ကင်ဆာအတွက်ဆေးကုသမခံယူဘဲ ဘဝနေဝင်ချိန်တွေကို ခရီးထွက်ရင်း ကုန်ဆုံးစေခဲ့သော အဘွားအို

နော်မာ (Norma) လို့ခေါ်တဲ့ အသက် (၉ဝ) အရွယ် အဖွားအိုတစ်ဦးဟာ သူမမှာသားအိမ်ကင်ဆာဖြစ်နေကြောင်းကို ၂ဝ၁၅ ခုနှစ် ဇူလိုင်လမှာ ဆေးစစ်တွေ့ရှိခဲ့ပါတယ်။ ဆရာဝန်တွေက ဆေးကုသဖို့၊ ဓာတ်ကင်ဖို့၊ ခွဲစိတ်ကုသမှုခံယူဖို့စသဖြင့် ပြောခဲ့ကြပေမယ့် အဖွားအိုကတော့ သူမဘဝရဲ့ နေဝင်ဆည်းဆာချိန်ကို ဆေးကုခံပြီး အချိန်အကုန်ခံမည် မဟုတ်ကြောင်း၊ အနှစ်(၉ဝ) ကိုဖြတ်သန်းခဲ့ပြီးဖြစ်တဲ့အတွက် ဆေးကုသမှုခံယူဖို့မလိုတော့ကြောင်းပြောခဲ့ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အဲဒီနောက်မှာတော့ သူမနဲ့ သူမရဲ့ချွေးမဟာ မြို့အနှံ့ခရီးထွက်ကြဖို့ တိုင်ပင်ခဲ့ကြပါတယ်။ သူမရဲ့သားက သူမသက်တောင့်သက်သာရှိစေဖို့အတွက် သူမရဲ့နေအိမ်ကိုရောင်းချပြီး (၃၆)မီတာရှည်တဲ့ အိမ်ပုံစံဇိမ်ခံကားတစ်စီးကို ဝယ်ပေးခဲ့ပါတယ်။ သူတို့အားလုံးဟာ ၂ဝ၁၅ သြဂုတ်လမှာ စတင်ပြီး အမေရိကတစ်ခွင်ကို ခြေဆန့်ခဲ့ကြပါတယ်။ သူမတို့ရဲ့ခရီးစဉ်အကြောင်းတွေကိုလည်း အဖွားအိုရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အစအဆုံးတင်ခဲ့ပါတယ်။

အဘွားအိုရဲ့ချွေးမဖြစ်သူ ရေမီ (Ramie ) က “အမေ့ကိုတစ်ခါမှ အဲဒီလောက်ပျော်ရွှင်တက်ကြွနေတာ မတွေ့ခဲ့ဖူးပါဘူး။ သူမဟာ ရောဂါလက္ခဏာတွေပြပြီး နာကျင်ခဲ့တဲ့အခါမှာတောင် စိတ်ဓာတ်မကျခဲ့ပါဘူး။ သူမမျက်လုံးထဲမှာမြင်နေခဲ့ရတဲ့ တက်ကြွမှုတွေကြောင့်ပဲ ကျွန်မတို့အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ ခရီးဆက်နိုင်ခဲ့တာပါ” လို့ သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာတင်ခဲ့ပါတယ်။

နော်မာနဲ့သူမရဲ့မိသားစုဟာ ရရှ်မော်ရ်တောင်(Mount Rushmore), Yellowstone National Park နဲ့ Grand Canyon တို့ကို လည်ပတ်ခဲ့ကြပါတယ်။

နော်မာက သူမရဲ့ချွေးမနဲ့သားကြောင့်သာ သူမဘဝရဲ့နောက်ဆုံးခရီးစဉ်ကို သက်တောင့်သက်သာနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ခဲ့တယ်လို့ဆိုခဲ့ပါတယ်။

ပရိသတ်ကြီးရော… သေချင်းတရားဆိုတာ ကိုယ့်ဆီရောက်လာခဲ့ရင် နောက်ဆုံးလုပ်ချင်တဲ့ အလုပ်ကဘာဖြစ်မလဲ။ အကယ်၍ ဘဝနေမဝင်ခင်တစ်နေရာကို လည်ပတ်ခွင့်ရမယ်ဆိုရင် ဘယ်နေရာကိုရွေးချယ်ဖြစ်မလဲ comment box မှာ မျှဝေပေးခဲ့ပါဦး။