင်သန်ဖို့ မာနတွေ ခဝါချသင့်ပါပြီ။ ရှေ့ဆက်ရမယ့် ချစ်ခရီးလမ်းမှာ ပန်းတွေဝေနေပါတယ်။

ယတြာ ။     ။ ဘေးဘယာကင်းဝေးအောင် နွမ်းပါးသူတစ်ဦးကို ဘယာကြော်ဒါနပြုလိုက်ပါ။ အချစ်ဆုံးသူငယ်ချင်း ၃ယောက်ကို mention ခေါ်လိုက်ပါ။

၁၁။ ကုံရာသီဖွား (Aquarius)

ဇန်နဝါရီလ (၂ဝ) ရက် မှ ဖေဖော်ဝါရီ(၁၈) တွင်းမွေးဖွားသူများ

အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ရောထွေးနေပြီး အောင်မြင်သင့်သလောက် မအောင်မြင်ဘူး ဖြစ်နေတတ်တယ်။ အလုပ်ကို ဦးစားပေးကြိုးစားပါ။ အောင်မြင်မှုက သင်နဲ့ နီးနီးလေးနဲ့ဝေးနေတာပါ။ သင့်နားလေးက အခွင့်အလမ်းတွေကို မြင်အောင်ကြည့်ပြီး ရအောင်ဆုပ်ကိုင်ပါ။ ကိုယ့်ကို နာကျင်စေခဲ့တဲ့သူကို မမေ့နိုင်ဖြစ်နေမယ့်အစား ဘဝရဲ့ ပျော်ရွှင်စရာတွေကို အချိန်ယူပြီး ဖန်တီးလိုက်ပါ။ သိပ်မကြာခင်ကာလအတွင်းမှာ သင့်ဖူးစာရှင်က သင့်ဘဝထဲကို ရောက်လာကိန်းရှိပါတယ်။

ယတြာ ။     ။ ခိုစာကျွေးရင်း လိုရာဆုတောင်းပါ။ နာမည်မှာ “အ”ပါတဲ့ သူငယ်ချင်း ၃ယောက်ကို tag တွဲပြီး ဤစာစောင်ကို Share လိုက်ပါ။

၁၂။ မိန်ရာသီဖွား (Pisces )

ဖေဖော်ဝါရီလ (၁၉) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

သင့်ရဲ့ စိတ်သဘောထားကောင်းမွန်မှုကို ပြသခွင့်ရရှိမယ့် အချိန်တစ်ခုပါ။ အရင်က မပြီးပြတ်သေးတဲ့အလုပ်တွေ ပြီးပြတ်မယ်။ လုပ်ငန်းသစ်တွေအများကြီး လုပ်ခွင့်ရမယ်။ သင့်အောင်မြင်မှုက သင့်ရဲ့ ဉာဏ်ပညာပေါ်မှာ မူတည်နေပါတယ်။ သူငယ်ချင်းတွေကြား သွေးထိုးတာတွေရှိလာတတ်တယ်။ အပျော်ခရီးထွက်ရကိန်းရှိတယ်။ လိုချင်နေတဲ့ အချစ်စစ်တွေ ပိုင်ဆိုင်ရရှိဖို့ သိပ်မဝေးတော့တဲ့ ကာလတစ်ခုပါ။

ယတြာ ။     ။ ဘုရားမှာ အောင်သပြေပန်းလှူပေးပါ။ ချစ်ခင်ရသူတွေအတွက် ဒီဗေဒင်စာစောင်လေးကို SHARE လိုက်ပါ။